စစ်ကောင်စီတပ်သား အလောင်းနှင့် လက်နက်များ သိမ်းဆည်းရမိဟု ကိုးကန့် MNDAA သ တင်းထုတ်ပြန်



ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကိုးကန့်တပ်မတော်MNDAA က စစ်ကောင်စီတပ်သား အ လောင်း နှင့်လက်နက်များကို သိမ်းဆည်းရမိကြောင်း MNDAA ၏ ပြန် ကြားရေး The KoKang က သတင်းထုတ်ပြန်သည်။
နိုဝင်ဘာလ ၁၅ ရက်နေ့ ကိုးကန့်တပ်များက စစ် မြေပြင်ကို သိမ်းပိုက်ပြီးနောက် နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာ တပ်မ ၉၉ က စွန့်ပစ်ထားသော စစ်သား၏ ရုပ်အလောင်း တွေ့ရှိရကြောင်း ၊ စစ်သား၏ ရုပ်အလောင်းကို စစ်တပ် ကျန်းမာရေး ဌာနမှ ထုတ် ပေးသည့် ကာကွယ် ဆေးထိုးထားသော လက်မှတ်ကိုလည်း တစ်ပါတည်း တွေ့ရကြောင်း၊ အောက်တို ဘာ ၁၉ ရက်နေ့ကလည်း စစ်ကောင်စီတပ်၏ လက်နက်များကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ khit thit