မင်းကင်းတွင် ပြည်သူ ၄ ဦးကို စစ်တပ်က ဦး ခေါင်းတေ့ပြီး ပစ်သတ်၊ ရေဦးတွင် စိတ်ဝေဒနာရှင်ကို စစ်တပ်က ပစ်သတ်၊ လပွတ္တာနှင့်ရွှေဘိုတို့တွင်လည်း ပြည်သူများကို စစ်တပ် ပစ်သတ်

အကြမ်းဖက်စစ်ကောင်စီတပ်များသည် မင်းကင်းမြို့နယ်တွင် ပြည်သူ ၄ ဦးကိုလည်းကောင်း၊ ရေဦးမြို့နယ်တွင် စိတ်ဝေဒနာရှင် တစ်ဦးကိုလည်းကောင်း၊ လပွတ္တာနှင့်ရွှေဘိုမြို့တို့တွင်လည်း ပြည်သူ ၂ ဦးကိုလည်းကောင်း စုစုပေါင်း ပြည်သူ ၇ ဦးကို ပစ်ခတ် သတ်ဖြတ်သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

မင်းကင်းတွင် ဘင်အနောက်တောကျေးရွာမှ ပြည်သူ ၄ ဦးကို စစ်တပ်က ပစ်သတ်သွား

=================================================================

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ဘင်အနောက်တောကျေးရွာတွင် ဒေသခံ ပြည်သူ ၄ ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။ မင်းကင်းမြို့နယ်အတွင်း ဘင်အ‌နောက်တောကျေးရွာမှ ဒေသခံပြည်သူ ၄ ဦးကို ပန်ဆက်ကျေးရွာတွင် အထိုင်ချထားသော စစ်ကောင်စီတပ်နှင့်ပျူစောထီးပူပေါင်းထားသော တပ်က နိုဝင်ဘာ၁၅ရက်နေ့ကဖမ်းဆီး သတ်ဖြတ်သွားခြင်း ဖြစ်ကြောင်း သိရှိရသည်။”အခုနောက်ဆုံးသိရတာက ပြည်သူ ၄ ဦးကို သတ်သွားတာ။ သူတို့နာမည်တွေလည်းသိပါတယ်။ ဒါပေမယ့် မီဒီယာမှာ ပါလာရင် ထပ်ပြီးတော့ ရန်ရှာမှာစိုးလို့ပါ။ အခုက သတ်ချင်တိုင်းသတ်နေတာပါ။ အခြေအနေ အရမ်းဆိုးပါတယ်။ အသတ်ခံရတဲ့သူတွေကလည်း သာမန်ပြည်သူတွေပါ။ မြို့ကမှာတဲ့ ပစ္စည်းသွားယူရင် လမ်းမှာ အဖမ်းခံရပြီး အသတ်ခံရတာပါ။ သတ်တာကလည်း ရက်ရက်စက်စက် နှိပ်စက်ပြီး သတ်ပါတယ်။ ခေါင်းကို ပစ်တယ်။မီးရှို့တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

