ယင်းမာပင်တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြ




khit thit
khit thit
ငါး၊ ပုစွန်နဲ့မွေးမြူရေးကဏ္ဍအတွက် ချေးငွေထုတ်ပေးဖို့ လာရောက်လျှောက်ထားတဲ့ ကုမ္ပဏီ၊လုပ်ငန်းတွေထဲက ၁၁၄ ခုကို ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေ ထုတ်ယူခွင့်ပြုလိုက်ကြောင်း ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီက နိုဝင်ဘာ ၁၆ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။
ကိုဗစ်ချေးငွေအတွက် တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ လာရောက်လျှောက်ထားသူ ခန့်မှန်းခြေ ၃၆၀ ဦးရှိတဲ့အနက် ၁၁၄ ဦးသာ စာရင်းထုတ်ပြန်နိုင်သေးတာကြောင့် ကျန်ရှိသူတွေကိုလည်း ဆက်လက်ထုတ်ပြန်ပေးသွားမယ်လို့ ချေးငွေစိစစ်ရေးမှာ ပါဝင်တဲ့ပုဂ္ဂိုလ်တဦးက ပြောပါတယ်။
စိစစ်ရွေးချယ်မှုအခြေအနေနဲ့ပတ်သတ်ပြီး ကိုယ်တိုင်ပါဝင်စိစစ်ပေးခဲ့တဲ့ပုဂ္ဂိုလ်က “အခုထုတ်ပြန်တာက ပထမအကြိမ်ပဲ ရှိသေးတယ်။ နောက် ထပ် ဒုတိယအကြိမ်၊ တတိယအကြိမ်တွေ လာပါဦးမယ်။ အခုထုတ်ပေးလိုက်တဲ့ စာရင်းက မွေးမြူရေးရော ရေလုပ်ငန်းရော ၂ ခုစလုံးအတွက် ရောပြီး ထုတ်ပေးခဲ့တာပါ” လို့ပြောပါတယ်။
ချေးငွေလျှောက်ထားသူတွေထံက တင်ပြလာတဲ့ စာရွက်စာတမ်းတွေကို မွေးကုဦးစီးဌာနက အရင်စစ်ဆေးပြီး CPA လက်မှတ်ရတဲ့ Audit အဖွဲ့တွေကလည်း Financial report ကိုစစ်ဆေး ပါတယ်။ ဒီနောက်မှာတော့ လျှောက်ထားတဲ့ ကုမ္ပဏီကို ခန့်မှန်းခြေ ဘယ်လောက်ပေးသင့်တယ်ဆိုတာ ရာဖြတ်အဖွဲ့ကဆုံးဖြတ်ပေးပြီးမှ ဝန်ကြီးဌာနက ထပ်စစ်ဆေးကာ ချေးငွေရရှိတဲ့ သူတွေရဲ့စာရင်းကို ထုတ်ပြန်ပေးတာလို့ သိရပါတယ်။
ဒါကြောင့် ချေးငွေနဲ့ပတ်သတ်ပြီး လျှောက်ထားသူတွေအနေဖြင့် အချက်အလက်တွေ ပြည့်စုံမှန်ကန်အောင် ဆောင်ရွက်ထားဖို့လိုတယ်လို့ အဆိုပါ ပုဂ္ဂိုလ်က ဆက်လက်ပြောပါတယ်။
“ဒိအတွက် ခြံလုပ်ငန်းမှတ်ပုံတင်၊ အခွန်ဆောင်ထားတဲ့ ပြေစာတွေ တင်ရတယ်။ ပြီးတော့ ဝင်ငွေ ထွက်ငွေစာရင်းတွေ ပြရတယ်။ အဲ့အပေါ်မှာ ခြုံငုံပြီးတော့ သုံးသပ်ကြတာပေါ့။ လုပ်ငန်းလုပ်တဲ့သူက အနည်းဆုံး ၂ နှစ်ကျော် ၃နှစ်ရှိရမယ်။ အဲ့ဒိလိုမျိုး အကုန်ပြည့်စုံမှ ပထမအဆင့် အောင်တာပေါ့နော်။ ချေးငွေအနေနဲ့ လုပ်ငန်းအသေးအကြီးအပေါ်မူတည်ပြီးတော့ ဒီတခေါက်က သိန်း တရာလောက် ရကြပါတယ်။ ခြံအသေးလေးတွေ လုပ်ငန်း အသေးလေးတွေပေါ့နော်။ လုပ်ငန်းကြီးတွေကတော့ သူတို့လျှောက်တဲ့အပေါ်မူတည်ပြီး သိန်း သုံးထောင်ကနေ သိန်း ငါးထောင်ကြား ရကြတယ်။”
