ရန်ကုန်၊ ကြည့်မြင်တိုင်၊ ဗဟန်း မရမ်းကုန်းနှင့်သင်္ဃန်းကျွန်းတို့တွင် ယနေ့ နံနက်အစော ဗုံးများပေါက်ကွဲ

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ မရမ်းကုန်းမြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ်တို့တွင် ယနေ့ နံနက်အစောပိုင်း ဗုံးများပေါက်ကွဲကြောင်း ဒေ သခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

စစ်ကောင်စီတပ်များ လုံခြုံရေးချထားသော ကြည့်မြင်တိုင်မြို့နယ်၊ အမှတ် ၅ အခြေခံပညာအထက်တန်းကျောင်းအနီး ယနေ့ နံနက် ၅ နာရီ ၄၈ မိနစ်တွင် ဗုံးပေါက်ကွဲကြောင်း၊ အသံအလွန်ကျယ်လောင်ပြီး စစ်ကောင်စီတပ်များ ရောက်ရှိလာကာ လမ်းများပိတ်၍ မပေါက်ကွဲသေးသော ဗုံးရှိသည်ဆိုသော သတင်းအရ ရှာဖွေမှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

အလားတူ မရမ်းကုန်းမြို့နယ်၊ ၆ ရပ်ကွက်တွင်လည်း နံနက် ၆ နာရီ ၁၅ မိနစ်တစ်ကြိမ်၊ နံနက် ၆ နာရီ ၂၅ မိနစ်တွင်တစ်ကြိမ် ဗုံးများပေါက်ကွဲကြောင်း သိရှိရသည်။ “ပေါက်ကွဲတဲ့ နှစ်ကြိမ်စလုံးက အိမ်ပါတုန်တာ။ ဘယ်နားမှာပေါက်လဲတော့ မပြောတတ်ဘူး။ တစ်လုံးပြီးတော့ ၁၀ မိနစ်ခြား နောက်တစ်လုံးထပ်ပေါက်တယ်။ အဲဒီနားပတ်ဝန်းကျင်ပဲ။ လူထိခိုက်မှုရှိ မရှိလည်း မသိရသေးဘူး” ဟု မရမ်းကုန်းမြို့နယ် ၆ ရပ်ကွက်သားတစ်ဦးက ပြောသည်။

အလားတူ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်အနီးတွင်လည်း နံနက် ၆ နာရီဝန်းကျင်တွင် ဗုံးပေါက်ကွဲကြောင်း ၊ စစ်တပ်နှင့်ရဲရောက်ရှိလာပြီး ပိတ်ဆို့ရှာဖွေမှုများလုပ်ဆောင်ကြောင်း ဒေသခံများက ပြောဆိုသည်။ အလားတူ ဗဟန်းမြို့နယ်တွင်လည်း နံနက် ၈ နာရီ ၁၇ မိနစ်တွင် ဗုံးပေါက်ကွဲသံများကြားရကြောင်း ဒေသခံများက ပြောဆိုကြသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s