နိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃၇ ဦး သေဆုံး

မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃၇ ဦး သေဆုံးကြောင်း ရန်ကုန်ခေတ်သစ်က ယနေ့ စာရင်းကောက်ယူရရှိသည်။
ဖားကန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ သေဆုံး
======================================
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နမ့်ဂျန် အောင်လဲန့်ဘက်သို့ စစ်ကူသွားသော စစ်ကောင်စီစစ်ကြောင်းအား ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက် ညနေပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ သေဆုံးဟု ကချင်သတင်းရင် းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။ကေအိုင်အေ အမှတ်(၉)တပ်မဟာ၊ အမှတ်(၆)တပ်ရင်းနယ်မြေ Gaw Lu Yawng နှင့် Hkrai Run ရှိ ဦးကောင်း၏ ကျွန်းပင် စခန်းဟောင်းတွင် ( Hpun pyen dabang) နိုဝင်ဘာလ(၁၆)ရက်နေ့မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်အချိန်ခန့်မှာ အာဏာသိမ်း စစ်ကောင်စီနှင့် ကေအိုင်အေတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယနေ့ နံနက် ၂ အချိန်ခန့် Sum Bwi Bum (Yung Tawng) တွင်လည်းကောင်းတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
KNU တပ်မဟာ ၅ နယ်မြေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၂ ဦးသေဆုံးပြီး ၅၆ ဦး ဒဏ်ရာရ
======================================================================
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၊ BGF ပူးပေါင်းတပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ကြား နိုဝင်ဘာလ ၁၁ ရက်နှင့် ၁၂ ရက်နေ့ တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ တပ်ရင်းမှူး၊ တပ်ခွဲမှူးများအပါအဝင် ၃၂ ဦး သေဆုံးပြီး ၅၆ ဦး ဒဏ်ရာရကြောင်း KNU မူတြော်သတင်းစဉ်မှ ထုတ်ပြန်သည်။
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁ဝဦးသေဆုံး
==================================================
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်ကထွက်ခွာလာသော အကြမ်းဖက် စစ်ကောင်စီ စစ်ကား ၁၈စီးပါ ယာဉ်တန်းကို နိုဝင်ဘာလ ၄ရက်နေ့တွင် ရွှေဘို – မြစ်ကြီးနားလမ်းပိုင်း ခင်ဦး လမ်းဆုံ တောင်ဘက် တစ်နေရာတွင် နေလစကြာနှင့် Shwebo PDF အဖွဲ့က မိုင်းအကြီး၂လုံးဖြင့် ဖောက်ခွဲတိုက် ခိုက်ခဲ့ရာ စစ်ကား ၃စီး ထိခိုက်ပျက်စီးခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀ ဦးကျော် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များထံက သိရသည်။ အလားတူ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ယနေ့ (၁၆၊ ၁၁၊ ၂၀၂၁) ရက်နေ့ နံနက်ပိုင်းတွင် ရွှေဘိုမြို့အခွန်ရုံးနှင့် မြဝတီဘဏ်တွင် လုံခြုံရေးယူနေသည့် ဘန်ကာထဲသို့ ဗုံးပစ်ပေးသွင်းရာ ရဲ ၂ ဦးထိခိုက်ဒဏ်ရာရကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်း ရေဦးမြို့နယ် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ဦးသေဆုံး
==============================================
စစ်ကိုင်းတိုင်း ရေဦးမြို့နယ် တင်းတိမ်ရံ အနောက် မန်ကျည်းနီကျေးရွာအနီးတွင် ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့ နေ့လည် ၂နာရီ ၂ဝ မိနစ်က အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ဦးသေဆုံးကြောင်း ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များထံက သိရသည်။
စစ်ကိုင်းတိုင်း ပုလဲမြို့နယ် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ဝဦးသေဆုံး