ချေးငွေစာရင်းထုတ်ယူခွင့်ပါတဲ့သူတွေအနေဖြင့် ကုန်သည်စက်မှုအသင်းချုပ်မှာ ထောက်ခံချက် ယူပြီးတဲ့နောက် ဘဏ်နဲ့ ချိတ်ဆက်ဆောင် ရွက်ရမှာဖြစ်ပါတယ်။ ချေးငွေအတွက် သတ်မှတ်ထားတဲ့ကာလမှာ တနှစ် သတ်မှတ်ထားပြီး အတိုးနှုန်းကတော့ ကင်းလွတ်ခွင့်ရရှိမှာဖြစ်ပါတယ်။
ဒါပေမဲ့ ဘဏ်လုပ်ထုံးလုပ်နည်းနဲ့အညီ စိစစ်ပြီး ချေးငွေထုတ်ပေးရာမှာ ဘဏ်တခုခုမှ တရားစွဲဆိုခံထားရတဲ့ လုပ်ငန်းဖြစ်ပါက ချေးငွေ ရရှိမှာ မဟုတ်ဘူးလို့ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီကထံက သိရပါတယ်။ DVB
မန္တလေးတိုင်းဒေသကြီး ၊ သပိတ်ကျင်းမြို့နယ် မြင်သာကျေးရွာမှာ ဒီနေ့ နိုဝင်ဘာ ၁၇ ရက် နေ့လည် ၁၁ ခွဲဝန်းကျင်ကခန့် CDM ကျောင်းဆရာတစ်ဦး နှင့် အရပ်သား တစ်ဦးစကစမှ ဖမ်းဆီးသွားကြောင်းသိရသည် ။
” နေ့လည် ၁၁ခွဲ လောက်က လာဖမ်းသွားကြတာ ။ CDM ကျောင်း ဆရာရဲ့ အိမ်ကိုတော့ တော်တော်လေး မွှေနောက်ပြီးရှာသွားကြတယ် ၊ ပစ္စည်းတွေကို ရိုက်ခွဲဖျက်စီးပြီး ဘတ္ထရီအိုးတွေ သယ်သွားကြတယ်လို့ ” အမည်မဖော်လိုသူ တစ်ဦး ပြောသည် ။အဆိုပါ ဖမ်းဆီးခံရတဲ့ CDM ကျောင်းဆရာနှင့် အရပ်သားတစ်ဦး တို့အား PDF အဆက်သွယ်ရှိတယ်ဟု ဒလန် သတင်းပေးတိုင်ကြားမှူ့ကြောင့် ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါသည် ။
ဖမ်းဆီးခံရသူ နှစ်ဦးတွင် အရပ်သားတဦး ကို ပြန်လွှတ်ပေးခဲ့သည် ဖြစ်သော်လည်း ရိုက်နှက်ခံရမှူ့ကြောင့် ဒဏ်ရာပြင်းထန်ကြောင်းသိရပြီး CDM ကျောင်းဆရာ ဦးဇော်မင်းအောင်ကတော့ စစ်ကောင်စီရဲ့ ရိုက်နှက် စစ်ဆေးမှူ့ကြောင့် ကြာညှပ်ရဲကင်းစခန်း စစ်ကြောရေးမှာ ဒီညနေ ၅နာရီခန့်က သေဆုံးသွားပြီကြောင်း သိရသည် ။
သပိတ်ကျင်းမြို့နယ်တွင် ဒလန်သတင်းပေးတိုင်ကြားမှု့များကြောင့် ဖမ်းဆီးခံရသူ အများအပြားရှိပြီး စစ်ကြောရေးတွင် ရိုက်နှက်စစ်ဆေးမှူ့ကြောင့် သေဆုံးရခြင်းမှာ ယခုဖြစ်စဉ်သည် ပထမဆုံး ဖြစ်ကြောင်း သိရသည် ။ mizzima
မိတ္ထီလာနည်းပညာတက္ကသိုလ်ကျောင်းသား ကိုအောင်ခန့်မင်းထိန်ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)နဲ့ မိတ္ထီလာ အကျဉ်းထောင်တွင်း တ ရားရုံးကနေ နိုဝင်ဘာ ၁၅ ရက်နေ့မှာ ထောင်ဒဏ် ၃ နှစ်ချလိုက်တယ်လို့ သူ့ရဲ့ မိသားစု အသိုက်အဝန်းက သိရပါတယ်။
ကိုအောင်ခန့်မင်းထိန်ရဲ့ မိသားစုနဲ့ နီးစပ်သူ တစ်ဦးက “နည်းပညာတက္ကသိုလ်စတုတ္ထနှစ် တက်နေသူပေါ့။ မေလ ၁၆ ရက်နေ့က နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးသွားတာ။ အဲဒီနောက် ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ပြီး ထောင်သုံးနှစ် ချလိုက်တာ။ အမိန့်ချတဲ့နေ့ဟာ အချုပ်ခံထားရတာ ၆ လ ပြည့်တဲ့နေ့ပဲ” လို့ ပြောပါတယ်။
