စစ်ကောင်စီက သိမ်းယူထားသည့် PDF Kalay တပ်စခန်းတွင် တိုက်ပွဲဖြစ်၊ အဖမ်းဆီးခံ ဆေး တပ်သားများ အခြေအနေ မသိရသေး

စစ်ကိုင်းတိုင်း၊ ကလေးမြို့ အနောက်တောင်ပိုင်းရှိ PDF Kalay တပ်ရင်း(၃)၏ လက်အောက်ခံ စခန်းတစ်ခုကို စစ်ကောင်စီတပ်မှ ဝင်ရောက်စီးနင်းတပ်စွဲထားရာ နေရာတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အဖမ်းဆီးခံ ဆေးတပ်သားများ အခြေအနေ မသိရသေးကြောင်း PDF Kalayက ထုတ်ပြန်သည်။

ယမန်နေ့ နိုဝင်ဘာလ ၁၇ရက် နံနက် ၈နာရီက စတင်၍ ညပိုင်းအချိန်အထိ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယင်းတိုက်ပွဲတွင် PDF Kalay နှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF )တို့ ပူးပေါင်းကာ အဆိုပါ တပ်စခန်းကို ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ကြခြင်းဖြစ် သည်။ “သူတို့တပ်လာစွဲထားတဲ့ စခန်းကို ကျွန်‌တော်တို့ ဝိုင်းပိတ်ဆို့ထားတယ်။ သူတို့(စကစ)တပ်ဖွဲ့ဝင်တွေကို ပြန်ကယ်ဖို့ အင်အားဖြည့်လာတာကို ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ” ဟု PDF Kalay မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

PDF Kalay တပ်ရင်း (၃)၏ ဆေးတပ်ဖွဲ့မှ အဖမ်းဆီးခံရသော အမျိုးသမီးငယ်များသည် ဆက်လက် ထိန်းသိမ်းခံရလျက်ရှိနေပြီး နောက်ဆုံးအခြေအနေအား မသိရှိသေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ နိုဝင်ဘာ ၁၇ရက် နေ့လယ်၂ နာရီခန့်တွင်လည်း PDF Kalay နှင့် Zomi PDF ပူးပေါင်းအဖွဲ့သည် ကလေးမြို့ ၊ ဗိုလ်ချုပ်လမ်း ၊ တာဟန်းရပ်ကွက် နေကြာတိုက်အနီး ကင်းစောင့်နေသည့် စစ်ကောင်စီတပ်များအား ဝင်ရောက်ပစ်ခတ်ခဲ့ရာ နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရသွားကြောင်း ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၁၆ ရက်က စစ်ကောင်စီတပ်သည် အဆိုပါ တပ်စွဲထားရာ နေရာသို့ အင်အားဖြည့်တင်းရန် နဂါးပွက်တောင်ဘက်မှ ချီတက်လာစဉ် ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူး‌ပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၇ ဦး သေဆုံးပြီး ကာကွယ်ရေးတပ်ဘက်မှလည်း တစ်ဦးဒဏ်ရာရထားကြောင်း ထုတ်ပြန်ထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s