ဂန့်ဂေါမြို့နယ်၊ ကန်ရွာတွင် စစ်ကောင်စီတပ်များ ဝင်ရောက်မီးရှို့နေ၊ နေအိမ် ၅ လုံးထက်မနည်း မီးလောင်ပျက်စီး

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ဂန့်ဂေါ-ကလေး ကားလမ်း ၂၂ မိုင်ရှိ ကန်ရွာတွင် ယနေ့ နိုဝင်ဘာလ ၁၈ ရက် နေ့လယ်ပိုင်းအတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်လာကာ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၅ လုံးထက်မနည်း မီးလောင်ပျက်စီးနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

“မီးရှို့ခံရတဲ့ အိမ်တွေက အိမ်ကောင်းတွေချည်းပဲ၊ လောလောဆယ် ၃ လုံးကတော့ လုံးဝပြာကျသွားပြီ၊ မီးလောင်တာ အားလုံးပေါင်း အိမ် ၅ လုံး ကျော်မယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

ယနေ့နံနက်အစောပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များကြား ကန်ရွာအနီးတွင် ထိတွေ့ပစ်ခတ်မှုများရှိခဲ့ကြောင်း စစ်ကောင်စီတပ်က ရွာထဲသို့ သေနတ်ပစ်ဖောက်ဝင်ရောက်ကာ မီးရှို့ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s