ကျောက်ပန်းတောင်းမြို့နယ် ပညာရေးမှူးရုံးတွင်ပေါက်ကွဲမှုဖြစ်

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပညာရေးမှူးရုံးတွင် နိုဝင်ဘာလ ၁၈ရက် ညနေ ၆ နာရီ ဝန်းကျင်အချိန်က ပေါက်ကွဲမှု ဖြစ်ခဲ့ေကြာင်း ဒေသခံများထံက သိရသည်။
“သူတို့က အဲဒီမှာ တပ်စွဲထားတာ ကြာပြီ။ ဆန္ဒစပြတဲ့အချိန်တည်းကပဲ အင်အားကတော့ ငါးယောက်ကနေ ခုနှစ်ယောက်ကြားလောက် ရှိတယ်။ တစ်ယောက်တော့ ထိသွားတယ်။ သေလား ဘာလားတော့ သေချာမသိဘူး။ အကြီးစား လက်လုပ်ဗုံးတစ်ခုကို ပံ့သကူ စွန့်ခဲ့တာပါ”ဟု Kyaukpadaung Defence Force (KDF)အဖွဲ့ဝင် တစ်ဦးက ပြောသည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့၀င် တစ်ဦးထိခိုက်ခဲ့ပြီး ဒဏ်ရာရရှိမှု အခြေအနေကို မသိရသေးပေ။ mizzima