NUGငွေတိုက်စာချုပ် နိုဝင်ဘာ ၂၂ ရက် စရောင်းမည်

NUG ၏ ငွေတိုက်စာချုပ် နိုဝင်ဘာ ၂၂ ရက် စရောင်းမည်ဖြစ်ကြောင်း NUG ၏စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ကြေညာ သည်။ငွေတိုက်စာချုပ်များ၏ တန်ဖိုးမှာ လေးမျိုးဖြစ်ပြီး ဒေါ်လာ ၁၀၀၊ ၅၀၀၊၁၀၀၀နှင့် ၅၀၀၀ တန်တို့ဖြစ်ကာ သက်တမ်းမှာ နှစ်နှစ်ဖြစ်သည်။
သက်တမ်းပြည့်ပါက သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လွှဲပြောင်းရောင်းချပိုင်ခွင့်ရှိသည်ဟု NUG ကဆိုသည်။NUG မှ ထုတ်ဝေရောင်းချမည့် ငွေတိုက်စာချုပ်များကို ဝယ်ယူရန် ကမ်းလှမ်းမှုများရှိနေပြီး တစ်ဦးတည်းက ဒေါ်လာ ငါးသိန်းဖိုးအထိဝယ်ယူရန် ကမ်းလှမ်းထားခြင်းများရှိသည်ဟု ပြီးခဲ့သည့်သတင်းစာရှင်းလင်းပွဲတွင် NUG ကပြောကြားထားသည်။
ငွေတိုက်စာချုပ်များ၏သက်တမ်းကို နှစ်နှစ်သတ်မှတ်ထားခြင်းမှာ နွေဦးတော်လှန်ရေးကို နှစ်နှစ်အတွင်းအောင်မြင်မည်ဟု ယုံကြည်ပြီး သံဓိ ဌာန် ချထားခြင်းကြောင့်ဟု NUG ကပြောကြားထားသည်။ mizzima