ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသော အမှု ၂ခု နောက်ဆုံးလျှောက်လဲချက်ပေးရန်နှင့် အမိန့်ချရန်သာကျန်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသော အမှု ၁၁မှုရှိသည့်အနက် အမှုနှစ်ခုကို နောက်ဆုံးလျှေက်လဲချက်ပေးရန်နှင့် အမိန့်ချရန်သာကျန်ရှိတော့သည်။ယင်းအမှုနှစ်ခုမှာ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈နှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ အမှုနှစ်မှုဖြစ်သည်။

ယနေ့ (နိုဝင်ဘာ ၁၅)ရက် ရုံးထုတ်စစ်ဆေးမှုတွင် ဇဗ္ဗူသီရိ​မြို့နယ် အထူးတရားရုံးတရားသူကြီးက ယင်းအမှုနှင့်ပတ်သက်၍ ခံပြသက်သေထပ်မံတင်သွင်းရန် ရှိသလားဟုမေးမြန်းရာ စွပ်စွဲခံရသူဘက်က မရှိတော့ကြောင်း ပြန်လည်လျှောက်ထားခဲ့သည်။ထို့နောက် ယင်းအမှုနှစ်ခုအတွက် ယနေ့ရုံးချိန်းတွင် မှုခင်းစီမံခန့်ခွဲမှုအစည်းအဝေး(CMP)အစည်းအဝေးပြုလုပ်ခဲ့သည်။

ယင်းအစည်းအဝေးဆုံးဖြတ်ချက်အရ အမှုနှစ်ခုစလုံးအား ဒီဇင်ဘာ ၆ ရက်တွင် အပြီးသတ်လျှောက်လဲချက် ပြုလုပ်ပြီးနောက် အမိန့်ချမှတ်သွားတော့မည်ဖြစ်သည်။

ယနေ့ရုံးချိန်တွင် အပတ်စဥ်ပုံမှန်စစ်ဆေးလျက်ရှိသည့် နိုင်ငံတော်သမ္မတဥိးဝင်မြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို စွဲဆိုထားသော သဘာဝဘေး အမှုအတွက် မစစ်ဆေးဖြစ်ဘဲ လာမည့်အပတ် တနင်္လာနေ့သို့ ပြန်လည်ချိန်းဆိုထားသည်။အသက် ၇၆ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အမှု ၁၁ ဖြင့်တရားစွဲဆိုထားရာ ပို့ကုန်သွင်းကုန်နှင့် ဆက်သွယ်ရေး ပုဒ်မ အမှုနှစ်ကို ကနဦး အပြီးသတ်အမိန့်ချမှတ် သွားမည်ဖြစ်သည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s