Monthly Archives: Nov 2021

စစ်ကောင်စီတပ်သား အလောင်းနှင့် လက်နက်များ သိမ်းဆည်းရမိဟု ကိုးကန့် MNDAA သ တင်းထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကိုးကန့်တပ်မတော်MNDAA က စစ်ကောင်စီတပ်သား အ လောင်း နှင့်လက်နက်များကို သိမ်းဆည်းရမိကြောင်း MNDAA ၏ ပြန် ကြားရေး The KoKang က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ ၁၅ ရက်နေ့ ကိုးကန့်တပ်များက စစ် မြေပြင်ကို သိမ်းပိုက်ပြီးနောက် နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာ တပ်မ ၉၉ က စွန့်ပစ်ထားသော စစ်သား၏ ရုပ်အလောင်း တွေ့ရှိရကြောင်း ၊ စစ်သား၏ ရုပ်အလောင်းကို စစ်တပ် ကျန်းမာရေး ဌာနမှ ထုတ် ပေးသည့် ကာကွယ် ဆေးထိုးထားသော လက်မှတ်ကိုလည်း တစ်ပါတည်း တွေ့ရကြောင်း၊ အောက်တို ဘာ ၁၉ ရက်နေ့ကလည်း စစ်ကောင်စီတပ်၏ လက်နက်များကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ khit thit

NUGငွေတိုက်စာချုပ် နိုဝင်ဘာ ၂၂ ရက် စရောင်းမည်

NUG ၏ ငွေတိုက်စာချုပ် နိုဝင်ဘာ ၂၂ ရက် စရောင်းမည်ဖြစ်ကြောင်း NUG ၏စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ကြေညာ သည်။ငွေတိုက်စာချုပ်များ၏ တန်ဖိုးမှာ လေးမျိုးဖြစ်ပြီး ဒေါ်လာ ၁၀၀၊ ၅၀၀၊၁၀၀၀နှင့် ၅၀၀၀ တန်တို့ဖြစ်ကာ သက်တမ်းမှာ နှစ်နှစ်ဖြစ်သည်။

သက်တမ်းပြည့်ပါက သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လွှဲပြောင်းရောင်းချပိုင်ခွင့်ရှိသည်ဟု NUG ကဆိုသည်။NUG မှ ထုတ်ဝေရောင်းချမည့် ငွေတိုက်စာချုပ်များကို ဝယ်ယူရန် ကမ်းလှမ်းမှုများရှိနေပြီး တစ်ဦးတည်းက ဒေါ်လာ ငါးသိန်းဖိုးအထိဝယ်ယူရန် ကမ်းလှမ်းထားခြင်းများရှိသည်ဟု ပြီးခဲ့သည့်သတင်းစာရှင်းလင်းပွဲတွင် NUG ကပြောကြားထားသည်။

ငွေတိုက်စာချုပ်များ၏သက်တမ်းကို နှစ်နှစ်သတ်မှတ်ထားခြင်းမှာ နွေဦးတော်လှန်ရေးကို နှစ်နှစ်အတွင်းအောင်မြင်မည်ဟု ယုံကြည်ပြီး သံဓိ ဌာန် ချထားခြင်းကြောင့်ဟု NUG ကပြောကြားထားသည်။ mizzima

နိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃၇ ဦး သေဆုံး

မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃၇ ဦး သေဆုံးကြောင်း ရန်ကုန်ခေတ်သစ်က ယနေ့ စာရင်းကောက်ယူရရှိသည်။

ဖားကန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ သေဆုံး

======================================

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နမ့်ဂျန် အောင်လဲန့်ဘက်သို့ စစ်ကူသွားသော စစ်ကောင်စီစစ်ကြောင်းအား ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက် ညနေပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ သေဆုံးဟု ကချင်သတင်းရင် းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။ကေအိုင်အေ အမှတ်(၉)တပ်မဟာ၊ အမှတ်(၆)တပ်ရင်းနယ်မြေ Gaw Lu Yawng နှင့် Hkrai Run ရှိ ဦးကောင်း၏ ကျွန်းပင် စခန်းဟောင်းတွင် ( Hpun pyen dabang) နိုဝင်ဘာလ(၁၆)ရက်နေ့မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်အချိန်ခန့်မှာ အာဏာသိမ်း စစ်ကောင်စီနှင့် ကေအိုင်အေတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယနေ့ နံနက် ၂ အချိန်ခန့် Sum Bwi Bum (Yung Tawng) တွင်လည်းကောင်းတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

