ရန်ကုန်တွင် PDF ၏ မြို့ပြပျောက်ကြားတိုက်စစ် အရှိန်မြှင့်၊ နိုင်ငံတစ်ဝန်း ဖက်ဆစ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၇ ဦး သေဆုံး

ရန်ကုန်တွင် PDF ၏ မြို့ပြပျောက်ကြားတိုက်စစ် အရှိန်မြှင့်လာနေပြီး နိုင်ငံတစ်ဝန်း ဖက်ဆစ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၇ ဦး သေဆုံးသွားကြောင်း ရန်ကုန်ခေတ်သစ်က စုံစမ်းသိရှိရသည်။

တန့်ဆည်တွင် စစ်သား ၆ ဦးသေဆုံး

=======================

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့တောင်ထွက် ရွှေတောင်တန်းဆီဆိုင်ပတ်ဝန်းကျင်တွင် ယနေ့ မွန်းလွဲ ၂ နာရီ ဝန်းကျင် စစ်ဆေးရေးလုပ်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်သား ၆ ဦးသေဆုံးသွားကြောင်း ဒေသကာကွယ်ရေးတပ်က ပြောသည်။

ဝက်လက်မြို့နယ်တွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ

===========================================================

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးစံပြကျေးရွာ အနောက်ဘက် ယင်းမတောကျေးရွာနဲ့ကြား သမ်းမ တံတားပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ များကို နိုဝင်ဘာလ ၁၄ရက်နေ့ ည၁၀နာရီ ၃၅မိနစ်ဝန်းကျင်အချိန် အနောက်ခြမ်းပျောက်ကျားတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီ ကားတစ်စီးလုံး ကျည်ထိမှန်ခံရပြီး ပြန်လည်ပစ်ချိန်မရဘဲ ထွက်ပြေးမောင်းနှင်သွားကြကြောင်း ၊ အသေအဆုံး အရေအတွက် မသိရသေးကြောင်း ဒေသ ကာကွယ်ရေးတပ်က သတင်းထုတ်ပြန်သည်။

ကျိုက်ထိုမြို့နယ်တွင်စစ်သား ၆ ဦး သေ

=================================

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကမ်းနီကျေးရွာအနီးဝန်းကျင် နိုဝင်ဘာလ ၁၄ ရက်နေ့ စစ်ကောင်စီတပ်များနှင့် KNLA တပ်မဟာ(၁)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၆ ဦးသေဆုံးကြောင်း သိရှိရသည်။

မင်းကင်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံ

း===========================================

မင်းကင်းမြို့နယ်၊ ကျောက်ခဲတတ်ကျေးရွာမှ သင်တောကျေးရွာဘက်သို့ နံနက်(၄)နာရီလောက်တွင် စစ်ကြောင်းထိုးထွက်လာ သည့် စစ်အင် အား ၈၀ခန့်ကို လက်နက်ကြီးဖြင့် ပစ်ခတ်ရာ စစ်သား ၁၀ ဦးသေဆုံးကြောင်း ဒေသကာကွယ်ရေါ်တပ်က သတင်းထုတ်ပြန်သည်။

ရန်ကုန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံး

=====================================

ရန်ကုန်၊ သန်လျင်တံတားအဆင်းရှိ အကြမ်းဖက်စစ်ကောင်စီ ကင်းစခန်းများကို ယနေ့ နိုဝင်ဘာလ ၁၅ ရက် နံနက် ၁၁ နာရီဝန်းကျင်တွင် ပြည်သူ့တော်လှန်ရေးတပ်သားများက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ ဦးခန့် ကျည်ဆံထိမှန်ကာ ၃ ဦးမှာ ပွဲချင်းပြီး သေဆုံးကြောင်း ၊ အလားတူ တိုင်းရင်းသားကျေးရွာအနီး မီးပွိုင့်ရှိ ငွေကြေးတောင်းခံကာ ပြည်သူလူထုကို အနှောင့်အယှက်ပေးနေသော ယာဉ်ထိန်းရဲများကိုလည်း တစ်ပြိုင်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ယာဉ်ထိန်းရဲ ၃ ဦး ထိမှန်ခဲ့ပြီး ၂ ဦး သေဆုံးနိုင်ဖွယ် ရှိကြောင်း၊ ရန်ကုန်၊ ထန်းတပင်မြို့ နယ်၊ တာဆုံရဲကင်းကို ဝင်ရောက်စီးနင်းပစ်ခတ်ရာ ရဲ ၃ ဦး သေဆုံးကြောင်း သိရှိရသည်။

