တန့်ဆည် ကျွဲဆွဲမောင်းတံ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ၊ စစ်သား ၆ ဦးထက်မနည်း သေ ဆုံး

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့၊ တန့်ဆည်-ရေဦးလမ်းပိုင်း ရွှေတောင်တန်း ပန့်ဆီဆိုင်ရှေ့ ကျွဲဆွဲမောင်းတံစစ်ဆေးရေးဂိတ်မှာ စစ်ဆေးရေးလုပ်နေကြတဲ့ စစ်ကောင်စီတပ်သားတွေကို နိုဝင်ဘာ ၁၅ ရက် ညနေ ၃ နာရီလောက် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၆ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေက လမ်းသွားလမ်းလာတွေကို စစ်ဆေး ငွေညစ်တာတွေ လုပ်နေတာ အဲလိုစစ်ဆေးနေတုန်း  မိုင်းပေါက်ကွဲပြီး စစ်ကောင်စီတပ်သား  ၆ ယောက်ထက်မနည်းသေဆုံး ဒဏ်ရာရသူတွေလည်း များတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို တန့်ဆည်ပြည်သူ့ကာကွယ်‌ရေးအဖွဲ့က ပြုလုပ်ခဲ့တာလို့သိရပြီး အထိအခိုက် မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်တွေကို အရှိန်တိုးမြှင့်ထပ်မံတိုက်ခိုက်သွားမှာဖြစ်လို့ ပြည်သူတွေအနေနဲ့ မလိုလားအပ်ဘဲ လမ်းပေါ်ထွက်တာ အချိန်မတော်သွားလာတာတွေ ရှောင်ရှားကြဖို့လည်း တန့်ဆည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အထူး ပန်ကြားထားပါတယ်။

ပေါက်ကွဲမှုဖြစ်စဉ်အပြီး သေဆုံးဒဏ်ရာရ စစ်သားတွေကို  မုံရွာစစ်ဆေးရုံကို လူနာတင်ယာဉ်တွေနဲ့ တင်ဆောင်သွားတယ်လို့ သိရပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s