KNU တပ်မဟာ ၅ နယ်မြေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၂ ဦးသေဆုံးပြီး ၅၆ ဦး ဒဏ်ရာရ

======================================================================

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၊ BGF ပူးပေါင်းတပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ကြား နိုဝင်ဘာလ ၁၁ ရက်နှင့် ၁၂ ရက်နေ့ တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ တပ်ရင်းမှူး၊ တပ်ခွဲမှူးများအပါအဝင် ၃၂ ဦး သေဆုံးပြီး ၅၆ ဦး ဒဏ်ရာရကြောင်း KNU မူတြော်သတင်းစဉ်မှ ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁ဝဦးသေဆုံး

==================================================

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်ကထွက်ခွာလာသော အကြမ်းဖက် စစ်ကောင်စီ စစ်ကား ၁၈စီးပါ ယာဉ်တန်းကို နိုဝင်ဘာလ ၄ရက်နေ့တွင် ရွှေဘို – မြစ်ကြီးနားလမ်းပိုင်း ခင်ဦး လမ်းဆုံ တောင်ဘက် တစ်နေရာတွင် နေလစကြာနှင့် Shwebo PDF အဖွဲ့က မိုင်းအကြီး၂လုံးဖြင့် ဖောက်ခွဲတိုက် ခိုက်ခဲ့ရာ စစ်ကား ၃စီး ထိခိုက်ပျက်စီးခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀ ဦးကျော် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များထံက သိရသည်။ အလားတူ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ယနေ့ (၁၆၊ ၁၁၊ ၂၀၂၁) ရက်နေ့ နံနက်ပိုင်းတွင် ရွှေဘိုမြို့အခွန်ရုံးနှင့် မြဝတီဘဏ်တွင် လုံခြုံရေးယူနေသည့် ဘန်ကာထဲသို့ ဗုံးပစ်ပေးသွင်းရာ ရဲ ၂ ဦးထိခိုက်ဒဏ်ရာရကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်း ရေဦးမြို့နယ် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ဦးသေဆုံး

==============================================

စစ်ကိုင်းတိုင်း ရေဦးမြို့နယ် တင်းတိမ်ရံ အနောက် မန်ကျည်းနီကျေးရွာအနီးတွင် ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့ နေ့လည် ၂နာရီ ၂ဝ မိနစ်က အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ဦးသေဆုံးကြောင်း ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များထံက သိရသည်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ဝဦးသေဆုံး

==================================================

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း ဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီ ခြေလျင် စစ်ကြောင်းကို ကျောက်စလင်းတောင် အောက်ဘက် မြစ်ကျတံတားအနီးတွင် ဗိုလ်နဂါးဦးဆောင်သည့် ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ရဲဘော်ကိုနေ ဦးဆောင်သောတပ်စုက နိုဝင် ဘာဘ ၁၅ ရက်နေ့ နံနက် ၉နာရီတွင် မိုင်းခွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် အများအပြားသေဆုံးခဲ့ကြောင်း ပုလဲ PDF အဖွဲ့ထံက သိရသည်။