စစ်ကားတစ်စီးကို ရေစကြို PDF နှစ်ဖွဲ့ပူးပေါင်း၍ မိုင်း ၃ လုံးခွဲတိုက်ခိုက်

========================================================

ရေစကြိုမြို့နယ်၊ ပခန်းကြီးမြောက်ဘက် ရှိန်းဆီဆိုင် နှင့် သက်ရွာကြားတွင် စစ်ကားတစ်စီးအား နိုဝင်ဘာ ၁၄ ရက်နေ့ည ၁၀ နာရီ အချိန်က ရေစကြို PDF နှစ်ဖွဲ့က မိုင်း ၃ လုံးခွဲ၍တိုက်ခိုက်ခဲ့ကြောင်း ဒေသ ကာကွယ်ရေးတပ်ထံမှ သိရှိရသည်။

အရာတော်နောင်ကြီးအိုင်ရဲစခန်းအဝင်တွင် ARA က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးနိုင်

=============================================================================

ယနေ့ နိုဝင်ဘာ(၁၅)ရက် နေ့လည်ပိုင်းတွင် အရာတော်မြောက်နယ်၊ အိုင်လျားရွာနှင့် နောင်ကြီးအိုင်‌ရွာမြောက်ပိုင်းမှ ဒေသခံပြည်သူ့နေအိမ်များကို ဝင်ရောက်မွှေနှောက်ပြီးပြန်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို နောင်ကြီးအိုင်စခန်းသို့ပြန်အဝင်တွင် အရာတော်မြို့နယ် တော် လှန်ရေးအင်အားစု (ARA)က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦး ထိမှန်ပြီး သေဆုံးနိုင်ဖွယ်ရှိကြောင်း ဒေသ ကာကွယ်ရေးတပ်က သတင်းထုတ်ပြန်သည်။

ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးထက်မနည်းသေဆုံး

===================================================

ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း ဝင်ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျောက်စလင်းတောင်၏ အောက်ဘက် မြစ်ကျတံတားအနီးအရောက် PDF များဆင်ထားသောပဒေသာမိုင်းတွဲများအား ရှင်းလင်းရန်ကြိုးစားနေစဉ် ဗိုလ်နဂါးဦးဆောင်သည့် ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ရဲဘော်ကိုနေ ဦးဆောင်သောတပ်စုမှ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်တပ်ဖွဲ့အချို့ သေဆုံး ဒါဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ပထမအကြိမ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ၏အကြမ်းဖက်တပ်ဖွဲ့ဝင်များသည် လမ်းဘေးဝဲယာမှ ပစ်ခတ်ချီတက်ရင်း ဆက်လက်ထွက်ခွာလာစဉ် နေ့လည် ၁၂ နာရီအချိန် ကျောက်ပုံကွေ့အနီး‌အရောက်တွင် ဗိုလ်နဂါး ဦး ဆောင်သည့် ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မှ ဒုတိ ယအကြိမ် ထပ်မံ မိုင်းဆွဲတိုက်ခိုက်ရာ အကြမ်းဖက်တပ်ဖွဲ့ဝင်အချို့ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့ကြပြီး ကျန်တပ်ဖွဲ့ဝင်များသည် လမ်းဘေးဝဲယာဖြန့်ဆင်း၍ ရမ်းသမ်းလိုက်လံပစ်ခတ်စဉ် အသင့်ထောင်ထားသော တိုက်မိုင်း‌ကွင်းအတွင်း ရောက်ရှိသွားကာ မိုင်းခြောက်လုံးထက်မနည်း ပေါက်ကွဲခဲ့ပြီး အများအပြားသေဆုံး ထိခိုက်နိုင်ဖွယ်ရှိခဲ့ကြောင်း သိရှိရသည်။

၎င်းနောက် ဆက်လက်ချီတက်လာသောအကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ညနေလေးနာရီခွဲ့ခန့်အချိန် ပုလဲမြို့နယ် ကန့်ဒေါင့်ရွာအရှေ့ဘက် သရက်ကန်လမ်းခွဲအနီးအရောက် လမ်းဘေးဝဲယာများမှမိုင်းရှင်းလင်းရန်နှင့် မိုင်းဆွဲသူများအားရှာဖွေရန်ချီတက်လာစဉ် ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ ဆရာဇော်ဂျီ၏ တပ်စုမှ လာနိုင်ချေရှိသည့်နေရာများအားအသင့်ထောင်ထားသည့် ပဒေသာမိုင်းများဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်တပ်ဖွဲ့ဝင်အများအပြားထိခိုက်သေဆုံးခဲ့ကြောင်း သိရှိရသည်။

