KIA က စစ်ကောင်စီစခန်းများကို တစ်ခုပြီး တစ်ခု ဆက်တိုက်သိမ်းနေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နမ့်ဂျန်ရွာအနီးတွင် နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေ ၄ နာရီ ၄၀ မိနစ်အချိန် KIA တပ်မဟာ ၉ အထူးတပ်ဖွဲ့က စစ်ကောင်စီ၏ ဂါးခရေန် တပ်စခန်းကို အပြီးသတ် ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရှိရသည်။

ယမန်နေ့တွင် စစ်ကောင်စီ တပ်စခန်း ၂ ခုအား KIA ကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးဖြစ်ကာ ယခုစခန်းသည် တတိယမြောက် သိမ်းပိုက်ရရှိသော စခန်းဖြစ်ကြောင်း သိရှိရသည်။

“ညနေ ၅ နာရီ ဖားကန့်ဗျူဟာကုန်းကနေ လက်နက်ကြီးတွေ ပစ်တယ်။ သေ နတ်သံတွေလည်း ဆူညံနေတာပဲ။ မနက်ပိုင်းမှာ လေယာဉ်တွေ လာသေးတယ်။ ပစ်တော့ မပစ်ဘူးပြောတယ်။ ပြည်သူတွေကတော့ KIA နဲ့ PDF အောင်ပွဲဆင်ဖို့ ပဲ ဆုတောင်းတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ပြောဆိုသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s