ထို မိုင်းခွဲ တိုက်ခိုက်ခံရသော အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းသည် လမ်းဘေးဝဲယာများကို ပစ်ခတ်ပြီး ဆက်လက်ချီတက်ခဲ့ရာ နေ့လည် ၁၂ နာရီတွင် ကျောက်ပုံကွေ့အနီးအရောက်တွင် ဗိုလ်နဂါး ဦးဆောင်သည့် ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က ဒုတိယအကြိမ်ထပ် မံ မိုင်းခွဲ တိုက်ခိုက်ခံပြီး ထိခိုက်သေဆုံးမှုများရှိကြောင်း ပုလဲ PDF အဖွဲ့ထံက သိရသည်။စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ကန့်ဒေါင့်ရွာအရှေ့ဘက် သရက်ကန်လမ်းခွဲအနီးတွင် နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်တွင် အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၉ဦး သေဆုံးကြောင်း ပုလဲ PDF အဖွဲ့ထံက သိရသည်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း သပြေကုန်းကျေးရွာနှင့် ဦးနှောက်ကျေးရွာအကြားကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ ယာဉ်တန်းကို နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်တွင် ဗိုလ်နဂါးဦးဆောင်သည့် ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၃က မိုင်း ၁၂လုံးဖြင့် တိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးပြီး ကား၅စီး ထိမှန်ပျက် စီးခဲ့ကြောင်း ပုလဲ PDF အဖွဲ့ထံက သိရသည်။

စစ်ကိုင်းတိုင်း ဆားလင်းကြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် အများအပြားသေဆုံး

============================================================

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ကို ထွက်ခွာလာသော အကြမ်းဖက် စစ်ကောင်စီ ယာဉ်တန်းကို ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် Monywa UG Groupနှင့် Triple Two အဖွဲ့က ပဒေသာမိုင်း ၅ဝကျော်ဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကား ၄စီးထိခိုက် ပျက်စီးခဲ့ပြီး အ ကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် အများအပြားထိခိုက်သေဆုံးခဲ့ကြောင်း Monywa UG Groupအဖွဲ့ထံက သိရသည်။ကျောက်စိမ်းများ တင် ဆောင်လာသော တွဲကားများ အပါအဝင် စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အတွင်း ဖြတ်သန်းမောင်းနှင်သည့် စစ်ကောင်စီ ယာဉ်တန်းကို ယနေ့ နိုဝင်ဘာ(၁၆)ရက်တွင် နေရာသုံးနေရာ၌ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ လက်နက်ကိုင် လေးဦးခန့် သေဆုံးကြောင်း ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingiy Special Task Force – SSTF) က ပြောသည်။

ကလေးPDF စခန်း ဝင်စီးခံရပြီး ဆေးတပ်သား အမျိုးသမီးရဲဘော် ၈ ဦး ဖမ်းဆီးခံရ၊ ၃ ဦးကျဆုံး

=======================================================================

ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း-၃၏ စခန်း ၁ ခုအား ယနေ့ နိုဝင်ဘာလ ၁၆ ရက်နံနက်တွင် စစ်ကောင်စီဘက်မှ ထိုးစစ်ဆင် ဝင်ရောက်စီးနင်းသဖြင့် တိုက်ပွဲပြင်းထန်ခဲ့ပြီး ဆေးတပ်ဖွဲ့မှ အမျိုးသမီးရဲဘော် ၈ ဦး ဖမ်းဆီးခံလိုက်ရကြောင်း၊ ၃ ဦး ကျဆုံးကြောင်း Kalay-PDF ထံမှ သိရသည်။

မန္တလေးတိုင်း မိုးကုတ်မြို့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံး

======================================================

မန္တလေးတိုင်း မိုးကုတ်မြို့ ဇုတ်ဆိုင်အနီးတွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များနှင့် ပတ္တမြားမြေ PDF အဖွဲ့တို့ နိုဝင်ဘာ ၁၅ ရက်နေ့ ညနေ ၄ နာရီခန့်၌ တစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးခဲ့ကြောင်း မိုးကုတ်တောတွင်းလူငယ် PDF အဖွဲ့ထံက သိရသည်။