ကိုအောင်ခန့်မင်းထိန်ရဲ့ ဖခင်ဟာလည်း စစ်ကောင်စီတွေက လိုက်လံဖမ်းဆီးနေတာကြောင့် တိမ်းရှောင်နေရတယ် လို့ သိရပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့သတင်းထုတ်ပြန်ချက်အရ ဖေဖေါ်ဝါရီ ၁ ရက်ကနေ နိုဝင်ဘာလ ၁၆ရက် အထိ စစ်ကောင်စီက ဖမ်းဆီချုပ်နှောင်ထားတဲ့ နိုင်ငံရေးအကျဉ်းသား ၇၂၉၁ ဦးရှိနေပြီး ၂၈၉ဦးကို ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ သိရပါတယ်။ DVB
ယမန်နေ့ (နိုဝင်ဘာ ၁၆) မှစ၍ စစ်ကောင်စီတပ်က PDF ခေါ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဆက်နွယ်သည်ဟု ယူဆခံရသူတို့၏ နေအိမ်များကို သိမ်းမည်ဟု မန္တလေးတွင် စာကပ် ခြိမ်းခြောက်နေကြောင်း ဒေသခံများထံမှ သိရသည်။
“PDF နေအိမ်များကို သိမ်းမည်၊ ကျေးရွာများကို ရွှေ့ပြောင်းပစ်မည်၊ အကြမ်းဖက် NLD ပါတီ” စသည့် စာသားများပါဝင်သည့် စာရွက်များကို ချမ်းမြသာစည်၊ အမရပူရ စသည့် မြို့နယ်များရှိ ရပ်ကွက်၊ ကျေးရွာများတွင် ကပ်ထားခြင်းဖြစ်သည်။
အလားတူ ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် PDF တို့ကို တိုက်ခိုက်ရေးသားထားသည့် လက်ကမ်းစာစောင်များကိုလည်း စစ်ကောင်စီက ဖြန့်ဝေနေသည်ဟု ဒေသခံများထံမှ သိရသည်။
လက်ခံနေထိုင်ခွင့်ပြုသည့်ကျေးရွာများကို စုစည်းရွာအဖြစ် သတ်မှတ်ပြီး ရွှေ့ပြောင်းမည်ဟုလည်း ခြိမ်းခြောက်ထားကြောင်း မြန်မာပြည်အလယ်ပိုင်းအခြေစိုက် Zero ပြောက်ကျားတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ခြိမ်းခြောက်တာပါပဲဗျ။ သူတို့က PDF ကို ချေမှုန်းဖို့ လုပ်နေတာပဲလေ။ ကျွန်တော်တို့ကတော့ သူတို့ ဘာလုပ်လုပ် စိတ်မဝင်စားဘူး။ ဘာကြေညာချက်ထုတ်ထုတ်၊ လုပ်စရာရှိတာ ဆက်လုပ်နေမှာပါပဲ။ အခုဆို ကျွန်တော်ဆို နေရာ ၂ ခု ချိတ်ပိတ်ခံထားရတာ” ဟု သူက မှတ်ချက်ပြုသည်။
PDF ကို ထောက်ခံမှု နည်းပါးအောင် လုပ်ဆောင်ခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
ယမန်နေ့က အမရပူရမြို့နယ်အတွင်းရှိ ကျေးရွာတချို့တွင် အဆိုပါစာရွက်များ လာကပ်သည့် စစ်သားတို့က စာရွက် ဆုတ်ဖြဲ၊ ခွာယူပါက ရွာကို လာမွှေမည်ဟု ခြိမ်းခြောက်ခဲ့ကြသည်ဟု သိရသည်။
ယနေ့ မနက်တွင် စစ်ကောင်စီတပ်သားများ ကမ္ဘဲ့ကျေးရွာသို့ ရောက်လာပြီး ဒေသခံများကို စာရွက်ဖျက်ဆီးသည်ဟု စွပ်စွဲ ရိုက်နှက်သွားသည်ဟု အမရပူရမြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
