ရန်ကုန်နှင့်မန္တလေးတွင် ပစ်ခတ်တိုက်ခိုက်မှုများဖြစ်၊ ကချင်နှင့်ကရင်တွင် စစ်ကောင်စီတပ်များ အလွန်အထိနာ၊ နိုင်ငံတစ်ဝန်း စစ် သား ၅၈ ဦးသေဆုံး

ရန်ကုန်နှင့်မန္တလေးတွင် ယနေ့ ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပေါ်ကြောင်း သိရှိရသည်။ စစ်ကောင်စီတပ်များသည် ကချင်နှင့်ကရင်ပြည်နယ်တွင်း အလွန်အထိနာနေပြီးစခန်း လက်လွတ်ဆုံးရှုံးရမှုများနှင့် အသေအပျောက်များလျက်ရှိကြောင်း၊ နိုင်ငံတစ်ဝန်း စစ်သား ၅၈ ဦးသေဆုံးသည့်စာရင်းကို ရန်ကုန်ခေတ်သစ်က ယနေ့ ရရှိထားသည်။

ဖားကန့်တွင် တပ်စခန်းတစ်ခုကို သိမ်းပိုက်

===============================

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ နမ်ဂျန်ဒေသမှ စစ်ကောင်စီ၏ အောင်လဲန် (Aung Len) တပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ်(KIA) မှ သိမ်းပိုက်ခဲ့ကြောင်း KIA ဒေသသတင်းရင်းမြစ်က အတည်ပြု ထုတ်ပြန်သည်။ ယနေ့နံနက်တွင် ကချင်လွတ်မြောက်ရေးတပ် (KIA)တပ်ဖွဲ့ဝင်များက နမ်ဂျန်ဒေသတစ်လျောက်ရှိ နမ်ဂျန် (Nam Jan)၊ အောင်လဲန်(Aung Len)နှင့် ဆိုင်းရာ(Seng Ra)ရှိ စစ်ကောင်စီ၏ တပ်စခန်း သုံးခုကို သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အောင်လဲန်စခန်းကို သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း၊ စခန်း တစ်ခုလျှင် အင်အား ၃၀ ရှိပြီး စခန်း ၃ ခုပေါင်း ၁၀၀ နီးပါးရှိနိုင်ကြောင်း ၊ တိုက်ပွဲဖြစ်ပွားချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက တိုက်ပွဲဖြစ်ပွားရာ ဒေသများသို့ လေယာဉ်ဖြင့် လာရောက်ပစ်ကူခြင်းများ ၊ ဖားကန့်ဗျူဟာကုန်းနှင့် ကံဆီးဗျူဟာကုန်းမှ လက်နက်ကြီးများ ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

KNU တပ်မဟာ ၅ နယ်မြေတွင် တစ်ရက်တည်း စစ်ကောင်စီဘက်တော်သား ၃၁ ဦးသေဆုံး =======================================================================

ကရင်ပြည်နယ် ဖာပွန်ခရိုင်တပ်မဟာ ၅ နယ်မြေရှိ ဝါသိုးခိုနှင့် ဘောကျို့ထဒေသတွင် စစ်ကောင်စီနှင့် BGF တပ်ဖွဲ့များ နိုဝင်ဘာလ ၁၃ ရက်နေ့တစ်ရက်တည်း တိုက်ခိုက်ခံရပြီး ၃၁ ဦးသေဆုံးကြောင်း Salween Press က သတင်းဖော်ပြသည်။ နိုဝင်ဘာလ ၁၃ ရက်နေ့ နေ့လယ် ၁၂ နာရီ ၅၀ မိနစ်အချိန် BGF တပ်ဖွဲ့ဝင်များ ဝါသိုးခိုအထက်နားအရောက် KNLA အမှတ် ၅ တပ်ဖွဲ့ဝင်များကမိုင်းဆွဲတိုက်ခိုက်သဖြင့် BGF တပ်ဖွဲ့ဝင် ၁၄ ဦးပွဲချင်းသေဆုံးပြီး Vigo အဖြူရောင် Truck ကားတစ်စီးလည်းတိမ်းမှောက်သွားကြောင်း၊ ဝါသိုးခိုတိုက်ပွဲမှာ ဒဏ်ရာရရှိသည့် နှစ်ဦး မြိုင်ကြီးငူဆေးရုံကိုပြန်ပို့ပြီးနောက် သေဆုံးသွားခဲ့ကြောင်း ၊နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေ ၃ နာရီကျော်တွင်လည်း ဘောကျို့ထတံတားထိပ်မှာတက်လာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် BGF တပ်ဖွဲ့တို့ကို KNLA တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီနှင့် BGF ပူးပေါင်းတပ်ဖွဲ့ ၁၅ ယောက်သေဆုံးကြောင်း သိရှိရသည်။

