မိတ္ထီလာနည်းပညာတက္ကသိုလ် ကျောင်းသား ၁ ဦး ထောင်ဒဏ် ၃ နှစ်ချမှတ်ခံရ

မိတ္ထီလာနည်းပညာတက္ကသိုလ်ကျောင်းသား ကိုအောင်ခန့်မင်းထိန်ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)နဲ့   မိတ္ထီလာ အကျဉ်းထောင်တွင်း တ ရားရုံးကနေ  နိုဝင်ဘာ ၁၅ ရက်နေ့မှာ ထောင်ဒဏ်  ၃ နှစ်ချလိုက်တယ်လို့ သူ့ရဲ့ မိသားစု အသိုက်အဝန်းက သိရပါတယ်။

ကိုအောင်ခန့်မင်းထိန်ရဲ့ မိသားစုနဲ့ နီးစပ်သူ တစ်ဦးက “နည်းပညာတက္ကသိုလ်စတုတ္ထနှစ် တက်နေသူပေါ့။ မေလ ၁၆ ရက်နေ့က နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးသွားတာ။ အဲဒီနောက် ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ပြီး ထောင်သုံးနှစ် ချလိုက်တာ။ အမိန့်ချတဲ့နေ့ဟာ အချုပ်ခံထားရတာ  ၆ လ ပြည့်တဲ့နေ့ပဲ” လို့ ပြောပါတယ်။ 

ကိုအောင်ခန့်မင်းထိန်ရဲ့ ဖခင်ဟာလည်း စစ်ကောင်စီတွေက လိုက်လံဖမ်းဆီးနေတာကြောင့် တိမ်းရှောင်နေရတယ် လို့ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့သတင်းထုတ်ပြန်ချက်အရ ဖေဖေါ်ဝါရီ ၁ ရက်ကနေ  နိုဝင်ဘာလ ၁၆ရက် အထိ စစ်ကောင်စီက ဖမ်းဆီချုပ်နှောင်ထားတဲ့ နိုင်ငံရေးအကျဉ်းသား ၇၂၉၁ ဦးရှိနေပြီး ၂၈၉ဦးကို ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ သိရပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s