မန္တလေးရှိ Pioneer Bar ကို စစ်ကောင်စီတပ်များ ဝင်စီး

မန္တလေးမြို့ ၊ ရဲမွန်တောင်ရပ်ကွက်၊ ၃၅ လမ်းနှင့် ၅၃ လမ်းထောင့်ရှိ Pioneer Bar ကို စစ်ကောင်စီ တပ်များက နိုဝင်ဘာလ ၁၅ ရက် ညပိုင်းတွင် ဝင်ရောက်စီးနင်းပြီး ဝန်ထမ်းအချို့ကို ဖမ်းဆီးကာ ငွေနှင့် ပစ္စည်းများ ယူသွားကြောင်း သတင်းရရှိသည်။ “ဝိတ်တာ(စားပွဲထိုး) လေး ငါးယောက်လောက် ပါသွားတယ်။ ငွေစာရင်းကိုင်တဲ့ လက်ပ်တော့ သိမ်းသွားတယ်။

ပိုက်ဆံတွေလည်း ယူသွားတယ်။ ကျွန်တော်တို့လည်း အဲဒီလိုပဲ လောလောဆယ် ပြန်သိ ထားတာပါ” ဟု Pioneer Bar နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ Pioneer Bar ကို မဇ္ဈိမက ဆက်သွယ်ရန် ကြိုးစားသော်လည်း လက်ရှိအချိန်ထိ အဆက်အသွယ် မရသေးပေ။ “အဲဒီညက ၈ နာရီကျော်လောက် ဖြစ်မယ်ထင်တယ်။ Pioneer မှာ ရုတ်ရုတ် ရုတ်ရုတ် ဖြစ်လို့ စုံစမ်းကြည့်တော့ လူလာဖမ်းတာလို့ ပြောတယ်။

ညဘက်ဆိုတော့ ထွက်လည်း မကြည့်ရဲဘူးလေ။ လှမ်းတော့မြင်နေရတယ်” ဟု Bar နှင့် မလှမ်းမကမ်း ရပ်ကွက်မှ ဒေသခံတစ်ဦးက ပြော သည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ နို၀င်ဘာ ၁၆ ရက် စစ်ရေး အကျဉ်းချုပ် ထုတ်ပြန်ချက်တွင်မူ “နို၀င်ဘာ ၁၅ ရက်၊ ည ၉ နာရီခန့်တွင် မဟာအောင်မြေမြို့နယ် ၃၅ လမ်းနှင့် ၅၃ လမ်းထောင့်ရှိ Pioneer Bar ကို စစ်ကောင်စီတပ်များ ၀င်ရောက် စီးနင်းခဲ့ပြီး ၀န်ထမ်းအချို့ ဖမ်းဆီးခံရကာ ငွေသားအချို့နှင့် Laptop များ သိမ်းဆည်းခံခဲ့ရသည်” ဟု ဖော်ပြပါရှိသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းကလည်း မန္တလေးမြို့ ကမ်းနားမြို့ပတ်လမ်း ပေါ်ရှိ KTV နှင့် Bar တစ်ခုအား ဝင်ရောက်စီးနင်းခဲ့သေးသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s