ကျွန်းလှတွင် စစ်သား ၁၈ ဦး ထိခိုက်

==============================

နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေ ၅ နာရီ ၄၇ မိနစ်အချိန် စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ မော်ကယ် ရေနံမှော်ဘက်သို့ စစ်ကောင်စီတပ်သား ၂၀၀ ခန့် စစ်ကြောင်း ထိုးလာသဖြင့် ပြည်သူ့ကာကွယ်ရေးတပ် (ကန့်ဘလူ)က မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၈ ဦးထက်မနည်းထိခိုက်ခဲ့ကြောင်း သိရှိရသည်။

ရေဦးတွင် စစ်ကောင်စီတပ်သား ၂၀ ဦးသေဆုံ

း=================================

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် ညောင်လယ်တံတားနားတွင် ညောင်လည်ရွာနား သရက်ခြံထဲမှ အကြမ်းဖက်စစ်ကောင်စီတပ်များက လက်နက် ကြီး ဖြင့် စတင်ပစ်ခတ်ခဲ့သဖြင့် PDF ပူးပေါင်းတပ်ဖွဲ့က ပြန်လည်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂၀ ဦးသေဆုံးကြောင်း ဒေသခံကာ ကွယ်ရေးတပ်က သတင်းထုတ်ပြန်သည်။ ရေဦး ပကဖ၊ ဒီပဲယင်း PDF နှင့် MDF ဒီပဲယင်း၊ ဝေဟင်သိန်းငှက် အဖွဲ့ တို့ မှ အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်များအား ရှော့ဂန်းနှင့် မိုင်းဆွဲခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်မှ ၂၀ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ကလေးမြို့တွင် စစ်သား ၁ ဦးသေဆုံး

==============================

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ တာဟန်းရပ်ကွက်၊ ‌ဝယ်စလီဆေးရုံလမ်းကြားရှိ စစ်သားများ စခန်းချနေထိုင်သည့်အိမ်ကို ယနေ့ ဗုံးပစ်တိုက် ခိုက်မှု ဖြစ်ပွားပြီး နေအိမ်အပေါ်ထပ်ရှိအကြမ်းဖက်စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

မုံရွာတွင် စစ်သား ၂ ဦးသေဆုံး၊ စစ်တပ်က ပစ်ခတ်၍ ပြည်သူ ၂ ဦးသေဆုံး

=========================================================

မုံရွာနှင့်မန္တလေလမ်းပိုင်း မုံရွေးနှင့်မြေနဲတွင်ဖြတ်သန်းသွားလာနေသော စစ်ကောင်စီတပ်၏ စစ်ကား ၃ စင်းကို Monywa Ranger Group နှင့် Chindwin Attack Force ခရိုင် တပ်ရင်း (၂) တို့ ပူးပေါင်း၍ ယနေ့နိုဝင်ဘာ ၁၄ ရက်နေ့ နံနက် ၁၀နာရီ၃၄ မိနစ်အချိန် မိုင်းများဖြင့်ဖောက်ခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး စစ်သားများ၏ စက်သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လမ်းဘေးရှိပြည်သူနှစ်ဦး ထိခိုက်သေ ဆုံးခဲ့ရကြောင်း Monywa Ranger Group အဖွဲ့အား Chindwin Attack Force ခရိုင် တပ်ရင်း(တပ်ရင်း၂)က သတင်းထုတ်ပြန်သည်။

ဘုတလင်တွင် စစ်သား ၂ ဦးသေဆုံး

=============================

ဘုတလင်မြို့နယ်အတွင်း နယ်မြေရှင်းလင်းလေး လုပ်ဆောင်သည်ဟုဆိုကာ ကျေးရွာတွေကို လိုက်လံဖျက်ဆီးနေသည့် စစ်အုပ်စု မိုင်းဆွဲခံရပြီး စစ်သား ၂ ဦးသေဆုံးကြောင်း၊ နိုဝင်ဘာလ ၁၄ရက်နေ့ နေ့လည် ၁၂နာရီခန့်မှာ ကူကော်ကျေးရွာမှာ မောင်းထောင်ကျေးရွာဘက်ကို စစ်ကား ၂စီး၊ ဆိုင်ကယ် ၂စီးနဲ့ ဝင်ရောက်လာသည့် အကြမ်းဖက်စစ်အုပ်စုကို ဘုတလင် PDFတစ်ဦးက မိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်မြောက်ဒဂုံရဲစခန်းတွင် ဗုံး ၃ ကြိမ်ပေါက်ပြီး စစ်သား ၂ ဦးသေဆုံး