ဧရာဝတီတိုင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁ဝဦး သေဆုံး

========================================

ဧရာဝတီတိုင်း ပုသိမ် – ချောင်းသာကားလမ်း ရှောပြာကျေးရွာအနီးတွင် ချောင်းသာ၌ ဟိုတယ်ဖွင့်ပွဲပြန်လာတဲ့ အကြမ်းဖက်စစ်အုပ်စုက ပြည် ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်နှင့် ဧရာဝတီတိုင်း ဝန်ကြီးချုပ်တို့ လိုက်ပါလာသည့် ယာဉ်တန်းကို နိုဝင်ဘာလ ၁၅ရက်နေ့ ညနေ ၃နာရီ ၄၅မိနစ်တွင် ညီနောင် မဟာမိတ်လေးဖွဲဖြစ်သော Pathein Western Defense Force (PWDF)၊ Beach Defense Force (BDF) ၊မြစ်ဝ ကျွန်းပေါ်ပြောက်ကျားစစ်ဆင်ရေး တပ်ပေါင်းစု (DGWCF) ၊ ဧရာဝတီတောဝက်အဖွဲ့ တို့က ကြားဖြတ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး အပြန်အ လှန် ပစ်ခတ်မှုများဖြစ်ပွားကာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁ဝဦးထက်မနည်းသေဆုံးကြောင်း PWDFအဖွဲ့ထံက သိရသည်။အလားတူ ယနေ့ ည ၇ နာရီ ၄၀ မိနစ်အချိန် ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၄ ရပ်ကွက်မှာရှိသည့် ရေကြောင်းရဲတပ်ဖွဲ့စခန်းကို ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များက ဝင်ပစ်ခတ်ခဲ့ပြီး အသေအပျောက် မသိရှိရသေးကြောင်း ဒေသသတင်းရင်းမြစ်၏ သတင်းဖော်ပြချက်အရ သိရှိရသည်။

မုံရွာမြို့တွင် ဒုအရာခံဗိုလ်တစ်ဦး ပစ်သတ်ခံရ

===================================

စစ်ကိုင်းတိုင်း မုံရွာမြို့ ဘုရားကြီးရပ်ကွက် ရုပ်စုံကျောင်းအနီးတွင် စစ်ကောင်စီတပ်မှ ဒုအရာခံဗိုလ်တစ်ဦး ယနေ့ နံနက် ၁၀ နာရီတွင် ပစ်သတ်ခံလိုက်ရကြောင်း သိရသည်။ဒုအရာခံဗိုလ်ကို အထူး​​ဒေသ​တိုက်ခိုက်​​ရေးတပ်ဖွဲ့(မုံရွာ)က ပစ်သတ်လိုက်ကြောင်း၊ အသတ်ခံရသူ ဒုအရာခံဗိုလ်သည် မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှဖြစ်ပြီး တပ်အတွင်းစတုဒီသာ ကျွေးမွေးရန်အတွက်စျေးဝယ်ထွက်လာခြင်းဖြစ်ကြောင်း၊ စျေးဝယ်ထွက်လာသူ ဒုအရာခံဗိုလ်၂ဦးအနက် ဒုအရာခံဗိုလ်တစ်ဦးကို သေနတ်ဖြင့် ဦး​ခေါင်းတေ့ပစ်ခတ်ခဲ့သည်ဟု အထူး​​ဒေသ​တိုက်ခိုက်​​ရေးတပ်ဖွဲ့(မုံရွာ)က ထုတ်ပြန်သည်။

ရန်ကုန်တွင် ပေါက်ကွဲမှုများဖြစ်

===========================

၂၀၂၁ ခုနှစ်၊ နိုဝင်လာလ (၁၆) ရက်နေ့ ညနေ ၆နာရီ ၂၀မိနစ်ခန့်တွင် ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်၊ ထားဝယ်ချောင်ရဲစခန်း အတွင်း၌ မိမိတို့ ဗမာ့ဇာမဏီအဖွဲ့ Burma Phoenix Organization – BPO နှင့် Yangon Detonation Unit – YDU အဖွဲ့တို့ ပူးပေါင်းစစ်ဆင်ရေးတစ်ရပ်အနေ ဖြင့် ဗုံးတစ်လုံးဖောက်ခွဲခဲ့ရာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများရှိကြောင်း သိရပါသည်။၎င်းနောက် ၆နာရီခွဲခန့်တွင် ထိုစခန်းအတွင်းမှ ထွက်ခွာလာသည့်ယာဉ်တန်းအား အဝေးထိန်းမိုင်းဖြင့် ထပ်မံဖောက်ခွဲခဲ့ရာ ယာဉ်ပေါ်ပါ အကြမ်းဖက်စစ်ကောင်စီ ရဲတပ်သားများ အပြင်းအထန်ဒဏ်ရာရှိခဲ့ကြောင်း သိရှိရသည်။ ယနေ့ ရန်ကုန်တိုင်း ခရမ်းမြို့နယ် လျှပ်စစ်ရုံးတွင်လည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ khit thit