==================================================
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း ဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီ ခြေလျင် စစ်ကြောင်းကို ကျောက်စလင်းတောင် အောက်ဘက် မြစ်ကျတံတားအနီးတွင် ဗိုလ်နဂါးဦးဆောင်သည့် ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ရဲဘော်ကိုနေ ဦးဆောင်သောတပ်စုက နိုဝင် ဘာဘ ၁၅ ရက်နေ့ နံနက် ၉နာရီတွင် မိုင်းခွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် အများအပြားသေဆုံးခဲ့ကြောင်း ပုလဲ PDF အဖွဲ့ထံက သိရသည်။
ထို မိုင်းခွဲ တိုက်ခိုက်ခံရသော အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းသည် လမ်းဘေးဝဲယာများကို ပစ်ခတ်ပြီး ဆက်လက်ချီတက်ခဲ့ရာ နေ့လည် ၁၂ နာရီတွင် ကျောက်ပုံကွေ့အနီးအရောက်တွင် ဗိုလ်နဂါး ဦးဆောင်သည့် ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က ဒုတိယအကြိမ်ထပ် မံ မိုင်းခွဲ တိုက်ခိုက်ခံပြီး ထိခိုက်သေဆုံးမှုများရှိကြောင်း ပုလဲ PDF အဖွဲ့ထံက သိရသည်။စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ကန့်ဒေါင့်ရွာအရှေ့ဘက် သရက်ကန်လမ်းခွဲအနီးတွင် နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်တွင် အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၉ဦး သေဆုံးကြောင်း ပုလဲ PDF အဖွဲ့ထံက သိရသည်။
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း သပြေကုန်းကျေးရွာနှင့် ဦးနှောက်ကျေးရွာအကြားကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ ယာဉ်တန်းကို နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်တွင် ဗိုလ်နဂါးဦးဆောင်သည့် ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၃က မိုင်း ၁၂လုံးဖြင့် တိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးပြီး ကား၅စီး ထိမှန်ပျက် စီးခဲ့ကြောင်း ပုလဲ PDF အဖွဲ့ထံက သိရသည်။
စစ်ကိုင်းတိုင်း ဆားလင်းကြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် အများအပြားသေဆုံး
============================================================
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ကို ထွက်ခွာလာသော အကြမ်းဖက် စစ်ကောင်စီ ယာဉ်တန်းကို ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် Monywa UG Groupနှင့် Triple Two အဖွဲ့က ပဒေသာမိုင်း ၅ဝကျော်ဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကား ၄စီးထိခိုက် ပျက်စီးခဲ့ပြီး အ ကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် အများအပြားထိခိုက်သေဆုံးခဲ့ကြောင်း Monywa UG Groupအဖွဲ့ထံက သိရသည်။ကျောက်စိမ်းများ တင် ဆောင်လာသော တွဲကားများ အပါအဝင် စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အတွင်း ဖြတ်သန်းမောင်းနှင်သည့် စစ်ကောင်စီ ယာဉ်တန်းကို ယနေ့ နိုဝင်ဘာ(၁၆)ရက်တွင် နေရာသုံးနေရာ၌ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ လက်နက်ကိုင် လေးဦးခန့် သေဆုံးကြောင်း ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingiy Special Task Force – SSTF) က ပြောသည်။
ကလေးPDF စခန်း ဝင်စီးခံရပြီး ဆေးတပ်သား အမျိုးသမီးရဲဘော် ၈ ဦး ဖမ်းဆီးခံရ၊ ၃ ဦးကျဆုံး
=======================================================================
ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း-၃၏ စခန်း ၁ ခုအား ယနေ့ နိုဝင်ဘာလ ၁၆ ရက်နံနက်တွင် စစ်ကောင်စီဘက်မှ ထိုးစစ်ဆင် ဝင်ရောက်စီးနင်းသဖြင့် တိုက်ပွဲပြင်းထန်ခဲ့ပြီး ဆေးတပ်ဖွဲ့မှ အမျိုးသမီးရဲဘော် ၈ ဦး ဖမ်းဆီးခံလိုက်ရကြောင်း၊ ၃ ဦး ကျဆုံးကြောင်း Kalay-PDF ထံမှ သိရသည်။
