စစ်တပ်က ဖမ်းသွားသည့် PDF ဆေးတပ်သားများကို ကယ်ထုတ်ရန် တိုက်ခိုက်သွားမည်ဟု RKDF ထုတ်ပြန်

ကလေးပြည်သူ့ ကာကွယ်ရေးတပ် တပ်ရင်း (၃) မှ ဖမ်းဆီးခံခဲ့ရသော ဆေးတပ်ဖွဲ့ဝင်များကို စစ်ကောင်စီလက်မှ ကယ်ထုတ်နိုင်ရန် တိုက်ပွဲဝင်သွားမည်ဟု ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ Ranger Kalay Defend Force(RKDF) က ယနေ့ နိုဝင်ဘာလ ၁၇ ရက်တွင် ထုတ်ပြန် သည်။

‘’ဖမ်းဆီးခံရသော ဆေးအဖွဲ့ (Medical Team) မှ တပ်ဖွဲ့ဝင်များအား ပြန်လည် ကယ်ထုတ်နိုင်ရန် မိမိတို့ Ranger Kalay Defend Force က စစ်ကောင်စီတပ်သား (စစ်ခွေး) များကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက် ချေမှုန်းသွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်” ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၆ ရက် နံနက် ၈ နာရီ မိနစ် ၃၀ တွင် ကလေးမြို့ အနောက်တောင်ပိုင်းရှိ ကလေးမြို့ ကာကွယ်ရေးတပ်ဖွဲ့ (Kalay- PDF) ၏ ကာကွယ်ရေးစခန်း တစ်ခုအား စစ်ကောင်စီ တပ်များက ဝင်ရောက်စီးနင်းရာ ဆေးတပ်သားများ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ အဖမ်းခံရသူ အများစုမှာ Kalay -PDF တပ်ရင်း (၃)မှ ဆေးတပ်ဖွဲ့ဝင်များ ဖြစ်ပြီး အမျိုးသား နှစ်ဦး နှင့် အမျိုးသမီး ရှစ်ဦး ပါဝင်သည်။ ဖမ်းဆီးခံ အမျိုးသမီးများ၏ ပုံများသည် လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့နေပြီး ဆေးတပ်ဖွဲ့ဝင်များ ဖြစ်သည်မှာ မှန်ကန်ကြောင်း Kalay- PDF က အတည်ပြုထားသည်။

ကလေးမြို့နယ် အနောက်‌တောင်ဘက် တောင်ကြောတစ်လျှောက် အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းများနှင့် နယ်မြေခံ ပြည်သူ့ကာကွယ် ရေး ပူးပေါင်းအဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး ပြည်သူများလုံခြုံရေး သတိရှိရန် ဒေသခံ ကာကွယ်ရေးတပ်များက သတိပေး ထုတ်ပြန်ထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s