Non CDM ပညာရေးမှူးရုံး စာရေးကို ထောင် ဒဏ် ၁၀ နှစ်မှ တစ်သက်အထိ ချနိုင်သည့် ပုဒ်မဖြင့်အမှုဖွင့်၊ နေအိမ်ကိုပါချိပ်ပိတ်

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ပညာရေးမှူးက အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် မပါဝင်သူ Non CDM ရုံးစာရေး ဦးကျော်စိုးကို စစ်ကောင်စီက ထောင်ဒဏ်ဆယ်နှစ်မှ ထောင်ဒဏ်တစ်သက်အထိ ချမှတ်နိုင်သည့် ပုဒ်မဖြင့် အမှုဖွင့်ပြီး နေအိမ်ကိုပါ ချိပ်ပိတ်လိုက်ကြောင်း ဒေသခံများထံက သိရသည်။

လှည်းကူးမြို့နယ် ပညာရေးမှူးရုံးတွင် လက်ထောက်ကွန်ပျူတာမှူး အဖြစ် လုပ်ကိုင်နေသော ဦးကျော်စိုးနှင့် ၎င်း၏ အမျိုးသမီး ရဲမွန်တပ်မြို့၊ ခမရ (၂၁၄)၏ မူလတန်း ကျောင်းအုပ် ဒေါ်သပြေတို့ကို နိုဝင်ဘာလ ၁၀ရက် ညပိုင်းက ၎င်းတို့၏နေအိမ်တွင် စစ်ကောင်စီတပ်ဖွဲ့များ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

၎င်းတို့ ဇနီးမောင်နှံသည် PDFများ အတွက် ဒလန် ပြုလုပ်ပေးခဲ့ပြီး Non CDM စာရင်းအား PDF များထံ မအပ်ခင် အဖမ်းခံလိုက်ရသည်ဟု ဒေသခံများကခန့်မှန်းပြောဆို‌နေကြသည်။ သို့သော် ဖမ်းဆီးခံရသည့် အကြောင်းအရင်းကို မဇ္ဈိမက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။မြို့နယ်ရဲစခန်းတွင် ဦးကျော်စိုးကို ပုဒ်မ ၅၀ ဈဖြင့် အမှုဖွင့်ထားပြီး ဒေါ်သပြေကို ပုဒ်မ ၅၀၅ဖြင့် စစ်ကောင်စီက အမှုဖွင့်ထားကြောင်း သိရသည်။

“အခု မြို့နယ်စခန်း ရောက်နေပြီတော့ ပြောတယ်။ ဘယ်သူမှ တွေ့ခွင့်မရဘူး ။ အမျိုးသမီးကိုတော့ ၅၀၅ ဘယ်လောက်နဲ့ ဖွင့်ထားလဲ သေချာမသိဘူး” ဟု ၎င်းတို့နှင့် နီးစပ်သူများက ပြောသည်။ စွဲဆိုထားသောအမှုများအရ ပုဒ်မ ၅၀ စျ သည် “ပုဒ်မ ၃၉၊ ပုဒ်မခွဲ(က)နှင့် ပုဒ်မခွဲ (ခ)ပါ အ ကြမ်းဖက်ဗုံးခွဲတိုက်ခိုက်မှုဆိုင်ရာပြစ်မှုဟု” ဖော်ပြထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s