ပုသိမ်မြို့တွင် စစ်ကောင်စီသြဇာခံ ရေကြောင်းရဲတပ်ဖွဲ့စခန်း အမည်မသိလက်နက်ကိုင်အဖွဲ့ လာရောက်ပစ်ခတ်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ နိုဝင်ဘာလ ၁၆ ရက်နေ့ ညပိုင်းက စစ်ကောင်စီသြဇာခံ ရေကြောင်းရဲတပ်ဖွဲ့စခန်း ကို အမည်မသိလိုက်နက်ကိုင်အ ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။အမှတ် ၄ ရပ်ကွက် ကမ်းနားလမ်းမှာရှိတဲ့ ရေကြောင်းရဲတပ်ဖွဲ့စခန်းကို ဒေသခံပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့က လာရောက်ပစ်ခတ်ရာကနေ အပြန်အလှန်ပစ်ခတ်မှုတွေ မိနစ် ၂၀ ကြာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
” အရင်ဆုံး သေနတ်သံကြားရတော့ သူတို့ဘာ သူ့တို့ မူးမူးရူးရူးနဲ့ ပစ်တယ်ထင်တာ ထ ၉ နားမှာလဲတပ်စွဲထားတော့ အဲ့ကကောင်တွေ မူးပစ်တယ်ထင်နေတာ ပြီးမှာ အဲ့နားက လူတွေ မေးကြည့်တော့ အပြန်အလှန်ပစ်နေတယ်ဆိုတာ သိတာ”လို့ ဒေသခံတဦးက ပြောပါတယ်။
ပစ်ခတ်မှုတွေဖြစ်ပွားချိန်မှာ ဒေသခံပြည်သူတွေက မီးပိတ်နေခဲ့ရလို့ ဘယ်အဖွဲ့အစည်းက ဝင်ရောက်ပစ်ခတ်တယ်ဆိုတာနဲ့ ထိခိုက် ဒဏ်ရာရရှိမှု အခြေအနေတွေကိုတော့ အတည်ကျမသိရသေးဘူးလို့ ဆိုပါတယ်။အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ပွားပြီးနောက်ပိုင်းမှာ စစ်ကောင်စီ သြဇာခံတပ်သားတွေထပ်ရောက်လာပြီး နီးစပ်ရာ ရပ်ကွက်တွေကို ဧည့်စာရင်းဝင်စစ်ဖို့အတွက် ပြုလုပ်နေတယ်လို့ သိရပါတယ်။ DVB