NUG ကို နိုင်ငံတကာ အစိုးရများ သွယ်ဝိုက်အသိအမှတ်ပြုပြီဟု NUCC ပြော

အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) သည် နိုင်ငံတကာအစိုးရများ သွယ်ဝိုက်အသိအမှတ် ပြုသည့် အဆင့် ရောက်နေပြီ ဖြစ်ကြောင်း NUCC သတင်းစာရှင်းလင်းပွဲတွင် ဦးလွင်ကိုလတ်က ပြောသည်။

ဦးလွင်ကိုလတ်သည် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ၏ CRPH ကိုယ်စားလှယ်ဖြစ်သလို NUG၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးလည်းဖြစ်သည်။ “ အထူးသဖြင့် အာဆီယံနဲ့ ပတ်သက်ပြီး စစ်ကောင်စီကို တတ်ရောက်ခွင့် ပိတ်ပင်လိုက်တဲ့ နောက်ပိုင်းမှာ NUG အစိုးရ နဲ့ နိုင်ငံတကာအစိုးရ တွေ့ဆုံမှု မြင့်မားလာပါတယ်။ အသိအမှတ်ပြုမှု အဆင့်က သွယ်ဝိုက်ပြီး အသိအမှတ်ပြုတဲ့ အဆင့်ကို ရောက်ရှိနေပြီး ဖြစ်တယ်။

ဒီထက်ပိုပြီး NUG အစိုးရကို တရားဝင် အသိအမှတ်ပြုဖို့ ကြိုးစားနေတာရှိတယ် ” ဟု ၎င်းက ပြောသည်။ အမျိုးသားညီညွတ်ရေး အတိုင်ပင် ခံကောင်စီ ( NUCC ) က အနာဂတ် ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ယနေ့ နိုဝင်ဘာလ ၁၆ ရက် နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည့် အွန်လိုင်းသတင်းစာ ရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ အာဆီယံ နိုင်ငံများ၏ NUG အပေါ် ဆက်ဆံမှုကိုလည်း ကြိုဆိုကြောင်း ဦးလွင်ကိုလတ်က ပြောဆိုသည်။

NUG ၏ နိုင်ငံခြားဝန်ကြီးဌာနသည် ဗြိတိန်အစိုးရ နိုင်ငံခြား ဝန်ကြီးဌာန ၏ ဓနသဟာယနှင့် နိုင်ငံတကာဖွံ့ဖြိုးရေး ဝန်ကြီးဌာန တွေ့ဆုံမှု အပါအ ဝင် နိုင်ငံတကာ အစိုးရ တာဝန်ရှိသူများ နှင့် တွေ့ဆုံ ဆွေးနွေးမှု ပေါင်း ၂၈ ကြိမ် အထိ ရှိခဲ့ပြီး ဖြစ်သည်။ လက်ရှိအချိန်တွင် NUG အစိုးအဖွဲ့ မြန်မာကိုယ်စားလှယ်ရုံးခန်းများကို ချက်သမ္မတနိုင်ငံ ၊ တောင်ကိုရီးယားနိုင်ငံ ၊ အမေရိကန် ၊ ယူကေ ၊ သြစတြေးလျ နှင့် ပြင်သစ် နိုင်ငံတို့တွင် ဖွင့်လှစ်ထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s