ရန်ကုန်မြို့အဝင်တွင် ထန်းတပင် ပစ်ခတ်သူ များဟု စွပ်စွဲကာ အပြစ်မဲ့ပြည်သူ ကိုဇင်ကိုထက်ကို စစ်ကောင်စီက ပစ်သတ်ပြီး သူငယ် ချင်းများကို ဖမ်းဆီး၊ ပြည်သူကို တရားခံဟု စွပ်စွဲပြီး ဥပဒေမဲ့ သတ်ဖြတ်ခြင်းဟု မိတ်ဆွေများပြော၊ မိသားစုက အလောင်းရရေး ကြိုးပမ်းနေ

ရန်ကုန်၊ ထန်းတပင်မြို့နယ် တာဆုံရဲကင်းကို ယမန်နေ့ က ပစ်ခတ်မှု ဖြစ်ပွားချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူတစ်ဦးဖြစ်သော ကိုဇင်ကိုထက်နှင့်သူငယ်ချင်းများကို ထန်းတပင် ပစ်ခတ်သူများဟု စစ်ကောင်စီက စွပ်စွဲကာ ဥပဒေမဲ့ သတ်ဖြတ်ဖမ်းဆီးမှု များ လုပ်ဆောင်ကြောင်း မိသားစုနှင့် အလွန်ရင်းနှီးသော မိတ်ဆွေတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

ကိုဇင်ကိုထက်သည် ယမန်နေ့ ရန်ကုန်မြို့အဝင်တွင် ပစ်သတ်ခံလိုက်ရပြီး သူငယ်ချင်းများမှာလည်း ဖမ်းဆီးခံလိုက်ရကြောင်း၊ ၎င်းတို့သည် လက် နက်ကိုင် PDF များမဟုတ်ဘဲ ရွာသွားလည်ပြီး ပြန်လာကြချိန်တွင် ယင်းသို့ အဖြစ်ဆိုးမျိုး ကြုံတွေ့ရခြင်းဖြစ်ကြောင်း ပြောဆိုသည်။ ရန်ကုန်ခေတ်သစ်သတင်းဌာနက ကိုဇင်ကိုထက်၏ မိသားစုနှင့်ရင်းနှီးသူ မိတ် ဆွေတစ်ဦးကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ မနေ့က ရန်ကုန်မြို့အဝင်မှာ ထန်းတပင်ပစ်ခတ်သူဆိုပြီး ပစ်ခတ်ခံရလို့ သေဆုံးသွားသူနဲ့ပတ်သက်လို့ မိတ်ဆွေအနေနဲ့ ဘာတွေ သိထားပါသလဲ။

ဖြေ။ ။ ပစ်ခတ်ခံရပြီး သေဆုံးသွားသူ နာမည်က ဇင်ကိုထက်ပါ။ မရမ်းကုန်းမြို့နယ်၊ သမိုင်း ၁ ရပ်ကွက်မှာနေပါတယ်။ သူဇာတိကဥက္ကံနားက ဝံကိုက်ရွာပါ။ ဖမ်းသွားတဲ့သုံးယောက်ကသူနဲ့အတူရွာကိုအလည်သွားတာပါ။ သွားတဲ့သူတွေက သူငယ်ချင်းတွေပါ။သူတို့နာမည်တွေတော့ မသိပါဘူး။ မနေ့ကပစ်ခတ်မှုတေအပြီးမှာ မင်္သကာလို့သူတို့မောင်းလာတဲ့ကားကိုပစ်ပြီးဖမ်းတာထင်ပါတယ်။အခု သူ့မိသားစုတွေက အခုခရေ ပင်လမ်းခွဲနဲ့မင်္ဂလာဒုံဘက်မှာသတင်းသွားစုံစမ်းပါတယ်။