“ကျွန်တော်သိသလောက်တော့ ရွာ ၇ ရွာ လောက်ကို ကပ်တာမှာ ကမ္ဘဲ့(ရွာ)က စာရွက်တချို့ ဆုတ်ဖြဲခံရတယ်။ မနေ့က ကြိမ်းသွားတဲ့ကြားထဲက ဆုတ်ဖြဲခံရတော့ ဒီနေ့မနက်ကတည်း စစ်သားတွေ ရွာထဲ ရောက်လာပြီး ရွာကို ပိတ်၊ တွေ့သမျှ ရွာသားတွေ ခေါ်စစ်၊ ရိုက်နှက်ပဲ၊ အဲ့ဒီဘက်ကို လုံးဝသွားမရဘူး”ဟု ထိုအမျိုးသားက ပြောသည်။
စစ်သားတို့ လိုက်ကပ်သည့်စာများတွင် NLD ပါတီသည် အစွန်းရောက်အကြမ်းဖက်မှုများ လုပ်ဆောင်နေကြောင်း စွပ်စွဲထားပြီး မြန်မာ့မြေပေါ်တွင် ရပ်တည်ခွင့်မရှိတော့ကြောင်း ဖော်ပြထားသည်။
အာဏာသိမ်းမှု ထောက်ခံသည်ဟု ဆိုသူများ(စစ်တပ်လက်ပါးစေများ) က အွန်လိုင်းလူမှုကွန်ရက်တွင်လည်း အမည်ဝှက်မျိုးစုံဖြင့် အလားတူ ရေးသားလှုံ့ဆော်နေသည်။
အာဏာသိမ်းစစ်တပ်သည် ရွေးကောက်ပွဲတွင် မဲအပြတ်သတ်အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင်များကို ဖမ်းဆီးပြီး ပါတီကို နည်းလမ်းမျိုးစုံသုံး၍ တိုက်ခိုက်လျက်ရှိသည်။
ရွေးကောက်ပွဲအနိုင်ရလွှတ်တော်အမတ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ ယင်းကော်မတီက ဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် စစ်ကောင်စီက ကြေညာထားသည်။
NUG ကလည်း စစ်ကောင်စီသည် အာဏာဖီဆန်သည့် လူထုကို ပစ်ခတ်သတ်ဖြတ်မှုများအတွက် တာ၀န်ရှိသည့် အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည်ဟု သတ်မှတ်ကြေညာထားသည်။ myanmar now
khit thit
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ လှိုင်းချောင်းတမံလမ်းခွဲအနီးက နေအိမ်အချို့ကို နိုဝင်ဘာ ၁၆ ရက်နေ့ ညနေ ၅ ခွဲလောက် အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ဘာကြောင့် အခုလို မီးရှို့တာလဲဆိုတော့ ကျနော်တို့ရွာနဲ့ မိုင်ဝက်ခန့်ဝေးတဲ့နေရာမှာ ဒီကောင်တွေကို ဒေသခံပြည်သူကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်တာတွေတော့ ရှိတယ်။ အဲလိုလုပ်တာကလည်း ကျနော်တို့ရွာသားတစ်ယောက်မှ မပါဘူး။ သူတို့ကဗျာ ကြွက်မနိုင် ကျည်တိုက် မီးနဲ့ရှို့တာပဲလို့ ပြောရမယ်ဗျ။ နေအိမ် ၄ လုံးတော့ မီးလောင်သွားတယ်။ ဘာပစ္စည်းမှမရလိုက်ဘူး” လို့ ဒေသခံရွာသားတစ်ဦးကပြောပါတယ်။
အဆိုပါ မီးရှို့ခံရတဲ့ ကျေးရွာဟာ စတင်တည်ထောင်စ ပြည်ထဲရေးအမည်မပေါက်သေးတဲ့ ကျေးရွာအသစ်တစ်ခုဖြစ်ပြီး နေအိမ် ၁၅ လုံးပဲ ရှိသေးတယ်လို့ သိရပါတယ်။
အဆိုပါကျေးရွာကို အနီးပတ်ဝန်းကျင်ကျေးရွာတွေက ရွာသစ်ကျေးရွာလို့ ခေါ်ကြပြီး မိရိုးဖလာတောင်သူလုပ်ငန်းလုပ်ကိုင်ကာ ပုလဲ-ဂန့်ဂေါ်သွားလမ်းနဲ့ နွယ်အင်း၊ ချောင်းဦးကျေးရွာ စတဲ့ ကျေးရွာတွေဆီသွားတဲ့ လမ်းဆုံဖြစ်တာကြောင့် တစ်ပိုင်တစ်နိုင် ဈေးရောင်းတာတွေလည်း လုပ်ကိုင်ကြတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ DVB
