ဖာပွန်ခရိုင်အတွင်း KNLA နှင့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၉ ဦးသေဆုံး ၉ ဦး ဒဏ်ရာရ၊ စစ်ကောင်စီက ရမ်းသန်းပစ်ခတ်လို့ အများပြည်သူနေအိမ်များ ပျက်စီး ကျွဲနွားအချို့သေ ဆုံး

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်အတွင်း နိုဝင်ဘာလ ၁၅ ရက် တစ်ရက်အတွင်း ထိတွေ့ပစ်ခတ်မှု ၇ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်နှင့် ကရင်နယ်ခြားစောင့်တပ် BGF ပူးပေါင်းတပ်မှ ၉ ဦးသေဆုံးကာ ၉ ဦး ဒဏ်ရာရပြီး စစ်ကား ၄ စီး ပျက်စီးသွားကြောင်း KNLA သတင်းရင်းမြစ်ထံမှ သိရှိရသည်။

အဆိုပါ အကြမ်းဖက်စစ်ကောင်စီ စကခ ၈ လက်အောက်ခံ ခမရ ၄၀၆ တပ်ဖွဲ့သည် လက်နက်ကြီး လက်နက်ငယ်များဖြင့် အများပြည်သူနေ ထိုင်သော ကျေးရွာများအတွင်း ပစ်ခတ်ခဲ့ပြီး နေအိမ်အချို့ ပျက်စီးကာ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

ယမန်နေ့ နိုဝင်ဘာလ ၁၇ ရက် နံနက် ၉ နာရီခန့်တွင် ဖာပွန်-ကမမောင်းလမ်းတွင် ဝင်ရောက်လာသော စစ်ကောင်စီတပ်နှင့် ဗိုလ်လှကြိုင် ဦး ဆောင်သည့် BGF တပ်ရင်း ၁၀၁၃ ပူးပေါင်းတပ်အား KNLA တပ်ရင်း ၁၀၂ က သွားရောက်ပစ်ခတ်ခဲ့ပြီး အဆိုပါ စစ်ကောင်စီနှင့် BGF ပူး ပေါင်းတပ်ဖွဲ့က လက်နက်ကြီး လက်နက် ငယ်များဖြင့် ရမ်းသန်းပစ်ခတ်၍ ပိုမာဟဲကျေးရွာရှိ အများပြည်သူပိုင် ကျွဲ ၄ ကောင်၊ နွား ၁ ကောင် သေဆုံးခဲ့ရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s