သေဆုံးသူ ဇင်ကိုထက်က အိမ်ထောင်မရှိပါဘူး။လူပျိုပါ။ အသက်က၂၅ပါ။မောင်နှမသုံးယောက်မှာ သူကအကြီးဆုံးပါ။ သူမှာညီမလေးနှစ်ယောက်ရှိတယ်။သူအဖေရောအမေရောရှိသေးတယ်။သူငယ်ချင်းဇင်ကိုထက် ခရီးသွားတာလည်း မသိလိုက်ပါဘူး။ မနေ့ညကသူပုံနဲ့ PDFတေဖမ်းမိတယ်ဆိုပြီး ရဲတယောက်ရဲ့အကောင့်မှာတင်ထားတာကို သူငယ် ချင်းတစ်ယောက်လှမ်းပို့မှ သိရတာပါ။

မေး။ ။ သူနဲ့အတူ ဖမ်းမိတဲ့သူငယ်ချင်းတွေဆိုတာကရော ဘယ်သူတွေပါလဲ။ သူက တကယ် PDF လား။ ကိုဇင်ကိုထက်က ဘယ်မှာနေတာလဲ။ သူအကြောင်း သိသလောက်လေး ပြောပြပါလား။

ဖြေ။ ။ လုံးဝ PDFမဟုတ်ပါဘူး။ သေဆုံးသူဇင်ကိုထက်ကအခုလော လောဆယ် လက်ရှိ မရမ်းကုန်းမြို့နယ်၊ သမိုင်း ၁ ရပ်ကွက်မှာနေပါတယ်။ သူကအစ္စလာမ်ဘာသာဝင်မွတ်စလင်တယောက်ပါ။ ဘာသာရေးဘွဲ့ရထားသူပါ။အလုပ်က ကားမောင်းတာပါ။လုံးဝသေနတ်တောင်မကိုင်ဖူးပါဘူး။ စစ်ကောင်စီကယုတ်မာတာပါ။

မေး။ ။ ဖြစ်စဉ်မှာ သူစီးလာတယ်ဆိုတဲ့ ကလူဂါကားကရော သူ့အိမ်က ပိုင်တာလား။ ဘယ်လိုမျိုးပါလဲ။

ဖြေ။ ။ ကားကသူနဲ့ပါသွားတဲ့အခုအဖမ်းခံထားရတဲ့သုံးယောက်တည်းကတစ်ယောက်ပိုင်တာပါ။

မေး။ ။ သေဆုံးသူ ကိုဇင်ကိုထက်ရဲ့ မိသားစုကရော အခုဘာတွေ လုပ်နေပါလဲ။ သူသေဆုံးမှုအပေါ် ဘာတွေ ပြင်ဆင်ပြီး လုပ်ကိုင်နေပါသလဲ။

ဖြေ။ ။ အခု သူ့ အဖေနဲ့ အမေရော မိသားစုတွေ ရော အခင်းဖြစ်သွားတဲ့နေရာဘက်ကိုသွားကြပါတယ်။ အဲ့ဒီနားက စစ်ကောင်စီ တွေတပ်စွဲထားတဲ့ ကင်းစခန်းကိုသွားမေးရမှာပါ။ အဲ့ဒါမှ သူငယ်ချင်းအလောင်းကို ဘယ်ကို သယ်သွားလဲသိရမယ်ထင်ပါတယ်။ အလောင်းကိုပြန်ယူပြီးသဂြိုလ်ဖို့ပါ။ သူတို့ကမတရားပစ်လိုက်တယ်။ သူငယ်ချင်းဇင်ကိုထက်က ဘာမှတုံပြန်နိုင်စွမ်းမှမရှိတာ။အလောင်းပြန်တောင်းရုံပဲရှိပါတယ်။

မေး။ ။ ဘာမှ မဆိုင်တဲ့ ပြည်သူတစ်ဦးကို PDF ဆိုပြီး ပစ်ခတ်သတ်ဖြတ်လိုက်တာလို့ ပြောရမှာပေါနော်။