လပွတ္တာမြို့နယ်တွင် ကိုကျော်သူဝင်း စစ်ကြောရေးတွင် စစ်တပ်က သတ်ဖြတ်

============================================================

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်တွင် EPC ရုံး လက်လုပ်ဗုံးပစ်သွင်းမှုနှင့် ကျောက်ဖြူစာသင်ကျောင်းတွင် ဗုံးတွေ့သည်ဟု ဆိုသောကိစ္စများနှင့်ပက်သက်၍ စစ်တပ်က ကိုကျော်သူဝင်းကို ဖမ်းဆီးပြီး စစ်ကြောရေးတွင် သတ် ဖြတ်လိုက်ကြောင်း သိရှိရသည်။ လပွတ္တာမြို့နယ်တွင် နိုဝင်ဘာလ ၁၁ ရက်နေ့၌ EPC ရုံးအတွင်းသို့ လက်လုပ်မိုင်း ပစ်သွင်းခဲ့ခြင်းနှင့် ကျောက်ဖြူကျေးရွာရှိ စာသင်ကျောင်းတို့တွင် ဗုံးတွေ့ရှိမှုတို့ကြောင့် ကိုကျော်သူဝင်း အပါအဝင် ပြည်သူများကို စစ်တပ်က ဖမ်းဆီးနှိပ်စက်ခဲ့ပြီး ကိုကျော်သူဝင်းမှာမူ စစ်ကြောရေးတွင် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။ လပွတ္တာမြို့နယ်၊ ဆပ်ချောင်ကျေးရွာ (သိကြားဘုရားကုန်း)မှ ကိုနေလင်းထွန်း၊ သားကိုကျော်သူဝင်း အပါအဝင် ပြည်သူ ၃ ဦးကို နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ဖမ်းဆီးသွားပြီး နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ကိုကျော်သူဝင်းကို သတ်ဖြတ်ပြီး မီးသဂြိုလ်လိုက်ကြောင်း ၊ မိသားစုကို အလောင်းပြန်မပေးခဲ့ကြောင်း သိရှိရသည်။ လပွတ္တာမြို့ပေါ်၊ စစ်ကြောရေးတွင် ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်နေပြီး ပြည်သူများကို ခြိမ်းခြောက် အကြမ်းဖက်နေသော တပ်မှာ ကျုံပျော်တပ် ခလရ (၃၆) ဖြစ်ကြောင်း သိရှိရသည်။

ရေဦးမြို့နယ်တွင် စိတ်ဝေဒနာရှင် ကိုအောင်ကိုဝင်းကို စစ်တပ်က သတ်ဖြတ်

=========================================================

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အနောက်ခြမ်းကြောင်းသို့ စစ်ကြောင်းချီတက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်များသည် ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်လျက်ရှိရာ ကွမ်းအုံကျေးရွာမှ စိတ်ဝေဒနာရှင် ကိုအောင်ကိုဝင်းကို ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရှိရသည်။ “ကိုအောင်ကိုဝင်းက စိတ်ကျန်းမာရေးမကောင်းတဲ့သူပါ။ သူ့အလောင်းကတော့ လမ်းဘေး လယ်တောထဲမှာ ဦးခေါင်းကို သေနတ်နဲ့ချိန်ပြီး ပစ်သတ်သွားတာ။ စစ်တပ်တွေလာတော့ လူကောင်းတွေအကုန်လုံးက ကြောက်လန့်ပြီး ပြေးတယ်။ သူက စိတ်ကျန်းမာရေးမကောင်းတော့ ကြောက်ရကောင်းမှန်းလည်းမသိဘူး။ ပြေးလည်းမပြေးဘူး။ အဲဒါကို ပစ်သတ်သွားတာပါ” ဟု ဒေသခံတစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြော ဆိုသည်။

ရွှေဘိုမြို့နယ်၊ စောင်းတန်းရွာတွင် ပြည်သူတစ်ဦးကို စစ်တပ်က ပစ်သတ်

=======================================================

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြိုနယ်စောင်တန်းရွာမှ ရပ်ကျေးNLD ဥက္ကဋ္ဌ ဦးစိုးအောင်ကို နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ဖမ်းဆီးသွားပြီး ရွှေဘိုမြို့နယ်ဘိုတည်ကုန်းရွာသားတစ်ဦးကို စစ်တပ်က ပစ်သတ်သွားကြောင်း သိရှိရသည်။ “မနေ့က စစ်တပ်က ဖမ်းဆီးသတ်ဖြတ်သွားတဲ့သူက စောင်တန်ရွားဘက်မှာ သူ့လယ်တောရှိတော့ ရေလာ ခပ်ရင်း ပစ်သတ်ခံရတာ။ ဒီနေ့မနက်မှ သူ့မိန်းမက လိုက်ရှာတော့မှ လယ်တောထဲမှာ အ လောင်းကို တွေ့တယ်။ ဦးခေါင်း နောက်ဆက်ကို တေ့ပြီး ပစ်သတ်သွားတာ” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s