ဖားကန့်၊ နမ့်ဂျန် အောင်လျန်သို့ စစ်ကူသွားသော စစ်ကောင်စီစစ်ကြောင်းကို KIA ကြားဖြတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နမ့်ဂျန် အောင်လဲန့်ဘက်သို့ စစ်ကူသွားသော စစ်ကောင်စီစစ်ကြောင်းအား ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက် ညနေပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ သေဆုံးဟု ကချင်သတင်းရင်း မြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။

“ဖြစ်တာက မနေ့က ညနေ ၄ နာရီလောက်ကနေ ၆ နာရီအထိ၊ နမ့်ဂျန် အောင်လျန် သွားတဲ့လမ်း၊ နော့လဲန့်မှာ ဖြစ်တာ။ စစ်ကောင်စီက အင် အား ၆၀ လောက် စစ်ကူသွားတာ KIA ကြားဖြတ်တိုက်ခိုက်မှုကြောင့် ၃၀ ကျော်သေတယ်” ဟု ကချင်သတင်းရင်းမြစ်က ဆိုသည်။ယနေ့ နိုဝင်ဘာလ ၁၆ ရက် နံနက်ပိုင်းတွင်လည်း ဖားကန့်-ကာမိုင်းလမ်းရှိ တံတားညီနောင်ကျေးရွာအနောက်ဘက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် KIA တပ်ရင်း ၄၄ ကြား တိုက်ပွဲပြင်းထန်နေကြောင်း သိရှိရသည်။

“နန့်ယားဘက်ကနေ တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ KIA တပ်ရင်း ၄၄ မနက် ၉ နာရီလောက်မှာ ထိတွေ့တိုက်ပွဲဖြစ်တယ်၊ ၁၁ နာရီ ၄၀ လောက်မှာ စစ်ကောင်စီဘက်က ပြန်ဆုတ်သွားတယ်။ ၁၂ နာရီ ၁၀ မိနစ်လောက်မှ ဝယ်ဘွမ်တောင်လမ်းဘက်မှ ထိပ်ပြီး တိုက်ပွဲဖြစ်တယ်၊ ၁ နာရီ ၄၀ လောက်မှ ငြိမ်သွားတယ်၊ အကျအဆုံးအတိအကျတော့ မသိသေးဘူး။ စစ်ကောင်စီဘက်ကတော့ သေတာတွေရှိတယ်” ဟု ကချင်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဖားကန့်မြို့နယ်၊ နမ့်ဂျန်ရွာအနီးရှိ စစ်ကောင်စီ၏ စခန်း ၃ ခုဖြစ်သော ဆိုင်းဂျာ၊ အောင်လျန်နှင့် ဂါခရန်ဘွမ် စခန်းတို့ကို နိုဝင်ဘာလ ၁၄ ရက်က စတင်ကာ KIA က တိုက်ခိုက်သိမ်းပိုက်ထားပြီး အဆိုပါစခန်းများအား စစ်ကောင်စီတပ်က ပြန်လည်ရရှိနိုင်ရန် ဂျက်လေယာဉ်များဖြင့် လာရောက်ပစ်ခတ်မှုများရှိသလို မြေပြင်မှလည်း ထိုးစစ်ဆင်နေမှုများကြောင့် တိုက်ပွဲများ ပြင်းထန်လျှက်ရှိနေသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s