ဖြေ။ ။ ဟုတ်ပါတယ်။ အရင်ကတော့ NLDမဲဆွယ်တုန်းကပါဝင်ခဲ့ပါတယ်။ ဆန္ဒပြတုန်းကလည်းပါဝင်ခဲ့တယ်။ စစ်ကောင်စီရဲ့ပစ်ခက်သတ် ဖြတ် မှုတွေ ရှိပြီးတည်းက နိုင်ငံရေးမလုပ်တော့တာပါ။

မေး။ ။ ကိုယ့်သူငယ်ချင်းတစ်ဦး ဒီလို ရက်ရက်စက်စက် အသတ်ခံရတယ်။ ဘာမှ ရှင်းပြ ထုချေခွင့်မရဘဲအသတ် ခံရ တဲ့အပေါ်မှာရောဘာမှတ်ချက်ပြုချင်လဲ။

ဖြေ။ ။ စစ်ကောင်စီကို အရင်ကထက်အဆပေါင်းများစွာ ပိုမုန်းသွားတယ်။ ပိုရွံသွားတယ်။ ဖြစ်နိုင်ရင် သူငယ်ချင်းအတွက်ကိုယ်တိုင်လက် နက်ကိုင်ပြီးတော်လှန်ပစ်ချင်တာ။

မေး။ ။ သေဆုံးသူက အစ္စလမ်ဖြစ်တော့ ရုပ်အလောင်းကို ဘာသာရေး ထုံးတမ်းအရ သဂြိုလ်ဖို့ ဘယ်လိုလုပ်မလဲ။

ဖြေ။ ။ ဖြစ်နိုင်ရင်တော့သေဆုံးပြီး၂၄နာရီအတွင်းသဂြိုလ်ရပါတယ်။ အခက် အခဲရှိရင်တော့အချိန်စွဲခွင့်ရှိပါတယ်။ဒါပေမယ့် အစ္စလာမ်ရဲ့ထုံး တမ်းအစဥ်အလာကတော့၂၄နာရီ အတွင်းသဂြိလ်နိုင်ရင်ပိုကောင်းတာပေါ့။ အလောင်းပြန်ရမရဆိုတာမသိသေးပါဘူး။

မေး။ ။ မိသားစုဘက်က ကိုဇင်ကိုထက် ဒီလို ပစ်သတ်ခံရပြီး သေဆုံးမှုအပေါ် ဘာပြောလဲ။

ဖြေ။ ။ သူသားမတရားအသတ်ခံရတယ်ဆိုပြီးယူကျုံးမရဖြစ်ရပါတယ်။ ညကမှ သတင်းကြားတော့ တစ်ညလုံးမအိပ်ဘဲ မနက်မိုးလင်းမယ့် အချိန်ကိုပဲငိုပြီးထိုင်စောင့်နေရပါတယ်။

မေး။ ။ နောက်တစ်ခုကတော့ အပြစ်မဲ့ ပြည်သူတွေကို အဲဒီလို ရမ်းသမ်းပြီး သတ်ဖြတ်နေမှုကို ကိုယ်တိုင် တွေ့ကြုံခံစားရတော့ ဘာပြောချင်လဲ။ ဖြည့်စွက်ပြောချင်တာရှိရင်လည်းပြောပါ။

ဖြေ။ ။ အပြစ်မဲ့ပြည်သူတေကိုခုလိုသတ်ဖြတ်နေတာတေကိုလုံးဝကန့်ကွက်ပါတယ်။ လက်နက်မဲ့ပြည်သူကိုသက်သက်မဲ့အနိုင်ကျင့်နေတာပါ။ ဒင်းတို့ ဝဋ်လည်ပါစေ။ နောက်ဆုံးအနေနဲ့စစ်ကောင်စီအမြန်ဆုံးကျရှုံးပါစေပဲပြောချင်ပါတယ်။ လူအသက်တွေကို ကြက်ကလေး၊ ငှက်ကလေးသတ်သလိုသတ်နေတာပါ။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s