================================================

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ မြောက်ဒဂုံ ရဲစခန်းတွင် ယမန်နေ့ည ၇ နာရီ ၃၅ မိနစ်တွင် ၃ ကြိမ်ပေါက်ကွဲပြီး စစ်သား ၂ ဦး သေဆုံးကြောင်း ၊ အဆိုပါတိုက်ခိုက်မှုကို SHED နှင့် R.G.A ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်ခဲ့ကြောင်း အဆိုပါအဖွဲ့များက ယနေ့ သတင်းထုတ် ပြန် သည်။ နိုဝင်ဘာလ ၁၃ ရက်နေ့ ညပိုင်းတွင် မြေအောက်စစ်ဆင်ရေးအနေဖြင့် မြောက်ဒဂုံမြို့နယ် ရဲစခန်းအနီးတွင် ဖောက်ခွဲမှု ၃ ကြိမ် လုပ် ဆောင်ခဲ့ကြောင်း၊ ထိုဖြစ်စဉ်တွင် စစ်သား ၂ ဦးသေဆုံးပြီး တစ်ဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း၊ တော်လှန်ရေး တပ်သားများအ နေဖြင့် အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းတွင် ယမန်နေ့ ည ၇ နာရီ ၄၅ မိနစ်အချိန် ဗုံး ၃ ဆင့်ပေါက်ကွဲပြီး စစ်ကောင်စီတပ်များက ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း ၊ ယမန်နေ့ ည ၈ နာရီ ဝန်းကျင်အချိန် မြောက်ဥက္ကလာပမြို့နယ် ကန်သာယာလမ်းဆုံ နှင့် (ဋ) ရပ်ကွက် အုပ်ကြီးရုံး ကြိုးတံတား အနီး ဗုံးများ ပေါက်ကွဲကြောင်း ဒေသခံများထံမှ သိရှိရသည်။ယနေ့ နံနက်ပိုင်းတွင် မြောက်ဥက္ကာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်များက လမ်းများပိတ်၍ ပြည်သူများ ရိုက်နှက်စစ်ဆေးမှုများလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ရန်ကုန်တွင် ဗုံးများပေါက်ကွဲ

=======================

ရန်ကုန်တွင် နိုဝင်ဘာလ ၁၄ ရက်နေ့ ညနေပိုင်း ဗုံးများပေါက်ကွဲပြီး မြန်မာပလာဇာအနီး စစ်တပ်လုံခြုံရေးကင်းတွင် ၂ ကြိမ်၊ ရွှေတိဂုံဘုရားအနီး စစ်တပ်တပ်စွဲသည့်နေရာတွင် ၁ ကြိမ်၊ တက္ကသိုလ်ရိပ်သားလမ်း စစ်တပ်ကင်းလှည့်ရာ နေရာတွင် တစ်ကြိမ် ဖောက်ခွဲခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်များထံမှ သိရှိရသည်။ နိုဝင်ဘာလ ၁၄ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် ရန်ကုန်မြို့ မြန်မာပလာဇာအနီး ကန်ဘောင်ဘက်ခြမ်း၌ ဗမာ့ဇာမဏီအဖွဲ့ Burma Phoenix Organization – BPO နှင့် Yangon Detonation Unit အဖွဲ့တို့ ပူးပေါင်းစစ်ဆင်ရေး တစ်ရပ်အနေဖြင့် အဝေးထိန်းမိုင်းနှစ်လုံး ဖောက်ခွဲခဲ့ကြောင်း၊ ထိုပေါက်ကွဲမှုတွင် အကြမ်းဖက် စစ်ကောင်စီ၏ ရှေ့ပြေးပွိုင့်မှ တပ်သားနှစ်ဦး ပြင်းထန်ဒဏ်ရာ ရခဲ့ပြီး အသက်သေဆုံးခြင်း ရှိမရှိ အတည်မပြုနိုင်သေးကြောင်း ထုတ်ပြန်ထားသည်။

မန္တလေးတွင် ရဲစခန်းကို ဗုံးဖြင့် ပစ်တိုက်ခိုက်

=============================

မန္တလေးမြို့ပေါ်တွင် Rangers of Mandalayနန်းရှေ့ အမှတ် (၁) ရဲစခန်းကို ယနေ့ညနေပိုင်း ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ဗုံးပေါက်ကွဲခြင်းမရှိဘဲ ကင်းစောင့်နေသည့်ရဲကိုထိပြီး ရဲနဖူးကွဲသွားကြောင်း သိရှိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s