မကွေးတိုင်း၊ ရေစကြို၊ မအူရဲကင်းစခန်းကို PDF က တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီး၊ ရဲ ၂ ဦးသေဆုံးကာ လက်နက်များ သိမ်းဆည်း

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်အတွင်း မအူရဲကင်းစခန်းကို နိုဝင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်တွင် တစ်နာရီကြာတိုက်ခိုက်ပြီးနောက် စခန်းကို သိမ်းပိုက်မီးရှို့ဖျက်ဆီးလိုက်ကြောင်း၊ ရဲ ၂ ဦးသေဆုံးပြီး လက်နက်များ သိမ်းဆည်းရမိကြောင်း ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

People Defense Force Yesagyo နှင့် Phoenix အထူးပြောက်ကျားတပ်ဖွဲ့ (ရေစကြို) ညီနောင်မဟာမိတ်နှစ်ဖွဲ့ပူးပေါင်း၍ စခန်းကို တစ်နာရီကြာတိုက်ခိုက်ပြီးနောက် အာဏာသိမ်းအဖွဲ့၏ ရဲအားလုံး ထွက်ပြေးသွားသဖြင့် မဟာမိတ်နှစ်ဖွဲ့က စခန်းအတွင်းရှိ လက်တော့ ( ၁)လုံး၊ ဆိုင်ကယ်( ၄ ) စီး ၊ ဗုံးသီး ( ၁) လုံး ၊ ကျည်များအပါအဝင် စာရွက်စာတမ်းများအား သိမ်းဆည်းပြီး စခန်းအားမီးရှို့ထားခဲ့ကြောင်း၊ အဆိုပါတိုက် ခိုက်မှုအတွင်း အာဏာသိမ်းအဖွဲ့၏ ရဲတပ်ဖွဲ့ဝင် (၂) ဦးသေဆုံးကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s