စစ်ကောင်စီတပ်များအတွက် ရိက္ခာတင်ဆောင်လာသော ရထားမိုင်းဆွဲတိုက်ခိုက်ခံရပြီး စက်ခေါင်းတွဲ ချောင်းထဲထိုးကျ၊ မီးရထားဝန်ထမ်း ၂ ဦးသေဆုံးပြီး ၂ ဦးအပြင်းအထန်ဒဏ်ရာရ

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့အနီး စစ်ကောင်စီတပ်များအတွက် ရိက္ခာများ တင် ဆောင်လာသော ရထားမိုင်းဆွဲတိုက်ခိုက်ခံရပြီး ရထားတွဲများချောင်းထဲထိုးကျကာ မီးရထားဝန်ထမ်း ၂ ဦးသေဆုံးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

နိုဝင်ဘာ ၁၇ရက်နေ့ ည ၇ နာရီဝန်းကျင် မန္တလေးတိုင်း ပျော်ဘွယ်မြို့အနီး စစ်တပ် ရိက္ခာများ တင်ဆောင်လာသော ရထားကို မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း၊ ပျော်ဘွယ် နှင့် ရွှေဒါး အကြား မိုင်းဆွဲခံရခြင်းဖြစ်ပြီး ရထားတွဲများ ချောင်းထဲထိုးကျသဖြင့် စက်ဗိုလ် နှင့် မီးထိုး သေဆုံးကြောင်း၊ ရထားတွဲအချို့ ​ ချောင်းထဲ ပြုတ်ကျလျက်ရှိနေဆဲဖြစ်ကြောင်း သိရှိရသည်။

“ပျော်ဘွယ်နဲ့ရွှေဒါး ဘူတာကြား ရထားလမ်းမိုင်းခွဲတာ တံတားအောက် စက်ခေါင်း ကျသွားပြီး စက်ခေါင်းမောင်းတစ်ယောက်နဲ့ စက်ပြင်တစ်ယောက်အသက်သေဆုံးပါတယ်။ မီးထိုးတစ်ယောက်နဲ့ ဂတ်ဗိုလ်တစ်ယောက်ဒဏ်ရာပြင်းထန်ရတယ်” ဟု မီးရထားဝန်ထမ်းတစ်ဦးကပြော သည်။

သေဆုံးသူနှင့်ဒဏ်ရာရရှိသော မီးရထားဝန်ထမ်းများမှာ တောင်ငူမြို့မှ မီး ရထား ဝန်ထမ်းများဖြစ်ကြောင်း သိရှိရသည်။ အခြား မီးရ ထား ဝန် ထမ်း ၂ ဦးမှာလည်း ဒဏ်အရာ အပြင်းအထန်ရရှိပြီး နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s