ဆားလင်းကြီးမြို့နယ်တွင် ဒေသခံပြောက် ကျားတပ်က စစ်ကား ၄ စီးကို မိုင်းခွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲမှာ  နိုဝင်ဘာ ၁၆ ရက် ညနေပိုင်းက စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့   စစ်ကား ၄ စီးကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ပြောက်ကျားတပ်ဖွဲ့က ဒီဗွီဘီကို ပြောပါတယ်။

ဆားလင်းကြီး လည်ငေါက်လမ်းပေါ်မှာ ညနေ ၃ နာရီလောက်က စစ်သားတွေ စီးနင်းလိုက်ပါလာတဲ့ ကားလေး ၄ စီးကို မိုင်းခွဲခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သားတချို့ ဒဏ်ရာရသွားတယ်လို့လည်း ပြောပါတယ်။

“၄ ယောက်လောက် လေထဲမြောက်တက်သွားတယ်။ ကျနော်တို့ ဗွီဒီယိုထဲမှာလည်းပါတယ်။ ဒဏ်ရာရတာလည်း အများကြီးပဲ။ ကျနော်တို့ဘက်က ထိခိုက်တာ မရှိပါဘူး။ တခြား ပြောက်ကျားတပ်ဖွဲ့တွေနဲ့ ပူးပေါင်းလုပ်တာပါ” လို့ စစ်ဆင်ရေးမှာပါဝင်တဲ့ One Star Task Force အဖွဲ့ဝင်တယောက်က ပြောပါတယ်။

ဒါဟာ နိုဝင်ဘာ ၉ ရက်နေ့က ယင်းမားပင်မြို့နယ်၊ တည်ပင်ကန်ရွာနားမှာ စစ်ကောင်စီနဲ့တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်သား ၃ ယောက်ကျဆုံးခဲ့တဲ့အပေါ် လက်တုံ့ပြန်တိုက်ခိုက်တာလို့လည်း ဒေသခံပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s