စစ်အာဏာရှင် တော်လှန်ရေး လက်နက်ကိုင်လမ်းစဉ်တွင် ပူးပေါင်းမည်ဖြစ်၍ စစ်ကျွန်ပ ညာရေး ကို အလုံးစုံ သပိတ်မှောက်ဟု အကသ ကျောင်းသားထုဆုံး ဖြတ်ချက်ချ

မြန်မာနိုင်ငံလုံးဆိုင်ရာ အခြေခံပညာ ကျောင်းထုအစည်းအဝေးကို နိုဝင်ဘာလ ၁၅ ရက်နေ့က စတင်ကာ ၃ရက်တာ ပြုလုပ်ခဲ့ပြီးနောက် မြန်မာပြည် စစ်အာဏာရှင် ဖိနှပ်မှုက လွတ်မြောက်ရေးသည် လက်နက်ကိုင် လမ်းစဉ်မှလွဲ၍ အခြားမရှိတော့သောကြောင့် တော်လှန်ရေး အဖွဲ့အ စည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး စစ်ကောင်စီ၏ ပညာရေးစနစ် အလုံးစုံကို သပိတ်မှောက်ကြောင်း အဆိုပါ အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။

“လက်ရှိ နွေဦးတော်လှန်ရေးကာလအတွင်း အခြေခံပညာကျောင်းသားများကို ဖမ်းဆီးချုပ်နှောင်ကာ အကြမ်းဖက် ဖိနှိပ်လျက်ရှိသည့် စစ်ကောင်စီကို နိုင်ငံလုံးဆိုင်ရာ အခြေခံပညာ ကျောင်းထုအစည်းအဝေးကြီးက အပြင်းအထန် ရှုတ်ချသည်။ အဖမ်းဆီးခံ ကျောင်းသားပြည်သူ အားလုံးလွတ်မြောက်ရေး ထို့ထက်ပို၍ တစ်နိုင်ငံလုံးရှိ အဖိနှိပ်ခံ လူထုတစ်ရပ်လုံး လွတ်မြောက်ရေးအတွက် စစ်ကောင်စီနှင့် ၎င်းတို့၏ လက်ပ ါးစေ ကြေးစားတပ်ကို လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲ၍ အပြီးတိုင်ချေမှုန်းခြင်းမှတစ်ပါး အခြားသောလမ်းမရှိဟု လေးနက်စွာ ယုံ ကြည်သည်။ ထို့အတွက် စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရက် ယန္တရားစသည့် စစ်(၃)စစ် တိုက်ဖျက်ရေး အမြင်ပေါ်တွင် ရပ်ခံသော အဖွဲ့အစည်းဟူသမျှကို ထောက်ခံကူညီပူးပေါင်းဆောင်ရွက်သွားမည်။

ပြည်သူတစ်ရပ်လုံး အနေနှင့်လည်း စစ်(၃)စစ် တိုက်ဖျက်ရေး ကို ကိုယ်ထိလက်ရောက် ဆောင်ရွက်နေသော ပြည်သူ့လက်နက်ကိုင် တော်လှန် ရေး ရဲဘော်များကို ထောက်ခံအားပေး ကူညီကြပါရန် နိုင်ငံလုံးဆိုင်ရာ အခြေခံပညာ ကျောင်းထုအစည်းအဝေးကြီးက လေးနက်စွာ တောင်းဆို မေတ္တာရပ်ခံအပ်ပါသည်” ဟု အစည်းအဝေး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီသည် ပြည်သူလူထု ဆန္ဒနှင့် သွေဖယ်လျက်ရှိသော အကြမ်းဖက် အဖွဲ့အစည်းဖြစ်သည့်အတွက် နိုင်ငံအနာဂတ်နှင့် သက်ဆိုင်သော အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များ ဖွင့်လှစ်ခွင့်မရှိသောကြောင့် လူထု ဆန္ဒဖြင့် ပေါ်ပေါက်လာသော ကြားကာလ အမျိုးသား ညီ ညွတ်ရေး အစိုးရအနေဖြင့် စစ်ကောင်စီ ပေးအပ်သော ဘွဲ့လက်မှတ်များ သင်ယူပြီးဆုံးကြောင်း လက်မှတ်များကို တရားမဝင်ကြောင်း ကြေ ညာပေးရန်နှင့် စစ်ကောင်စီ၏ ပညာရေးစနစ် အလုံးစုံကို အခြေခံ ပညာကျောင်းသားထုအနေဖြင့် သပိတ်မှောက်ကြောင်း အစည်းအဝေးဆုံး ဖြတ်ချက်အရ သိရသည်။

စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရက် ယန္တရား စသည့် စစ် (၃) စစ် တိုက်ဖျက်ရေးသည် တော်လှန်ရေး၏ အနိမ့်ဆုံး ဘုံလုပ်ငန်းဖြစ်ပြီး ဘုံရန် သူတသမှတ်တည်းရှိရုံဖြင့် မပြီးဘဲ ဘုံလုပ်ငန်းစဉ်များလည်း လိုအပ်ကာ စစ် (၃) စစ် တိုက်ဖျက်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ရရှိရေး၊ လူမျိုးစုများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရှိရေးနှင့် လူထု တစ်ရပ်လုံး သက်သာချောင်ချိရေးတို့ကို အခြေခံသော ဘုံလုပ် ငန်းစဉ်တစ်ရပ်ကို အကောင်အထည်ဖော်ကာ လက်နက်ကိုင်တော်လှန်ရေး အင်အားစု အားလုံး စုစုစည်းစည်းနှင့် စစ်အာဏာရှင်စနစ် အတူ တကွ တိုက်ထုတ်ကြရေးကို အကောင်အထည်ဖော်ရန် လက်နက်ကိုင် တော်လှန်ရေး အင်အားစု အားလုံးကို တောင်းဆိုကြောင်း၊ ကြားကာလ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ တစ်ရပ် တိုင်းရင်းသားခေါင်းဆောင်များနှင့် ဆွေးနွေးညှိနှိုင်းရေးဆွဲရေး ကျောင်းသားထုများက တောင်းဆိုကြောင်း သိရသည်။

ထို့ပြင် တော်လှန်ရေး ကာလအတွင်း စဉ်ဆက်မပြတ် ပညာသင်ကြားနိုင်ရေးနှင့် ပတ်သက်၍ ကြားကာလ အမျိုးသား ညီညွတ်ရေး အစိုးရက တိကျသော မူဝါဒနှင့် လုပ်ငန်းစဉ်များချမှတ်ပြီး ထိထိရောက်ရောက်အကောင်အထည်ဖော် ဆောင်ရွက်ရန် ထို မူဝါဒများ လုပ်ငန်းစဉ်များ ချ မှတ် အကောင်အထည်ဖော်ရာတွင် အခြေခံပညာကျောင်းသားထုက တင်မြှောက်ထားသည့် ကိုယ်စားလှယ်များ ပညာရေးဆိုင်ရာ ပညာရှင်များ၊ လူထုကိုယ်စားလှယ်များ၏ ဆန္ဒနှင့်အညီ ဆောင်ရွက်ရမည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရက အာမခံရမည်ဖြစ်ကာ လက်နက်ကိုင်တော်လှန်ရေးအတွင်း ပညာသင်ယူခွင့် ဆုံးရှုံးခဲ့သော ကျောင်းသားများအတွက် တိကျထိရောက်သော ကြားကာလ ပညာသင်စနစ်အပါအဝင် တိုက်ပွဲလွန် ကာလ အရန်ပညာရေး အစီအစဉ်များ ကြိုတင်ပြင်ဆင်ထားရှိရေး ဆောင်ရွက်ရန်အတွက် အမျိုးသား ညီညွတ်ရေး အစိုးရကို တောင်းဆိုလိုက်ကြောင်း ဖော်ပြထားသည်။

တိုက်ပွဲလွန်ကာလ ပညာရေးစနစ်သစ် တည်ဆောက်ရာတွင် လူနည်းစုတိုင်းရင်းသားများအရေးကို အလေးထားပြီး တိုင်းရင်းသား လူမျိုးစုအားလုံး၏ ပညာရေးဆိုင်ရာ အခွင့်အရေးများကို အာမခံရေး၊ ကျောင်းသား သမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်း လှုပ်ရှားပိုင်ခွင့် အပါအဝင် ကျောင်းသားထု၏ အခွင့်အရေးများကို ဖက်ဒရယ်ပညာရေး ဥပဒေအရ အာမခံပေးရေး၊ ပညာရေးမူဝါဒနှင့် ဥပဒေများရေးဆွဲရာတွင် ကျောင်း သားထု ကိုယ်စားလှယ်များ၊ ဆရာ ဆရာမကိုယ်စားလှယ်များ ပညာရေးဆိုင်ရာ ပညာရှင်များ ထဲထဲဝင်ဝင်ပါဝင်ရေးဆွဲချမှတ်နိုင်ခွင့်ကို အာမခံရေး၊ အထက်တန်းအထိ မသင်မနေရ ပညာသင်ယူရေးစနစ်ကို ပြည်သူလူထု သက်သာချောင်ချိရေး အခြေခံပေါ်မှ အကောင်အထည်ဖော် ဆောင် ရွက်ရန်အတွက် သက်ဆိုင်ရာ ဥပဒေများ ရေးဆွဲပြဌာန်းပြီး အာမခံပေးရေးနှင့် လူတိုင်းအကျုံးဝင်ပညာရေးစနစ် အကောင် အထည် ပေါ်လာရေးအတွက် တိကျသော မူဝါဒများဖြင့် အာမခံထားပေးရေးတို့ လုပ်ဆောင်ရန် ကျောင်းထုအစည်း အဝေးကတောင်းဆိုလိုက်ကြောင်း သိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s