အရာတော်မြို့နယ်တွင် စစ်ကောင်စီကား မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ကျေးရွာမှ ထန်းတောကုန်းဘက်သို့ ထွက်လာသော စစ်ကောင်စီယာဉ်တစ်စီးကို နိုဝင်ဘာလ ၁၆ရက်ညနေ ၄နာရီအချိန်က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း အရာတော်မြို့နယ်တော်လှန်ရေးအင်အားစု (ARA)အဖွဲ့ကပြောသည်။

“နောင်ကြီးအိုင်လမ်းပေါ်မြောက်ပိုင်းကို ဦးတည်ပြီးသွားနေတာဗျ၊ ထိခိုက်တဲ့အခြေအနေကတော့ ဒီကောင်တွေကားကတော်တော်စုတ်ပြတ်သွားတာ၊ မမောင်းနိုင်တော့ဘူး ရပ်ထားရတယ်။ မိုင်း၁၀လုံးခွဲလိုက်တာ”ဟု ARA အဖွဲ့တာဝန်ရှိသူက ပြောသည်။တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရမှု ရှိမရှိကို မသိရသေးကြောင်း ၎င်းက ပြောသည်။

ယင်းအပြင် အရာတော်မြို့နယ် အိုင်လျားဘက်နှင့် နောင်ကြီးအိုင်ရွာမြောက်ပိုင်းတွင်လည်း စစ်ကောင်စီတပ် တစ်စိတ်စာ (၁၀ဦးခန့်)ပါသည့် ခြေလျင်တပ်ကိုလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။ တိုက်ခိုက်မှုကို အရာတော်မြို့နယ်တော်လှန်ရေးအင်အားစု (ARA)မှ ၅၇၇ ပစ်တိုင်းထောင်မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့က လုပ်ဆောင်ခဲ့ကြောင်း ARA ၏ ထုတ်ပြန်ချက်အရ သိရသည်။ mizzima

ပုသိမ်မြို့တွင် စစ်ကောင်စီသြဇာခံ ရေကြောင်းရဲတပ်ဖွဲ့စခန်း အမည်မသိလက်နက်ကိုင်အဖွဲ့ လာရောက်ပစ်ခတ်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ နိုဝင်ဘာလ ၁၆ ရက်နေ့ ညပိုင်းက စစ်ကောင်စီသြဇာခံ ရေကြောင်းရဲတပ်ဖွဲ့စခန်း ကို အမည်မသိလိုက်နက်ကိုင်အ ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။အမှတ် ၄ ရပ်ကွက် ကမ်းနားလမ်းမှာရှိတဲ့ ရေကြောင်းရဲတပ်ဖွဲ့စခန်းကို ဒေသခံပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့က လာရောက်ပစ်ခတ်ရာကနေ အပြန်အလှန်ပစ်ခတ်မှုတွေ မိနစ် ၂၀ ကြာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

” အရင်ဆုံး သေနတ်သံကြားရတော့ သူတို့ဘာ သူ့တို့ မူးမူးရူးရူးနဲ့ ပစ်တယ်ထင်တာ ထ ၉ နားမှာလဲတပ်စွဲထားတော့ အဲ့ကကောင်တွေ မူးပစ်တယ်ထင်နေတာ ပြီးမှာ အဲ့နားက လူတွေ မေးကြည့်တော့ အပြန်အလှန်ပစ်နေတယ်ဆိုတာ သိတာ”လို့ ဒေသခံတဦးက ပြောပါတယ်။

