မောင်တောမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ၃ ရက်အတွင်း တိုက်ပွဲများတွင် စစ်ကောင် စီဘက်မှ ၁၀ ဦးထက်မနည်းသေဆုံးဟု ARSA ထုတ်ပြန်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် အာရ်ကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA) ကြား နိုဝင် ဘာလ ၇ ရက်၊ ၉ ရက်နှင့် ၁၁ ရက်များတွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ၁၀ ဦးထက်မနည်းသေဆုံးကာ ARSA ဘက်မှ ၁ ဦးသေ ဆုံး၊ ၁ ဦး ဒဏ်ရာရကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၇ ရက်တွင် လှိုင်သီကျေးရွာအနီး၌ ARSA တပ်ဖွဲ့ဝင်အချို့သည် စစ်ကောင်စီလှည့်ကင်းတပ်နှင့် ထိပ်တိုက်တွေ့ဆုံခဲ့ပြီး အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၄ ဦးသေဆုံးကာ ARSA တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးကာ၊ ၁ ဦး ဒဏ်ရာရကြောင်း ARSA အဖွဲ့က သတင်းထုတ်ပြန် သည်။

နိုဝင်ဘာလ ၉ ရက် နံနက် ၁၀ နာရီမှ ၁၁ နာရီအတွင်း တမန်းသားနှင့် ရေနောက်ငါးသားကျေးရွာကြား ARSA စခန်းအား စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ ARSA က ပြန်လည်ခုခံတိုက်ထုတ်နိုင်ခဲ့ကြောင်း၊ ARSA တပ်စခန်းမှ အဆောက်အဦး ၂ ခု ပျက်စီးသွားကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အကျအဆုံးများဖြင့် ဆုတ်ခွာသွားပြီး ထိခိုက်သေဆုံးမှုအား အတည်မပြုနိုင်ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၁၁ ရက်တွင် ငါးရံ့ချောင်းကျေးရွာအနီး တောင်ကုန်းများတွင် ကင်းလှည့်နေသော အင်အား ၈၀ ခန့်ရှိသည့် စစ်ကောင်စီတပ်နှင့် ARSA အဖွဲ့တို့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွားရာ စစ်ကောင်စီတပ်မှ ၆ ဦးထက်မနည်းသေဆုံးကာ အများအပြား ဒဏ်ရာရကြောင်း ARSA အဖွဲ့က ယနေ့ သတင်းထုတ်ပြန်သည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s