ရန်ကုန်သန်လျင်တံတားအဆင်း စစ်တပ်ဂိတ်စခန်းနှင့် တိုင်းရင်းသားကျေးရွာအနီး မီးပွိုင့်ကို PDF က ပစ်ခတ် တိုက်ခိုက်၊ စစ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ သန်လျင်တံတားအဆင်းရှိ အကြမ်းဖက်စစ်ကောင်စီ ကင်းစခန်းများကို ယနေ့ နိုဝင်ဘာလ ၁၅ ရက် နံနက် ၁၁ နာရီဝန်းကျင်တွင် ပြည်သူ့တော်လှန်ရေးတပ်သားများက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ ဦးခန့် ကျည်ဆံထိမှန်ကာ ၃ ဦးမှာ ပွဲချင်းပြီး သေဆုံးကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

အလားတူ တိုင်းရင်းသားကျေးရွာအနီး မီးပွိုင့်ရှိ ငွေကြေးတောင်းခံကာ ပြည်သူလူထုကို အနှောင့်အယှက်ပေးနေသော ယာဉ်ထိန်းရဲများကိုလည်း တစ်ပြိုင်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ယာဉ်ထိန်းရဲ ၃ ဦး ထိမှန်ခဲ့ပြီး ၂ ဦး သေဆုံးနိုင်ဖွယ် ရှိကြောင်း သိရှိရသည်။

ပျံလွှားအောင် စစ် ဆင်ရေးစီမံချက်ဖြင့် အကြမ်းဖက်စစ်တပ်ကို တော်လှန်တိုက်ခိုက်လျက်ရှိရာ အကြမ်းဖက်စစ်တပ်၏ ရမ်းကားပစ်ခတ်မှုနှင့် စိတ်ထင်ရာ ဖမ်း ဆီးနှိပ်စက်မှုများရှိနိုင်တာကြောင့် ပြည်သူများ သတိရှိရှိဖြင့် နေထိုင်သွားလာ လှုပ်ရှားကြပါရန် ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ် ကဲရေးအဖွဲ့က သ တိပေးထုတ်ပြန်ထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s