ပစ်ခတ်မှုတွေဖြစ်ပွားချိန်မှာ ဒေသခံပြည်သူတွေက မီးပိတ်နေခဲ့ရလို့ ဘယ်အဖွဲ့အစည်းက ဝင်ရောက်ပစ်ခတ်တယ်ဆိုတာနဲ့ ထိခိုက် ဒဏ်ရာရရှိမှု အခြေအနေတွေကိုတော့ အတည်ကျမသိရသေးဘူးလို့ ဆိုပါတယ်။အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ပွားပြီးနောက်ပိုင်းမှာ စစ်ကောင်စီ သြဇာခံတပ်သားတွေထပ်ရောက်လာပြီး နီးစပ်ရာ ရပ်ကွက်တွေကို ဧည့်စာရင်းဝင်စစ်ဖို့အတွက် ပြုလုပ်နေတယ်လို့ သိရပါတယ်။ DVB

ကလောမြို့ EPC ရုံးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား

ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့ ရှိ လျှပ်စစ်မီတာရုံး (EPC) ဝင်းအတွင်း ယနေ့နိုဝင်ဘာလ ၁၆ ရက် ည ၈ နာရီအချိန်က ဗုံးပေါက်ကွဲမှုဖြစ် ပွားခဲ့ကြောင်း သိရသည်။

” အသံကတော့ တော်တော်ကျယ်တယ်။ ဘုရားရှိခိုးနေရင်း အုန်းဆိုပြီး အသံအကျယ်ကြီး တစ်ချက်ပဲ ကြားလိုက်တာ။ EPCရုံးအဝင်က အလံ တိုင်နားမှာ ပေါက်တယ်လို့ ကြားတယ်။ ဝန်ထမ်းနှစ်ယောက် ထိသွားတယ်လို့ ပြောနေကြတယ်” ဟု ကလောမြို့ ဒေသခံ တစ်ဦးက ပြောသည်။တစ်ခြားသောဒေသခံတစ်ဦးကတော့ လူတစ်ဦးရင်ဘတ်အနည်းငယ်ထိခိုက်သွားပြီး ပြူတင်းမှန်ကွဲသွားသည်ဟုဆိုသည်။

ပေါက်ကွဲမှုဖြစ်ပွားသောနေရာသည် စစ်ထောက်လှမ်းရေးရုံးနှင့်လည်းအလှမ်းမဝေးသောနေရာတွင်တည်ရှိပြီး စစ်ဦးစီးတက္ကသိုလ်၏ ပင်မဝင်ဂိတ်ကိုရောက်ရာလမ်းပေါ်တွင်တည်ရှိသည်။ ပေါက်ကွဲမှု ဖြစ်ပြီးနောက် စစ်ကောင်စီတပ်များက EPCရုံး အနီးတစ်ဝိုက်နှင့် ရဲစခန်းရှေ့ နာရီစင်လမ်းတစ်လျှောက်ကိုလည်းပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။mizzima

အကြမ်းဖက် စစ်တပ်ကို ချေမှုန်းဖျက်သိမ်းပြီး ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းပါဝင်မည့် အနာ ဂတ် ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအ တွက် NUCC ပြင်ဆင်နေပြီ

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC က နိုဝင်ဘာလ ၁၆ ရက် ယနေ့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး CRPH၊ NUG၊ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ/ကော်မရှင်များအား ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကို အခြေပြုသည့် မူဝါဒဆိုင်ရာ ဦးဆောင်မှုပေးရန်၊ ကြီးကြပ်ထိန်းကျောင်းရန်နှင့် ပေါင်းစပ်ညှိနှိုင်းရန်အတွက် စုပေါင်းခေါင်းဆောင်မှုဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု NUCC က ယနေ့ သတင်းထုတ်ပြန်သည်။