ကလေးပြည်သူ့ ကာကွယ်ရေးတပ် တပ်ရင်း (၃) မှ ဖမ်းဆီးခံခဲ့ရသော ဆေးတပ်ဖွဲ့ဝင်များကို စစ်ကောင်စီလက်မှ ကယ်ထုတ်နိုင်ရန် တိုက်ပွဲဝင်သွားမည်ဟု ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ Ranger Kalay Defend Force(RKDF) က ယနေ့ နိုဝင်ဘာလ ၁၇ ရက်တွင် ထုတ်ပြန် သည်။
‘’ဖမ်းဆီးခံရသော ဆေးအဖွဲ့ (Medical Team) မှ တပ်ဖွဲ့ဝင်များအား ပြန်လည် ကယ်ထုတ်နိုင်ရန် မိမိတို့ Ranger Kalay Defend Force က စစ်ကောင်စီတပ်သား (စစ်ခွေး) များကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက် ချေမှုန်းသွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်” ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။
ယမန်နေ့ နိုဝင်ဘာလ ၁၆ ရက် နံနက် ၈ နာရီ မိနစ် ၃၀ တွင် ကလေးမြို့ အနောက်တောင်ပိုင်းရှိ ကလေးမြို့ ကာကွယ်ရေးတပ်ဖွဲ့ (Kalay- PDF) ၏ ကာကွယ်ရေးစခန်း တစ်ခုအား စစ်ကောင်စီ တပ်များက ဝင်ရောက်စီးနင်းရာ ဆေးတပ်သားများ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ အဖမ်းခံရသူ အများစုမှာ Kalay -PDF တပ်ရင်း (၃)မှ ဆေးတပ်ဖွဲ့ဝင်များ ဖြစ်ပြီး အမျိုးသား နှစ်ဦး နှင့် အမျိုးသမီး ရှစ်ဦး ပါဝင်သည်။ ဖမ်းဆီးခံ အမျိုးသမီးများ၏ ပုံများသည် လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့နေပြီး ဆေးတပ်ဖွဲ့ဝင်များ ဖြစ်သည်မှာ မှန်ကန်ကြောင်း Kalay- PDF က အတည်ပြုထားသည်။
ကလေးမြို့နယ် အနောက်တောင်ဘက် တောင်ကြောတစ်လျှောက် အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းများနှင့် နယ်မြေခံ ပြည်သူ့ကာကွယ် ရေး ပူးပေါင်းအဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး ပြည်သူများလုံခြုံရေး သတိရှိရန် ဒေသခံ ကာကွယ်ရေးတပ်များက သတိပေး ထုတ်ပြန်ထားသည်။ mizzima
ထိုင်းနိုင်ငံအနောက်ပိုင်း၊ ပရကျူပ်ခီရီခန်ခရိုင်၊ ပရကျူပ်မြို့နယ် ခလောင်းဝပ်အုပ်စု လိုက်ခလော့ကျေးရွာအနီးမှာ နိုဝင်ဘာ ၁၆ ရက်က တရား မဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၈၆ ဦး ဖမ်းဆီးခံရပါတယ်။
မြန်မာနိုင်ငံကနေ ထိုင်းကိုအလုပ်လုပ်ဖို့လာတဲ့ ရွှေ့ပြောင်းလုပ်သား အမျိုးသား ၅၂ ယောက် အမျိုးသမီး ၃၄ ယောက် စုစုပေါင်း ၈၆ ယောက်ကို ဖမ်းဆီးရမိကြောင်း ထိုင်းတော်ဝင်တပ်ဖွဲ့ Army PR Center က ထုတ်ပြန်ပါတယ်။
