ဆားလင်းကြီးတွင် ရဲကား ၂ စီးနှင့် စစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်မှာ နိုဝင်ဘာ ၁၆ ရက်နေ့က စစ်​ကောင်စီယာဉ်တန်းနဲ့ ရဲကား ၂ စီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။ 

ဆားလင်းကြီးမြို့နယ် မြန်မာ ဝမ်​ပေါင်၊ မြန်မာ ယန်စီ လုပ်ကွက်အနီး မုံရွာ-ပုသိမ် ကားလမ်း​​ဘေးက ၁၆ ကုတင်ဆန့် တိုက်နယ်​ဆေးရုံအနီး ည ၈ နာရီဝန်းကျင်လောက် တိုက်ခိုက်ခံရတာလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီကား​တွေ​ပေါ်မှာ ရဲအရာရှိအပါဝင် ရဲတပ်သားတွေ လိုက်ပါလာပြီး မိုင်းဆွဲတိုက်ခိုက်ခံရမှု​ကြောင့် ဒဏ်ရာရသူ ၂ ​ယောက်အား ဆားလင်းကြီး​ဆေးရုံကို အရေးပေါ်ပို့လိုက်ရပြီး ထိခိုက်ကျဆုံးမှု အ​ရေအတွက် အတိကျ မသိရ​သေးဘူးလို့ ​ဒေသခံ​တစ်ဦးက ​ပြောပါတယ်။ 

အခုလို မိုင်းဆွဲတိုက်ခိုက်မှုကို ညီ​နောင်မဟာမိတ်အဖွဲ့များနဲ့ ရဲ​ဘော်​နောင်​တော်ကြီး ဦး​ဆောင်​တဲ့ ချင်းတွင်းဂဠုန်ဇာရာအဖွဲ့သားများပူး​ပေါင်းကာ ပ​ဒေသာမိုင်းနဲ့ လုပ်​ဆောင်ခဲ့တာလို့ သိရပါတယ်။

နိုဝင်ဘာ ၁၆ ရက်​ ညနေ ၃ နာရီလောက်ကလည်း ဆားလင်းကြီးမြို့နယ် ​ရွှေသမင်​ကျေးရွာ တံတားအနီးမှာ စစ်​ကောင်စီတပ်ယာဥ်တန်းကို ယင်းမာပင် နဲ့ ဆားလင်းကြီး PDF အဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ကားတစ်စီးပျက်စီးသွားပြီး ထိခိုက်ဒဏ်ရာရမှုအခြေအနေကိုတော့ မသိရသေးပါဘူး။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s