မအူပင်မြို့နယ်၌ အန်အယ်လ်ဒီ ပါတီဝင်များကို စစ်ကောင်စီက ဖမ်းဆီး ဒဏ်ငွေ ၅၀,၀၀၀ ရိုက်

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်ကျေးရွာတချို့မှာ  အန်အယ်လ်ဒီ ပါတီဝင်ထားသူတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ဒဏ်ငွေ ၅၀၀၀၀ ဒဏ်ရိုက်နေတယ်လို့  ဒေသခံတွေထံက သိရပါတယ်။ 

အောင်ဟိတ်ကျေးရွာနဲ့ ကျွဲဂတ်ကျေးရွာက ဒေသခံပြည်သူတွေကို စစ်ကောင်စီတပ်သားတွေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေပေါင်းပြီး နိုဝင် ဘာလ ဒုတိယပတ်လောက်က စတင်ကာ ရွာထဲက လူငယ် ၈ ဦးလောက်ကို ဖမ်းပြီး အန်အယ်လ်ဒီ ပါတီဝင်ထားသူလို့ စွပ်စွဲကာ ဒဏ်ရိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ 

“ကျေးရွာအုပ်ချုပ်ရေးမှူးတွေက အသစ်တွေ ပါဝါပြချင်တာလည်း ပါမှာပေါ့။ အဲဒီနှစ်ရွာမှာ လုပ်ချင်တိုင်း လုပ်နေတာ။ အရင်ဆုံး ပါတီဝင်လို့ဆိုပြီးဖမ်းတာ။ ပြီးမှ တစ်ယောက် ငါးသောင်း တောင်းပြီး ပြန်လွှတ်တာ”လို့ ဒေသခံတဦးက ပြောပါတယ်။ 

အန်အယ်လ်ဒီပါတီဝင်ထားလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စွပ်စွဲဖမ်းဆီးခံခဲ့ရတဲ့ လူငယ် ၈ ဦးကို ငွေ ၅၀,၀၀၀ စီတောင်းပြီး နိုဝင်ဘာလ ၁၄ ရက်နေ့က ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

မအူပင်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေနဲ့ စစ်ကောင်စီဩဇာခံ ရဲတွေ ပူးပေါင်းကာ ဒေသခံပြည်သူတွေကို လမ်းသွားလို့ ဖိနပ်မပါရင် ဒဏ်ရိုက်တာတွေ လမ်းပြောင်းပြန်လျှောက်ရင် ဒဏ်ရိုက်တာတွေစတဲ့ ဖိနှိပ်မှုမျိုးစုံနဲ့ ဒေသခံပြည်သူတွေကို ဉပဒေမဲ့ အနိုင်ကျင့်နေတယ်လို့ သိရပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s