နိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၂ ဦးသေဆုံး

မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီကို ပြည်သူများက ခုခံတော်လှန်တိုက်ခိုက်လျက်ရှိရာ ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် အကြမ်း ဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၂ ဦးသေဆုံးကြောင်း ရန်ကုန်ခေတ်သစ်က စာရင်း ကောက်ယူရရှိထားသည်။

ဟားခါးမြို့နယ်တွင် စစ်သား ၂ ဦးသေဆုံး

============================

ချင်းပြည်နယ် ဟားခါးမြို့နယ်တွင် ချင်းလက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတို့ တိုက်ပွဲများ ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံးနှစ်ဦးသေဆုံးခဲ့ကြောင်း ၊ နိုဝင်ဘာလ ၁၅ ရက်နေ့နှင့် နိုဝင်ဘာလ ၁၆ ရက်နေ့ တွင် ခွာဘယ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CAN) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ကလေးမြို့၊တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံး

============================================

နိုဝင်ဘာ (၁၆) ရက်နေ့က ဖြစ်ပွားခဲ့သော ကလေးမြို့နယ် အနောက်တောင်ကြော တလျှောက်တိုက်ပွဲများတွင် Chinland Defense Force – Kalay Kabaw Gangaw တပ်ဖွဲ့များက ညီနောင်တော်လှန်ရေးအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း၊ ယနေ့ မနက် (၈) နာရီနောက်ပိုင်းတွင်လည်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေကာ CDF-KKG တပ်ဖွဲ့များသည် PDF kalay, CNDF နှင့် ပ.က.ဖ အဖွဲ့များနှင့်အတူ တိုက်ပွဲဝင်ခဲ့ကြောင်း သိရှိရသည်။ ကလေးမြို့နယ်၊ နဂါးပွက်ရွာအနီး ကင်းမွန်ချောင်း၌ ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် အကြမ်းဘက်စစ်ကောင်စီ စစ်သား၂ ဦးကို CDF-KKG တပ်ရင်း ၃ က ရှင်းလင်းခဲ့ကြောင်း၊ CDF-KKG ဘက်မှ ရဲဘော်တစ်ဦးနောက်ကျောတွင် လက်နက်ကြီးပေါက်ကွဲစထိမှန် ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကာ ကျန် CDF-KKG တပ်ရင်း (၃) တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။ အလားတူ စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်ရှိ အချက်အချာကျသော နေရာများတွင် အကြမ်းဖက်စစ်ကောင်စီတပ်များ ကင်းစခန်းများချကာ လုံခြုံရေးတင်းကြပ်ထားပြီး မြို့အနောက်ဘက် တာဟန်းရပ်ကွက်တွင် လုံခြုံရေးယူနေသော စစ်ကောင်စီတပ်သားတစ်ဦး ယနေ့ နိုဝင် ဘာ လ ၁၇ ရက် နေ့လယ်တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ကလေးမြို့သတင်းရင်းမြစ်ထံမှ သိရသည်။

ဒီပဲယင်းတွင် မိုင်းဆွဲခံရ၍ စစ်သား ၅ ဦး​ သေဆုံး

=================================

ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့အနောက်ခြမ်း တင်းတိမ်ရံရွာမှာတပ်စွဲထားသော စစ်ကောင်စီတပ်များကို တင်းတိမ်ရံရွာမှ လျှော်ဖြူရွာသို့သွားရာလမ်းခရီးတွင် ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား (၅) ဦး သေဆုံးကြောင်း သိရှိရသည်။

မိုးညှင်းတွင် KIA၊ PDF ပူးပေါင်းတပ်ဖွဲ့ နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲပြင်းထန်

========================================================

နိုဝင်ဘာလ ၁၇ ရက်နေ့ ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ KIA တပ်မဟာ-(၈)လှုပ်ရှားနယ်မြေ၊ “ချောင်းဝ” သို့စစ်ရေးလှုပ်ရှားဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် တပ်မ-(၁၀၁)လက်အောက် အင်အား(၁၈၀)ပါစစ်ကြောင်းနှင့် KIA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ ယနေ့ မွန်းလွဲ ၃ နာရီ ၅၀ မိ နစ် မှ ညနေ ၅ နာရီ ၄၀ အချိန်ထိတိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စကစ စစ်တပ်ဖက်မှထိခိုက်ကျဆုံးမှုများရှိခဲ့သော်လည်းအတိအကျမသိရသေးကြောင်း KIA သတင်းရင်းမြစ်က ပြောသည်။

ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်သား ၃၇ ဦး သေဆုံး

==========================================

နိုဝင်ဘာလ ၁၅ ရက်နေ့ ချင်းပြည်နယ် ဇီးချောင်းဆည် အထက်ပိုင်းမှ ကလေးမြို့ အနောက်ဘက်သို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်နှင့် CNDF (ကလေးတပ်မဟာ)၊ ကလေး PDF တို့ ပစ်ခတ်မှု ဖြစ်ပွားပြီး စစ်ကောင်စီဘက်က အနည်းဆုံး (၂၀)ဦး သေဆုံးခဲ့ကြောင်း၊ နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ တစ်နေကုန် မရပ်မနား အပြန်အလှန် ပစ်ခတ်ခဲ့ကြကြောင်း CNDF က သတင်းထုတ်ပြန်သည်။ နိုဝင်ဘာလ ၁၆ ရက်နေ့ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များဖြစ်သော CNDF (ကလေးတပ်မဟာ)နှင့် PDF-Kalay ပူးပေါင်းပြီး ပိတ်ဆို့ဝိုင်းရံထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်များကို CNDF (ကလေးတပ်မဟာ)၊ CDF (KKG)နှင့် PDF (Kalay) တို့က ပူးပေါင်းတိုက်ခိုက်ကြရာ စစ်သားအနည်းဆုံး(၁၇)ဦးထက်မနည်း သေဆုံးခဲ့ကြောင်း CNDF က သတင်းထုတ်ပြန်သည်။

KNU တပ်မဟာ ၁ ဘားအံနယ်မြေတွင် BGF တပ်သား ၂ ဦးသေဆုံး

==============================================

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ စစ်ရေးလှုပ်ရှားရာ ဘားအံမြို့နယ်အတွင်း ဝင်ရောက်ကာ လူ့အခွင့်အရေးချိုးဖောက်မှုများကျူးလွန်နေသော ကရင်နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင်များလိုက်ပါလာသည့် ယဉ်တန်းကို ယနေ့ နိုဝင်ဘာလ ၁၇ ရက် မွန်းလွဲ ၂ နာရီခန့်တွင် သွားရောက်ပစ်ခတ်ခဲ့ပြီး Vigo အမျိုးအစား ကား ၃ စီးပျက်စီးသွားကာ BGF တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများရှိကြောင်း KNU တပ်မဟာ ၁ ဒူးသထူ (သထုံ) ခရိုင်က သတင်းထုတ်ပြန်သည်။နိုဝင်ဘာလ ၁၅ ရက်နှင့် ၁၆ ရက်များတွင် အဆိုပါ BGF တပ်ဖွဲ့ဝင်များအား သွားရောက်တိုက်ခိုက်ခဲ့ပြီး ၁၅ ရက်နေ့ KNLA နှင့် BGF တပ်ရင်း ၁၀၁၄ တိုက်ပွဲတွင် BGF ဘက်မှ ၂ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရကြောင်း KNU တပ်မဟာ ၁ ထံမှ သိရှိရသည်။

ရှမ်းပြည်နယ်တွင် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး

=========================================

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကိုးကန့် MNDAA တပ်ဖွဲ့ကြား နိုဝင်ဘာလ ၁၆ ရက် ယမန်နေ့ နံနက် ၈ နာရီ ၄၀ ဝန်းကျင်တွင် မူဘန်ဒေသ၊ မန်လီကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးကြောင်း ကိုးကန့်သတင်းရင်းမြစ်ထံမှ သိရှိရသည်။

ပုဏ္ဏားကျွန်း ၅၅၀ တပ်ရင်းတွင် တပ်တွင်းပစ်ခတ်မှုဖြစ်၍ တပ်ခွဲတပ်ကြပ်ကြီး ဘစောချေ သေဆုံး

==========================================================================

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ အခြေစိုက် ခမရ ၅၅၀ တပ်ရင်းတွင် နိုဝင်ဘာလ ၁၅ ရက် ညပိုင်း ၉ နာရီ ၄၅ မိနစ်ခန့်တွင် စစ်ကောင်စီတပ်သားအချင်းချင်းပစ်ခတ်မှုဖြစ်၍ တပ်ခွဲတပ်ကြပ်ကြီးတစ်ဦးသေဆုံးသွားကြောင်း မိသားစုဝင်များထံမှ သိရသည်။သေဆုံးသွားသူမှာ တပ်ခွဲတပ်ကြပ်ကြီးအဆင့်ရှိ ဘစောချေ(ကိုယ်ပိုင်အမှတ် ၆၄၁၁၉၁) အသက်(၅၅) နှစ်ဖြစ်ပြီး စစ်မှုထမ်းသက်တမ်း ၃၆ နှစ်ရှိပြီဖြစ်ကာ ပစ်ခတ်ခဲ့သူမှာ အသက် (၂၀) အရွယ် တပ်သားအဆင့်ရှိ ဇော်ရာဇာမင်း ဖြစ်သည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s