ကလေးမြို့တွင် စစ်ကြောင်း မိုင်းခွဲခံရမှု ဗိုလ် ကြီး ၁ ဦး အပါအဝင် စစ်သား ၁၅ ဦး သေဆုံး၊ ရေစကြိုတွင် ရဲကင်းစခန်း အစီးခံရပြီး ရဲ ၄ ဦး အသတ်ခံရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နဂါးပွက်ရွာအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယ နေ့ နံနက်ပိုင်းတွင် သွားရောက်တိုက်ခိုက်ခဲ့ပြီး ယင်းနေရာအား စစ်ကူလာရောက်သော စစ်ကောင်စီတပ်ဖွဲ့အား ချင်းဆိုင်ကျေးရွာ အနီးတွင် PDF (Kalay) က မိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်က သုံးပွင်အရာရှိ ၁ ဦးအပါအဝင် ၁၅ ဦးသေဆုံးကြောင်း PDF (Kalay) က သတင်းထုတ်ပြန်သည်။

ယမန်နေ့က ကလေးမြို့နယ် အနောက်တောင်ကြော တနေရာရှီ PDF- Kalay တပ်ရင်း(၃) တပ်ခွဲ စခန်းကို သိမ်းပိုက်တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ယနေ့မနက်အချိန်မှစတင်ပြီး လမ်းကြောင်းတလျှောက် လက်နက်ကြီးများဖြင့်တရစပ်ပစ်ခတ်ကာ နဂါးပွက်ကျေးရွာကို ပြောင်း ရွှေ့ လာခဲ့ခြင်းဖြစ် သည်ဟု PDF (Kalay) ထံမှ သိရှိရသည်။

ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၃ ဝင်စီးခံရစဉ် အမျိုး သမီး ၁၀ ဦးနှင့် အမျိုးသား ၂ ဦး ဖမ်းဆီးခံခဲ့ရကာယမန် နေ့က လူမှုကွန်ရက်တွင် ပျံ့နှံ့လာသည့် ဓါတ်ပုံများတွင် မပါဝင်သော အမျိုးသ မီး ၁ ဦးနှင့် အမျိုး သား ၂ ဦး၏ အခြေအနေကို သိရှိသေးကြောင်း PDF (Kalay) က ထုတ်ပြန်ထားသည်။

အလားတူ ရေစကြိုမြို့နယ် မအူရွာရဲကင်းကို ​ရေစကြို ပြည်သူ့ကာကွယ်​ရေးတပ် ရေစကြို PDFက ယနေ့ နေ့လယ်ပိုင်း ဝင်စီးနင်းပြီး ရဲ ၄ ဦးကို သတ် ဖြတ်လိုက်ကြောင်း သိရှိရသည်။ ရေစကြိုဒေသခံပြည်သူ့ကာကွယ်ရေးတပ် PDFမှ လူငယ်များက ယနေ့ နိုဝင် ဘာ ၁၈ ရက်နေ့ မွန်းတည့် ၁၂နာရီခန့်တွင် မအူရွာရဲကင်းကို စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s