NUCC ကို ၂၀၂၁ ခုနှစ် မတ်လ ၈ ရက်တွင် ကနဦးစုဖွဲ့ခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH၊ တိုင်းရင်းသားလက် နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ ပြည်နယ်/ဖက်ဒရယ်ယူနစ်အခြေပြုနှင့် လူမျိုးအခြေပြု အတိုင်ပင်ခံကောင်စီများ၊ စစ်အာဏာသိမ်းမှုကို လက်မခံသော နိုင်ငံရေးပါတီများ၊ လူငယ်၊ အမျိုးသမီးအဖွဲ့အစည်းများ၊ အလုပ်သမားသမဂ္ဂများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ အကြမ်းမဖက် အာဏာဖီဆန်လှုပ်ရှားမှု CDM ပါဝင်သူများ၊ သပိတ်ကော်မတီများ၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ လူထုလူတန်းစားအလွှာအသီးသီးတို့မှ အဖွဲ့အစည်းပေါင်း ၂၈ ဖွဲ့မှ ကိုယ်စားလှဘ်များဖြင့် ဖွဲ့စည်းထားကြောင်း ဖော်ပြထားသည်။

ဦးမင်းကိုနိုင်က “စစ်ကောင်စီနဲ့ ဆွေးနွေးမှာ မဟုတ်ဘူး၊ ကျနော်တို့ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံအောက်ကို ပြန်သွားမှာမဟုတ်ဘူး။ NUCC အပါအဝင် တော်လှန်ရေးအင်အားစု အများစုမှာ ကိုယ်ပိုင် Road Map (လမ်းပြမြေပုံ) ရှိတယ်၊ အဲဒါသည် လက်တွေ့လည်းကျတယ်” ဟု ဆိုသည်။လက်ရှိအချိန်မှာ တိုင်းရင်းသား EAO ၈ ဖွဲ့လောက်က အမျိုးသားညီညွတ်ရေးအစိုးရနဲ့ပူးပေါင်းဆောင်ရွက်နေကြောင်းနှင့် ပိုမိုပါဝင်လာရေး လုပ်ဆောင်နေကြောင်း ကရင်နီအတိုင်ပင်ခံကောင်စီမှ ဦးအောင်ဆန်းမြင့်က ပြောသည်။

ဦးအောင်ဆန်းမြင့် “လက်ရှိမှာ တိုင်းရင်းသား ၈ ဖွဲ့လောက် ပူးပေါင်းဆောင်ရွက်နေတယ်။ ကရင်၊ ကရင်နီ၊ ချင်းတွေက ပြည်နယ်အတိုင်ပင်ခံကောင်စီ ပုံစံမျိုးနဲ့ပါတယ်။ လောလောဆယ်မှာ EAO တွေ အကုန်လုံးမပါဝင်သေးတာက အကြောင်းရှိပါတယ်၊ အဖွဲ့အစည်းအသီးသီးရဲ့ နယ်မြေ ပထဝီအနေအထား၊ သက်ဆိုင်ရာအဖွဲ့တွေရဲ့ နိုင်ငံရေး ဦးတည်ချက်၊ ရည်ရွယ်ချက်တွေအပေါ် အများကြီး မူတည်ပါတယ်။ NUCC ကတော့ collective leadership နဲ့ အနာဂါတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဆိုတော့၊ NUCC သွားနေတဲ့ နိုင်ငံရေးဖြစ်စဉ်တွေပေါ် မူတည်ပြီးတော့ EAO တွေနဲ့ သက်ဆိုင်ရာပြည်နယ်အလိုက် Joint Committee တွေဖွဲ့စည်းပြီးဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် ဒီထက်ပိုများလာမယ်လို့ ပြေချင်ပါတယ်” ဟု ပြောဆိုသည်။

စစ်အာဏာရှင်ကို ဆန့်ကျင်သော ပြည်သူတစ်ရပ်လုံးအား အနှစ်သာရ ပြည့်ဝစွာကိုယ်စားပြုပြီး ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို စုပေါင်းခေါင်း ဆောင်မှုဖြင့် ဖော်ဆောင်နိုင်သော အစိုးရတစ်ရပ် ပီပြင်စွာပေါ်ပေါက်လာရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်နှင့်အညီ ပြည်သူ့ညီလာခံက ချမှတ်လိုက်သော မူဝါဒနှင့် မဟာဗျူဟာများကို တာဝန်ခံ အကောင်အထည်ဖော်ရေး၊ ပြည်သူ့ညီလာခံ တစ်ခုနှင့် တစ်ခုကြား မူဝါဒဆိုင်ရာ ညှိနှိုင်းလုပ်ဆောင်ခြင်းတို့အား တော်လှန်ရေးကာလတလျှောက်တွင် ကြီးကြပ်မှုပေးရန် NUCC က အဓိက လုပ်ဆောင်သွားမည်ဟု သိရှိရသည်။

