သပိတ်ကျင်းမြို့နယ်အတွင်း CDM ကျောင်း ဆရာ ၁ ဦး စကစ မှ ဖမ်းဆီးခံရပြီး စစ်ကြောရေးတွင် သေဆုံး

မန္တလေးတိုင်းဒေသကြီး ၊ သပိတ်ကျင်းမြို့နယ် မြင်သာကျေးရွာမှာ ဒီနေ့ နိုဝင်ဘာ ၁၇ ရက် နေ့လည် ၁၁ ခွဲဝန်းကျင်ကခန့် CDM ကျောင်းဆရာတစ်ဦး နှင့် အရပ်သား တစ်ဦးစကစမှ ဖမ်းဆီးသွားကြောင်းသိရသည် ။
” နေ့လည် ၁၁ခွဲ လောက်က လာဖမ်းသွားကြတာ ။ CDM ကျောင်း ဆရာရဲ့ အိမ်ကိုတော့ တော်တော်လေး မွှေနောက်ပြီးရှာသွားကြတယ် ၊ ပစ္စည်းတွေကို ရိုက်ခွဲဖျက်စီးပြီး ဘတ္ထရီအိုးတွေ သယ်သွားကြတယ်လို့ ” အမည်မဖော်လိုသူ တစ်ဦး ပြောသည် ။အဆိုပါ ဖမ်းဆီးခံရတဲ့ CDM ကျောင်းဆရာနှင့် အရပ်သားတစ်ဦး တို့အား PDF အဆက်သွယ်ရှိတယ်ဟု ဒလန် သတင်းပေးတိုင်ကြားမှူ့ကြောင့် ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါသည် ။
ဖမ်းဆီးခံရသူ နှစ်ဦးတွင် အရပ်သားတဦး ကို ပြန်လွှတ်ပေးခဲ့သည် ဖြစ်သော်လည်း ရိုက်နှက်ခံရမှူ့ကြောင့် ဒဏ်ရာပြင်းထန်ကြောင်းသိရပြီး CDM ကျောင်းဆရာ ဦးဇော်မင်းအောင်ကတော့ စစ်ကောင်စီရဲ့ ရိုက်နှက် စစ်ဆေးမှူ့ကြောင့် ကြာညှပ်ရဲကင်းစခန်း စစ်ကြောရေးမှာ ဒီညနေ ၅နာရီခန့်က သေဆုံးသွားပြီကြောင်း သိရသည် ။
သပိတ်ကျင်းမြို့နယ်တွင် ဒလန်သတင်းပေးတိုင်ကြားမှု့များကြောင့် ဖမ်းဆီးခံရသူ အများအပြားရှိပြီး စစ်ကြောရေးတွင် ရိုက်နှက်စစ်ဆေးမှူ့ကြောင့် သေဆုံးရခြင်းမှာ ယခုဖြစ်စဉ်သည် ပထမဆုံး ဖြစ်ကြောင်း သိရသည် ။ mizzima