မန္တလေးတိုင်း မိုးကုတ်မြို့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံး
======================================================
မန္တလေးတိုင်း မိုးကုတ်မြို့ ဇုတ်ဆိုင်အနီးတွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များနှင့် ပတ္တမြားမြေ PDF အဖွဲ့တို့ နိုဝင်ဘာ ၁၅ ရက်နေ့ ညနေ ၄ နာရီခန့်၌ တစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးခဲ့ကြောင်း မိုးကုတ်တောတွင်းလူငယ် PDF အဖွဲ့ထံက သိရသည်။
ဧရာဝတီတိုင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁ဝဦး သေဆုံး
========================================
ဧရာဝတီတိုင်း ပုသိမ် – ချောင်းသာကားလမ်း ရှောပြာကျေးရွာအနီးတွင် ချောင်းသာ၌ ဟိုတယ်ဖွင့်ပွဲပြန်လာတဲ့ အကြမ်းဖက်စစ်အုပ်စုက ပြည် ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်နှင့် ဧရာဝတီတိုင်း ဝန်ကြီးချုပ်တို့ လိုက်ပါလာသည့် ယာဉ်တန်းကို နိုဝင်ဘာလ ၁၅ရက်နေ့ ညနေ ၃နာရီ ၄၅မိနစ်တွင် ညီနောင် မဟာမိတ်လေးဖွဲဖြစ်သော Pathein Western Defense Force (PWDF)၊ Beach Defense Force (BDF) ၊မြစ်ဝ ကျွန်းပေါ်ပြောက်ကျားစစ်ဆင်ရေး တပ်ပေါင်းစု (DGWCF) ၊ ဧရာဝတီတောဝက်အဖွဲ့ တို့က ကြားဖြတ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး အပြန်အ လှန် ပစ်ခတ်မှုများဖြစ်ပွားကာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁ဝဦးထက်မနည်းသေဆုံးကြောင်း PWDFအဖွဲ့ထံက သိရသည်။အလားတူ ယနေ့ ည ၇ နာရီ ၄၀ မိနစ်အချိန် ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၄ ရပ်ကွက်မှာရှိသည့် ရေကြောင်းရဲတပ်ဖွဲ့စခန်းကို ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များက ဝင်ပစ်ခတ်ခဲ့ပြီး အသေအပျောက် မသိရှိရသေးကြောင်း ဒေသသတင်းရင်းမြစ်၏ သတင်းဖော်ပြချက်အရ သိရှိရသည်။
မုံရွာမြို့တွင် ဒုအရာခံဗိုလ်တစ်ဦး ပစ်သတ်ခံရ
===================================
စစ်ကိုင်းတိုင်း မုံရွာမြို့ ဘုရားကြီးရပ်ကွက် ရုပ်စုံကျောင်းအနီးတွင် စစ်ကောင်စီတပ်မှ ဒုအရာခံဗိုလ်တစ်ဦး ယနေ့ နံနက် ၁၀ နာရီတွင် ပစ်သတ်ခံလိုက်ရကြောင်း သိရသည်။ဒုအရာခံဗိုလ်ကို အထူးဒေသတိုက်ခိုက်ရေးတပ်ဖွဲ့(မုံရွာ)က ပစ်သတ်လိုက်ကြောင်း၊ အသတ်ခံရသူ ဒုအရာခံဗိုလ်သည် မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှဖြစ်ပြီး တပ်အတွင်းစတုဒီသာ ကျွေးမွေးရန်အတွက်စျေးဝယ်ထွက်လာခြင်းဖြစ်ကြောင်း၊ စျေးဝယ်ထွက်လာသူ ဒုအရာခံဗိုလ်၂ဦးအနက် ဒုအရာခံဗိုလ်တစ်ဦးကို သေနတ်ဖြင့် ဦးခေါင်းတေ့ပစ်ခတ်ခဲ့သည်ဟု အထူးဒေသတိုက်ခိုက်ရေးတပ်ဖွဲ့(မုံရွာ)က ထုတ်ပြန်သည်။
ရန်ကုန်တွင် ပေါက်ကွဲမှုများဖြစ်
===========================
၂၀၂၁ ခုနှစ်၊ နိုဝင်လာလ (၁၆) ရက်နေ့ ညနေ ၆နာရီ ၂၀မိနစ်ခန့်တွင် ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်၊ ထားဝယ်ချောင်ရဲစခန်း အတွင်း၌ မိမိတို့ ဗမာ့ဇာမဏီအဖွဲ့ Burma Phoenix Organization – BPO နှင့် Yangon Detonation Unit – YDU အဖွဲ့တို့ ပူးပေါင်းစစ်ဆင်ရေးတစ်ရပ်အနေ ဖြင့် ဗုံးတစ်လုံးဖောက်ခွဲခဲ့ရာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများရှိကြောင်း သိရပါသည်။၎င်းနောက် ၆နာရီခွဲခန့်တွင် ထိုစခန်းအတွင်းမှ ထွက်ခွာလာသည့်ယာဉ်တန်းအား အဝေးထိန်းမိုင်းဖြင့် ထပ်မံဖောက်ခွဲခဲ့ရာ ယာဉ်ပေါ်ပါ အကြမ်းဖက်စစ်ကောင်စီ ရဲတပ်သားများ အပြင်းအထန်ဒဏ်ရာရှိခဲ့ကြောင်း သိရှိရသည်။ ယနေ့ ရန်ကုန်တိုင်း ခရမ်းမြို့နယ် လျှပ်စစ်ရုံးတွင်လည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ khit thit