သမစိတ္တကျေးရွာသား ကိုသန့်ဇင်အောင် အ ကြမ်းဖက် ဖက်ဆစ် စစ်တပ်၏ သက်သေမပါဘဲ မှားယွင်းဖမ်းဆီးခံရ ၊ ထားဝယ်တွင် လာအဖမ်းမခံလျှင် အိမ်သားများကို ဖမ်းမည်ဟု ဖုန်းဆက်ခြိမ်းခြောက်ကာ ဖမ်းဆီးမှု အကြမ်းဖက် ဖက်ဆစ် စစ်တပ် ကျူးလွန်

သမစိတ္တကျေးရွာနေ ကိုသန့်ဇင်အောင် အကြမ်းဖက် စစ်တပ်၏ မှားယွင်းစွပ်စွဲ ဖမ်းဆီခံရ

==============================================================

ပဲခူးတိုင်း ထန်းတပင်မြို့နယ် သမစိတ္တကျေးရွာသား ကိုသန့်ဇင်အောင်သည် မြဝတီမြို့မှ အပြန် မရမ်းချောင်ဂိတ်တွင် အကြမ်းဖက် ဖက်ဆစ် စစ်တပ်၏ မတရားဖမ်းဆီးခံခဲ့ရကြောင်း မိသားစုဝင်များက ပြောကြားသည်။ကိုသန့်ဇင်အောင်မှာ နိုဝင်ဘာလ ၁၅ ရက်နေ့ နေ့လယ် ၁ နာရီခွဲဝန်းကျင်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ မည်သည့်အတွက်ကြောင့် ဖမ်းဆီးခံရသည်ကို မသိရှိရဘဲ သက်သေမပါဘဲ မှားယွင်းစွပ်စွဲဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း၊ လက်ရှိအချိန်အထိ ကိုသန့်ဇင်အောင်၏ သတင်းအစအနကို မကြားသိရကြောင်း မိသားစုဝင်များက ပြောဆိုသည်။

——————-

လာအဖမ်းမခံလျှင် အိမ်သားများကို ဖမ်းမည်ဟု ဖုန်းဆက်ခြိမ်းခြောက်ကာ ဖမ်းဆီးမှု အကြမ်းဖက် ဖက်ဆစ် စစ်တပ် ကျူးလွန်

=======================================================================================

ထားဝယ်မြို့၊ ကရပ်ပြင်မြောက်ရပ်ကွက်တွင် နေထိုင်သည့် ကိုသီဟထွေးကို အကြမ်းဖက် ဖက်ဆစ်စစ်တပ်က နိုဝင်ဘာလ ၁၆ ရက်နေ့ ည ၁၁ နာရီခန့်တွင် လူအင်အား ၁၀ ဦးခန့်ဖြင့် လာရောက် ဖမ်းဆီးခဲ့သည်ဟု အဆိုပါရပ်ကွက်အတွင်း နေထိုင်သူများက ပြောကြားသည်။ ကိုသီဟထွေးကို ဖမ်းဆီးရာတွင် နေအိမ်တွင် မတွေ့၍ မိဘများနှင့် မိသားစုဝင်များကို ခြိမ်းခြောက် ဖုန်းဆက်ခေါ်ခိုင်းခဲ့ခြင်းဖြစ်ပြီး ကိုသီဟထွေးက အိမ်သားများနှင့် ခြိမ်းခြောက်ခံရ၍ လာရောက် အဖမ်းခံခဲ့ခြင်းဖြစ်သည်။ “ကိုသီဟထွေးကိုဖုန်းဆက်ခိုင်းတယ်။ လာဖမ်းခံရင် လာဖမ်းခံ မ ဟုတ်ရင် အိမ်သားတွေ ဖမ်းမယ် ခြိမ်းခြောက်လို့ ကိုသီဟထွေး လာဖမ်းခံတယ်” ဟု ကရပ်ပြင်မြောက်ရပ်ကွက်နေသူတစ်ဦးက ဆိုသည်။ ကိုသီဟထွေးကို အကြမ်းဖက် ဖက်ဆစ် စစ်တပ်က မည်သည့် အကြောင်းအရင်းဖြင့် လာရောက်ဖမ်းဆီးရသည်ကို မသိရှိရကြောင်း ရပ်ကွက်အတွင်း နေထိုင်သူများက ပြောဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s