ပုလဲမြို့နယ်အတွင်း သပြေကုန်းကျေးရွာနှင့် ဦးနှောက်ကျေးရွာအကြား စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်အုပ်စုယာဥ်တန်းအား ဗိုလ်နဂါးဦးဆောင်သည့်ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၃ ရဲဘော်မောင်မောင်မြင့်တပ်ခွဲမှ ရှေ့ပြေးပဒေသာမိုင်း ၁၂ လုံး တဖက်ပွင့်စိန်ပြောင်းကြီး ၄ လုံးဖြင့်ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး မိနစ်အနည်းငယ်ကြာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ၊ ၎င်းတိုက်ပွဲတွင်ပင် စစ်ကောင်စီယာဉ်တန်းမှ စစ်ကားငါးစီးခန့်ရပ်တန့်သွားခဲ့ရပြီး အများအပြားဒါဏ်ရာရရှိ၍ ၁၅ ဦးထက်မနည်းသေဆုံးနိုင်ဖွယ်ရှိကြောင်း သိရှိရသည်။ ယနေ့တွင် ယခုအချိန်ထိ စုစုပေါင်း တိုက်ပွဲလေးကြိမ်ဖြစ်ပွားခဲ့ပြီး အထိခိုက်သေဆုံး ဒါဏ်ရာရရှိမှု များပြားနိုင်ခြေရှိသော်လည်း အရေအတွက်အတိအကျကို အတည်မပြုနိုင်ကြောင်း ဒေသကာကွယ်ရေးတပ်က ပြောသည်။

မိုးကုတ်မြို့ပေါ် ယနေ့ တိုက်ပွဲ နှစ်ကြိမ်နှင့် ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပြီးစစ်ကောင်စီတပ်သား ၅ ဦးသေဆုံး =================================================================================

မန္တလေးတိုင်း မိုးကုတ်မြိုတွင် ယနေ့ တစ်နေ့တည်း မြို့ပေါ် နှစ်နေရာ၌ တိုက်ပွဲဖြစ်ပွားခဲ့သလို ပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲကြောင့် စစ်ကောင်စီ လက်နက်ကိုင် အနည်းဆုံး (၅)ဦး သေဆုံးကြောင်း MFP က သတင်းဖော်ပြသည်။ ပတ္တမြားမြေ PDF ကနိုဝင်ဘာလ ၁၅ ရက်နေ့တွင် စစ်ကောင်စီတပ်များ စခန်းချရာ အထက ၁ အနီးတွင်လည်းကောင်း၊မိုးကုတ်ရဲစခန်း အနီးတွင်လည်းကောင်း ဗုံးခွဲ၍ စကစ တပ်ဖွဲ့များကို တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် စကစတပ်၏ အကြမ်းဖက် တပ်ဖွဲ့များ သည် နေ့လယ်အချိန်၌ တောနင်းလာ၍ မိမိတို့တပ်ဖွဲ့ဝင်အချို့နှင့် ထိတွေ့မှုဖြစ်ခဲ့ပြီး ပတ္တမြားမြေ PDF အဖွဲ့များဘက်က (တစ်ဦးမျှ) အထိခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။

KIA က စစ်ကောင်စီ စခန်းများကို တစ်ခုပြီး တစ်ခု ဆက်တိုက်သိမ်းနေ

========================================================

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နမ့်ဂျန်ရွာအနီးတွင် နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေ ၄ နာရီ ၄၀ မိနစ်အချိန် KIA တပ်မဟာ ၉ အထူးတပ်ဖွဲ့က စစ်ကောင်စီ၏ ဂါးခရေန် တပ်စခန်းကို အပြီးသတ် ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရှိရသည်။ယမန်နေ့တွင် စစ်ကောင်စီ တပ်စခန်း ၂ ခုအား KIA ကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးဖြစ်ကာ ယခုစခန်းသည် တတိယမြောက် သိမ်းပိုက်ရရှိသော စခန်းဖြစ်ကြောင်း သိရှိရသည်။

မောင်တောမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ARSA တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၁၀ ဦးထက်မနည်းသေဆုံး

======================================================================================

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် အာရ်ကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA) ကြား နိုဝင် ဘာလ ၇ ရက်၊ ၉ ရက်နှင့် ၁၁ ရက်များတွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ၁၀ ဦးထက်မနည်းသေဆုံးကာ ARSA ဘက်မှ ၁ ဦးသေ ဆုံး၊ ၁ ဦး ဒဏ်ရာရကြောင်း သိရှိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s