KNU တပ်မဟာ ၅ နယ်မြေအတွင်း ၂ ရက်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီမှ တပ် ရင်းမှူး၊ တပ်ခွဲမှူးများအပါအဝင် ၃၂ ဦးသေဆုံး၊ ၅၆ ဦး ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၊ BGF ပူးပေါင်းတပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ကြား နိုဝင်ဘာလ ၁၁ ရက်နှင့် ၁၂ ရက်နေ့ တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ တပ်ရင်းမှူး၊ တပ်ခွဲမှူးများအပါအဝင် ၃၂ ဦး သေဆုံးပြီး ၅၆ ဦး ဒဏ်ရာရကြောင်း KNU မူတြော်သတင်းစဉ်မှ ထုတ်ပြန်သည်။

နိုဝင်ဘာလ ၁၁ ရက်တွင် အကြမ်းဖက်စစ်ကောင်စီတပ် စကခ ၈ လက်အောက်ခံ ခမရ ၄၀၆ တပ်ဖွဲ့များသည် ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မထောကျေးရွာအုပ်စု၊ တောင်သုံးလုံးဒေသအတွင်းသို့ ဝင်ရောက်လာပြီး KNLA နှင့် တစ်ရက်အတွင်း တိုက်ပွဲကြီးပေါင်း ၅ ကြိမ်ဖြစ်ပွားခဲ့ကြောင်း စစ်ကောင်စီတပ်မှ ၁၄ ဦး သေဆုံးကာ ၂၁ ဦး ဒဏ်ရာရကြောင်း သိရှိရသည်။

နိုဝင်ဘာ ၁၂ ရက်တွင်လည်း အဆိုပါ မထောဒေသတွင်း၌ ရင်ဆိုင်တိုက်ပွဲကြီး ထပ်မံဖြစ်ပွားရ စစ်ကောင်စီဘက်မှ တပ်ရင်းမှူး ၁ ဦး၊ တပ်ခွဲမှူး ၁ ဦး အပါအဝင် ၁၄ ဦးသေဆုံး၊ ၃၄ ဦး ဒဏ်ရာရကြောင်း မူတြော်သတင်းစဉ်မှ ရေးသားဖော်ပြသည်။ဘောကျို့ထာ့ဒေသတွင်လည်း နိုဝင်ဘာ လ ၁၂ ရက် မွန်းလွဲ ၁ နာရီမှ ၁ နာရီ ၃၅ မိနစ်အတွင်း ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၄ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရကြောင်း၊ ဘူးသိုမြို့နယ်၊ ခေါပုတ်ဒေသတွင် ရိက္ခာသယ်ယူပို့ဆောင်သည့် စစ်ကောင်စီတပ်အား KNLA က ပစ်ခတ်တိုက်ခိုက်ရာ မြင်း ၆ ကောင် သေဆုံးပြီး ၂ ကောင် ဒဏ်ရာရကြောင်း သိရှိရသည်။

နိုဝင်ဘာလဆန်းပိုင်းမှစတင်ကာ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် လက်ပါးစေ ကရင်နယ်ခြားစောင့်တပ် BGF တပ်များသည် KNU တပ်မဟာ ၅ ဖာပွန်ခရိုင်အတွင်းသို့ နယ်မြေစိုးမိုးရန် တပ်အင်အားများ ဖြည့်တင်းလာသည့်အတွက် KNLA နှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲများ နေ့စဉ်နှင့်အ မျှ ဖြစ်ပွားနေကြောင်း KNU – Mutraw News က သတင်းထုတ်ပြန်သည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s