စစ်ဆေးမေးမြန်းချက်အရ ဖမ်းမိသူတွေဟာ ထားဝယ်၊ ပဲခူး၊ နေပြည်တော် စတဲ့ဒေသကလာပြီး ဘန်ကောက်၊ စမွတ်စခွန်း၊ နခွန်းပထုံ၊ ပရကျူပ်ခီရီခန်နဲ့ ချွန်းပူးရီးခရိုင်မှာ အလုပ်လာလုပ်ဖို့ ပွဲစားကို တစ်ဦးလျှင် ဘတ် ၁၇၀၀၀ စီပေးပြီး ဝင်ရောက်လာတာလို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက သူတို့ကို အပူချိန်တိုင်းပြီး လ.ဝ.က ဥပဒေအရဆက်လက်အရေးယူဖို့ ပရကျုပ်ခီရီခန်နယ်မြေရဲစခန်းကို ပို့ဆောင်လိုက်ကြောင်း သတင်းမှာဖော်ပြပါတယ်။ DVB
ကေအန်ယူ ထိန်းချုပ်နယ်မြေ သထုံခရိုင်အတွင်းမှာ စစ်ကောင်စီတပ်လက်အောက်ခံ BGF တပ်နဲ့ KNLA တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး BGF တပ်ဖွဲ့ဝင်၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူ တပ်မဟာ (၁) က သတင်းထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၁၅ ရက် မနက် ၉ နာရီက ဘားအံမြို့နယ်၊ ဟတ္တလိုက် ကျေးနယ်အုပ်စု၊ ဖလံတောင်ကျေးရွာနဲ့ နို့အောလာကျေးရွာအကြားက မဲသနချောင်းအနီးမှာ BGF-၁၀၁၄ တပ်ရင်း ဗိုလ်တင်ဝင်းဦး၊ ဗိုလ်ကြာအေး၊ ဗိုလ်လားသစ်ပူးပေါင်းတပ်ဖွဲ့နဲ့ KNLA တပ်ရင်း ၁ တို့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
ကေအန်ယူ တပ်မဟာ ၁ တာဝန်ရှိသူ တစ်ဦးက “နယ်မြေကျော်ဝင်ရောက်လာလို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်။ တိုက်ပွဲအတွင်းမှာ BGF ၂ ဦးသေပြီး ၃ ဦးဒဏ်ရာရတယ်။ KNLA ဘက်က ထိခိုက်မှုမရှိဘူး။”လို့ ပြောပါတယ်။
စစ်ကောင်စီ လက်အောက်ခံ BGFတပ်ဖွဲ့ဝင်တွေက ဒေသခံတွေကို အတင်းအဓမ္မပေါ်တာဆွဲ ခိုင်းစေတာတွေအပြင် လူသားဒိုင်းအဖြစ် အသုံးချတာစတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတယ်လို့လည်း ကေအန်ယူဘက်က ပြောပါတယ်။
အတင်းအဓမ္မပေါ်တာအဖြစ် ခေါ်ဆောင်ခံရသူတွေကတော့ ဘားအံမြို့နယ်၊ ရေအေးကျေးရွာက အမျိုးသား ၅ ဦး၊ ဖလံတောင်ကျေးရွာက ၈ ဦး (ပြန်မလွတ်သေး)၊ နိ့အောလာကျေးရွာက ၁၀ ဦးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
BGFပူးပေါင်း တပ်ဖွဲ့တွေဟာ လက်ရှိမှာ ဟတ္တလိုက်ကျေးနယ်အုပ်စုအတွင်းက ဖလံတောင်ကျေးရွာနဲ့ ရေအေးကျေးရွာတွေမှာ တပ်စွဲစခန်းချထားပါတယ်။
နိုဝင်ဘာ ၁၄ ရက်ကလည်း BGF-၁၀၁၄ တပ်ဖွဲ့တွေနဲ့ ကေအန်ယူ တပ်မဟာ ၁ ၊ တပ်ရင်း ၁ တို့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။
အောက်တိုဘာ ၁၅ ရက်က နို့အောလာကျေးရွာကနေ ရေအေးကျေးရွာကိုသွားတဲ့ ဒေသခံရွာသား တဦးပိုင်တဲ့ PROBOX ယာဥ် ၁ စီးကို BGF တပ်ဖွဲ့ဝင်တွေက အဓမ္မယူဆောင်သွားခဲ့တယ်လို့ ကေအန်ယူ တပ်မဟာ ၁ က သတင်းထုတ်ပြန်ထားပါတယ်။ DVB