၀န်ကြီးများ ပါလာသည့် စစ်ကောင်စီယာဉ်တန်းအား တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ် သား ၁၀ ဦးထက် မနည်းကျဆုံး ဟုဆို

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်တွင် ဝန်ကြီးများ ပါလာသည့် ကားရှစ်စီးပါ စစ်ကောင်စီယာဥ္ဉ်တန်းအားဒေသခံ ကာကွယ်ရေး ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးထက် မနည်းကျဆုံးသွားသည်ဟု ပုသိမ်အနောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PWDF)တာဝန်ရှိသူက ပြောသည်။ချောင်းသာ-ပုသိမ် ကားလမ်းအတိုင်း ပုသိမ်မြို့ဘက်သို့ပြန်လာသော ထိုယာဉ်တန်းကို ခြောက်ကောင်ကျေးရွာ တောင်သာယာကုန်းအနီးတွင် နိုဝင်ဘာလ ၁၅ ရက် ညနေ ၃ နာရီ ၄၅ မိနစ်ခန့်အချိန်က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့သည်ဟု ၎င်းကဆိုသည်။

“ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ လေးဖွဲ့ပူးပေါင်းပြီး တောင်သာယာကုန်းနားမှာ မိုင်းခွဲတိုက်ခိုက်ခဲ့တာပါ။ မိုင်းခွဲပြီး ငါးမိနစ်လောက် အပြန်အလှန်ပစ်ခတ်ခဲ့ပါတယ်။ စစ်ကောက်စီတပ်သား ၁၀ ယောက်ထက်မနည်း ကျသွားပါတယ်။ ကျွန်တော်တို့ဘက်ကတော့ အထိအခိုက် မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်”ဟု PWDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။ ထိုယာဉ်တန်းတွင် ချောင်းသာ ကမ်းခြေ Azura Hotel ရှေ့ကမ်းခြေတွင် ပြုလုပ်ခဲ့သည့် ချောင်းသာကမ်းခြေ ခရီးသွားရာသီဖွင့်ပွဲ အခမ်းအနားမှ ပြန်လာသော ဟိုတယ်နှင့်ခရီးသွား ဝန်ကြီး ဒေါက်တာ ဌေးအောင်နှင့် ဧရာဝတီ တိုင်း ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့ လိုက်ပါလာသည်ဟု ဒေသခံများက ပြောသည်။

တိုက်ခိုက်မှုကို ပုသိမ်အနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PWDF) ၊မြစ်ဝ ကျွန်းပေါ် ပြောက်ကျားစစ်ဆင်ရေးတပ်ပေါင်းစု ၊ Beach Defance Force နှင့် ဧရာဝတီတောဝက်တို့ လေးဖွဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ “ဝန်ကြီး နှစ်ယောက်တော့ ထိသွားလား ၊ မထိသွားလားဆိုတာ အတည်ပြုလို့မရသေးပါဘူး “ဟု မြစ်ဝကျွန်းပေါ် ပြောက်ကျားစစ်ဆင်ရေးတပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပစ်ခတ်တိုက်ခိုက်မှုများအပြီး နာရီဝက်ခန့်အကြာ ညနေ ၄ နာရီဝန်းကျင်အချိန်တွင် ပုသိမ်မှ စစ်ကားနှင့် ရဲကား အစီး ၄၀ ခန့် သည် ပစ်ခတ်ခဲ့မှုများ ဖြစ်ပေါ်ခဲ့သော ပုသိမ်-ချောင်းသာ ကားလမ်းပေါ်ရှိ တောင်သာယာကုန်းဘက်သို့ လက်နက်အပြည့်အစုံဖြင့် မောင်းနှင်သွားကြပြီး ကားလမ်းဘေး သစ်တောများအတွင်း စစ်ကောင်စီတပ်သားများနှင့် ရဲများက တောနင်းရှာဖွေခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ထို့ပြင် စစ်ကောင်စီတပ်များသည် အနီးဝန်းကျင် ကျေးရွာများနှင့် ရှောပြာကျေးရွာကို ဝင်ရောက်ရှာဖွေမှုများ လုပ်ဆောင်ခဲ့ပြီး ဒေသခံပြည်သူ ၁၀ ဦးခန့်ကို ဖမ်းဆီးကာ ပုသိမ်-ချောင်းသာ ကားလမ်းတစ်လျှောက် ဖြတ်သန်းသွားလာနေသည့် မော်တော်ယာဥ္များကိုပါ ပိတ်ဆို့စစ်ဆေးခဲ့ကြောင်း သိရသည်။

“မနက်က ချောင်းသာကအပြန် လမ်းမှာစစ်တာ အကြိမ်ကြိမ်ပဲ။ ဥတိုတံတားမှာတစ်ချက် ၊ ချောင်းသာ-ငွေဆောင်လမ်းခွဲ လမ်းဆုံက ဂျမ်းပုံဆိုင်နားမှာတစ်ချက် ၊ ရှောပြာနားမှာ တစ်ချက် ၊ သာပေါင်းလမ်းခွဲမှာ ရော ၊ ပုသိမ်တံတားမှာတော့ အသားကုန်စစ်တာ အ ကုန်မွှေနှောက်ရှာတယ်။ မှတ်ပုံတင်တွေ စစ်တယ် ။ ဘယ်မှာတည်းခဲ့တာလဲ၊ ဘယ်ကလာပြီး ဘယ်တုန်းကရောက်တာလဲ စုံနေတာပဲ။ မသင်္ကာတဲ့ကားဆိုရင် ဆက်မသွားခိုင်းဘူး ။ဘေးချရပ်ခိုင်းထားတယ်။၊

ဒီရက်တွေထဲ ချောင်းသာ၊ ငွေဆောင်ဘက်ကို မသွားတာ အကောင်းဆုံးပဲ”ဟု ချောင်းသာကမ်းခြေမှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာသူ ယာဥ္မောင်းတစ်ဦးက ပြောသည်။စစ်ကောင်စီ၏ ပြည်ထောင်စုဝန်ကြီးယာဥ္တန်း ပစ်ခတ်ခံရသည့် ဖြစ်စဉ်တွင် သေဆုံးဒဏ်ရာရရှိသူ အရေအ တွက်ကိုမူ မဇ္ဈိမ ကသီးသန့် အတည်မပြုနိုင်သေးပေ။ တောင်ပေါ်စစ်ဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေရသူ စစ်သား ငါးဦးခန့်ရှိသည်ဟုဆိုသည့် အတည်ပြုချက်ကိုသာ စစ်ဆေးရုံနှင့် နီးစပ်သည့် အသိုင်းအဝန်းမှ အတည်ပြုချက်ရရှိထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s