ရေဦးတိုက်ပွဲအတွင်း စစ်သား ၁၀ ဦးကျော် သေဆုံး၊ ပြည်သူ ၁ သောင်းကျော် တိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်၊ တင်းတိမ်ယံရွာအနီးနဲ့ ဇီးတောလေးရွာအနီးတို့မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး ဒေသခံ ၁ သောင်းကျော် စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၁၆ ရက် နေ့လယ်ပိုင်းက ကျေးရွာတွေအတွင်း စီးနင်းဝင်ရောက်ပြီး ပြန်ထွက်လာတဲ့ စစ်ကောင်စီတပ်တွေကို ရေဦးပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့က  မိုင်းဆွဲတိုက်ခိုက်ရာမှ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တာလို့ ရေဦး PDF က ထုတ်ပြန်ထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းအဖွဲ့က တင်းတိမ်ယံအုပ်စုအတွင်းရောက်လာတဲ့ စစ်ကောင်စီ ခြေလျင်စစ်ကြောင်း စတင်မိုင်းဆွဲတိုက် ခိုက်ရာမှာ စစ်တပ်က‌ သေနတ်နဲ့ အတွဲလိုက်ပြန်လည်ပစ်ခတ်ခဲ့သလို လက်နက်ကြီးတွေနဲ့လည်း ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့က ရဲဘော်တွေ အမြန်ပြန်ဆုတ်ခဲ့ရပြီး ထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။

နေ့လယ်ပိုင်းကနေ ညနေပိုင်းအထိ ထိတွေ့တိုက်ပွဲအတွင်း  စစ်ကောင်စီဘက်က ၁၀ ယောက်ကျော် သေဆုံးကာ အပြစ်မဲ့ပြည်သူ ၃ ဦးလည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတစ်ဦးက “တင်းတိမ်ယံရွာ အသက် ၁၅ နှစ်အရွယ် သဲကြီးကုန်းဘုန်းကြီးကျောင်းသား တစ်ယောက်ရယ်၊ ရွာထဲက စိတ်မမှန်သူတစ်ယောက်နဲ့ အမည်မသိ လက်ပြန်ကြိုးတုပ် ဦးခေါင်းပစ်ခတ်ခံရတဲ့ ဒဏ်ရာနဲ့ သေဆုံးနေသူတစ်ယောက်၊ စုစုပေါင်း ပြည်သူ ၃ ယောက် သေတယ်” လို့ ပြောပါတယ်။

အကြမ်းဖက်စစ်တပ် ပစ်ခတ်မှုကြောင့် မောင်ရှိုင်းထက်ဇော် (အသက် ၁၅ နှစ်)၊ မောင်အောင်ကိုဝင်း (အသက် ၃၀) နဲ့ အမည်မသိ တစ်ဦး သေ ဆုံးခဲ့တယ်လို့ ဆိုပါတယ်။

တင်းတိမ်ယံ တိုက်ပွဲကြောင့် ကျေးရွာ ၇ ရွာလောက်က ပြည်သူ ၁ သောင်းကျော် စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s