မင်းကင်းတွင် စစ်​ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရ၊ ၁၀ ဦးထက်မနည်း ​သေဆုံး

စစ်ကိုင်းတိုင်း က​လေးခရိုင် မင်းကင်းမြို့နယ်မှာ နိုဝင်ဘာ ၁၅ ရက် မနက်ပိုင်းက စစ်​ကောင်စီတပ်ဖွဲ့ကို ​ဒေသခံ PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒီ​နေ့မနက်ပိုင်း ၁၀ နာရီ​လောက် စစ်​ကောင်စီတပ်ဖွဲ့​တွေ ​ကျောက်ခဲတက်​ကျေးရွာဘက်က​နေ လမ်းမကြီးအတိုင်းမဟုတ်ဘဲ လမ်းကြိုလမ်း ကြား​တွေ​နေ ချီတက်လာစဉ် အသင့်​ထောင်ထားတဲ့ မိုင်း နဲ့ဆွဲ တိုက်ခိုက်ခဲ့တာလို့ ​PDF ​ခေါင်း​ဆောင်က ​ပြောပါတယ်။ 

မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် စစ်​ကောင်စီတပ်ဖွဲ့ဝင်​တွေ ဝရုန်းသုန်းကားဖြစ်ပြီး ​နောက်ပြန်ဆုတ်​ပြေးကြစဥ် ​ဒေသခံ PDF အဖွဲ့က လိုက်လံပစ်ခတ်တာတွေ ပြုလုပ်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း ကျဆုံးနိုင်တယ်လို့ ဆိုပါတယ်။ 

စစ်​ကောင်စီတပ်ဖွဲ့ဝင်​တွေဟေ စစ်ယူနီ​ဖောင်း​တွေဝတ်ဆင်ပြီး လာတာမဟုတ်ဘဲ အားကစား ​ဘောင်းဘီပုံစံ​တွေ ဝတ်ဆင်လာကြကာ အင် အား ၈၀ ဝန်းကျင်လောက် ရှိတယ်လို့ သိရပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s