လက်ရှိအချိန်တွင် ပြည်သူလူထုတစ်ရပ်လုံး၏ တော်လှန်ရေးရည်မှန်းချက် ပိုမိုထင်ဟပ်လာစေရန် ရည်ရွယ်၍ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ပြန်လည်သုံးသပ်ပြင်ဆင်ခြင်းလုပ်ငန်းစဉ်ကို ၂၀၂၁ ခုနှစ် မေလ ၂၄ ရက်နေ့မှ စတင်လုပ်ဆောင်နေပြီး ပြည်သူ့ညီလာခံတွင် အတည်ပြုသွားမည်ဟု အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC က ထုတ်ပြန်သည်။ဦးလွင်ကိုလတ် က “သိပ်မကြာခင်မှာလည်း အမျိုးသားညီ ညွတ်ရေး NUG အစိုးရဘက်က Bond (စာချုပ်) ကိစ္စတွေ၊ အခွန်ကိစ္စတွေ ဆောင်ရွက်နေပြီး ရံပုံငွေရရှိလာမှုပေါ်မူတည်ပြီးတော့ တော်လှန် ရေးအင်အားစုတွေဖြစ်တဲ့ Local PDF တွေရဲ့ လိုအပ်ချက်တွေကို အရှိန်အဟုန်နဲ့ ဖြည့်ဆည်းသွားနိုင်ဖို့ NUG ဘက်က ကြိုးစားနေမှုဟာ စပြီးတော့ အကောင်အထည်ပေါ်နေပါပြီ။

NUG အစိုးရနဲ့ အခြားနိုင်ငံခြားအစိုးရဝန်ကြီးတွေနဲ့ တွေ့ဆုံမှုဟာ ၂၈ ကြိမ် ရှိပါပြီ။ အထူးသဖြင့် စစ်ကောင်စီကို အာဆီယံအစည်းအဝေးတက်ရောက်ခွင့် ပိတ်ပင်လိုက်တဲ့နောက် NUG နဲ့ နိုင်ငံတကာအစိုးရတွေ တွေ့ဆုံမှု ပိုများလာပါတယ်၊ ဒီလိုတွေ့ဆုံမှုတွေဟာ အသိအမှတ်ပြုမှုနဲ့ ပတ် သက်ပြီးတော့ သွယ်ဝိုက်ပြီး အသိအမှတ်ပြုတဲ့အဆင့်ကိုတော့ ရောက်ရှိနေပြီဖြစ်တယ်၊ ဒီထက်ပိုပြီးတော့ NUG အစိုးရကို နိုင်ငံတကာက အ သိအမှတ်ပြုမှုရအောင်လည်း ဆက်ပြီးကြိုးစားနေပါတယ်” khit thit

နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆာဆာကာဝါနှင့် SNLD ပါတီခေါင်းဆောင်များတွေ့ဆုံ

မြန်မာနိုင်ငံအမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရရဲ့ အထူးကိုယ်စားလှယ် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆာဆာကာဝါဟာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ ဥက္ကဋ္ဌ စိုင်းညွန့်လွင်၊ တွဲဖက်အတွင်းရေးမှူး စိုင်းကျော်ညွန့်တို့နဲ့ နိုဝင်ဘာ ၁၆ ရက် ဒီနေ့ မွန်းလွဲပိုင်းက ရန်ကုန်မှာ တွေ့ဆုံခဲ့ပါတယ်။ ဒီလိုတွေ့ဆုံရာမှာ လက်ရှိနိုင်ငံရေးအခင်းအကျင်းနဲ့ ရှမ်းပြည်ဆိုင်ရာ ကိစ္စရပ်မတွေကို နှစ်ဖက် ရင်းနှီးစွာဆွေး‌နွေးခဲ့ကြတယ်လို့ စိုင်းကျော်ညွန့်က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။DVB

« Older Entries