စစ်ကောင်စီတပ်နှင့် PDF ကလေးတပ်တို့ တိုက်ပွဲဖြစ်၍ စစ်ကောင်စီတပ်သား အများအပြားသေဆုံး ဟုဆို

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် အနောက်တောင်ကြောရှိ ကလေးမြို့ ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ရင်း (၃) စခန်းအား သိမ်းပိုက်တပ်စွဲထားသောနေရာသို့ စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့၏ ယာဉ်တန်း မိုင်းဆွဲခံတိုက်ခိုက်ခံရ၍ အများအပြားသေဆုံးမှုရှိကြောင်း PDF -ကလေးက ထုတ်ပြန်သည်။

ယနေ့ အောက်တိုဘာလ ၁၈ ရက် နံနက် ၁၀ နာရီခန့်တွင် ကလေးမြို့မှ စစ်ကူလာသော စစ်ကောင်စီတပ်အား ချင်းဆိုင်ရွာ အနီးတွင် မိုင်း သုံးလုံး ဖောက်ခွဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၁၅ ဦးသေဆုံးကြောင်း PDF- ကလေး ထံက သိရသည်။ ယနေ့ နေ့လယ်၂နာရီအချိန်တွင် စစ်ကောင်စီတပ်များမှ ချင်းဆိုင်ရွာအတွင်းဝင်၍ နေအိမ်များအားဝင်ရောက်မီးရှို့နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယနေ့ နံနက် အစောပိုင်းအချိန်ခန့်မှစ၍ စစ်ကောင်စီတပ်ဖွဲဝင်များသည် လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ၎င်းတို့ ဖမ်းဆီးထားသည့် ကာ ကွယ်ရေးတပ်ဖွဲ့ဝင် ဆေးတပ်သားများနှင့်အတူ နဂါးပွက်ရွာဘက်သို့ ပြောင်းရွှေ့သွားခဲ့ကြောင်း သိရသည်။ နဂါးပွက်ရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့အား သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းလည်း ‌ဖော်ပြထားသည်။

ကလေးမြို့ ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၃) မှ အဖမ်းဆီးခံရသော ဆေးတပ်ဖွဲ့ဝင်မှာ ၁၂ဦးရှိပြီး အမျိုးသမီး ၁၀ဦး နှင့် အမျိုးသား နှစ်ဦး ဖြစ် ကြောင်း သိရသည်။ ယမန်နေ့က လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ထွက်ပေါ်လာသည့်ဓာတ်ပုံတွင် ပါဝင်မလာသည့် အမျိုးသမီး တစ်ဦးနှင့် အမျိုးသား နှစ်ဦးတို့၏ အခြေအနေကို မသိရှိရသေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်သဖြင့် ပြည်သူများအနေဖြင့် လုံခြုံရေးသတိဖြင့် နေထိုင်ရန်နှင့် ကလေး – ဂန့်ဂေါ်လမ်း ပေါ်တွင် သွားလာခြင်းမပြုလုပ်ကြရန် က လေးမြို့ ကာကွယ်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s