တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၇၅၀ ကျော်၊ ၁၇ ဦးထပ်မံသေဆုံး

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် အယောက် ၇၅၀ ကျော်နဲ့ ထပ်မံသေဆုံးသူ ၁၇ ယောက်ရှိခဲ့တယ်လို့ အကြမ်း ဖက်စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၆ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ် ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက် အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။

ဝန်ကြီးဌာနထုတ်ပြန်ချက်ထဲမှာတော့ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၂၆,၂၇၁ ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် အယောက် ၇၅၄ တွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း  ၂ ဒသမ  ၈၇ ရာခိုင်နှုန်းကျော် ရှိနေပါတယ်။

ရောဂါပြန်လည်ပျောက်ကင်းသက်သာလာလို့ ဆေးရုံက ဆင်းခွင့်ရသူအရေအတွက်က တော့ ၁,၁၃၄ ယောက်ရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်းကတော့ ၅၁၄,၇၁၆ ယောက် ရှိနေပြီး သေဆုံးသူအရေအတွက်က တော့ ၁၈,၉၆၃ ယောက် ရှိနေပါတယ်။

ကာကွယ်ဆေးထိုးနှံပြီးစီးမှုအနေနဲ့ နိုဝင်ဘာ ၁၃ ရက်အထိ ကာကွယ်ဆေး ၁ ကြိမ် ထိုးနှံပြီးသူ ၅ ဒသမ ၁၃ သန်းကျော်၊ ၂ ကြိမ်အပြည့်ထိုးနှံပြီးသူ  ၉ ဒသမ ၅၆ သန်းကျော်နဲ့ စုစု ပေါင်း ၁၄ ဒသမ ၆၉ သန်းကျော်ရှိခဲ့ပြီလို့ စစ်ကောင်စီ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s