မုံရွာ၊ ကသာ၊ ထီးချိုင့်နှင့်မြိုင်တို့တွင် စစ်ကောင်စီတပ်များ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်သား ၁၀ ဦးထက်မနည်းသေဆုံး၊ နေပြည် တော်တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်

စစ်ကိုင်းတိုင်း ၊ ကသာမြို့နယ်၊ ထီးချိုင့်မြို့နယ် နှင့် မကွေးတိုင်းမြိုင်မြို့နယ်တို့တွင် နိုဝင်ဘာ ၁၇ ရက်နေ့နှင့် နိုဝင်ဘာလ ၁၈ ရက်နေ့တို့တွင် စစ်ကောင်စီတပ်များနှင့်တိုက်ပွဲဖြစ်ပွားခြင်း၊ စစ်ကောင်စီတပ်များ မိုင်းဆွဲ တိုက်ခိုက် ခံရခြင်းတို့ ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေဆုံးသွားကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တွင် နိုဝင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၃ နာရီ ၄၀ မိနစ်အချိန် ချောင်း၀ ကျေးရွာအုပ်စု၊ ရေချမ်းစဉ်အနီး စစ်ကောင်စီတပ်များနှင့် KIA ၊ PDF ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၅ ဦးကျဆုံးကာ ၂ ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ ၁ ဦး ဒဏ်ရာအနည်းငယ်ရရှိပြီး မစိုးရိမ် ရကြောင်း ကသာဒေသသတင်းရင်းမြစ်က ပြောသည်။

အလားတူ နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက် ၅ နာရီအချိန် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် မြတောင်လမ်းဆုံဘက်မှ တက်လာသော စစ်ကားတစ်စီးကို တုံလုံအနီးနားတွင် မိုင်းဆွဲတိုက်ခိုက်ရာ အဆိုပါကားသည် မိုင်းထိ၍ နေရာတွင် ထိုးရပ်သွားကြောင်း၊ ကားသမားတစ်ဦးတည်း ထွက်ပြေးသွားပြီး ကားပေါ်ပါ စစ်သားများမှာ လှုပ်ရှားမှုမရှိတော့ကြောင်း၊ စစ်ကားတစ်စီး နောက်မှ ရောက်ရှိလာ၍ ထီးချိုင့် PDF များ အချိန်မီ ဆုတ်ခွာခဲ့ကြောင်း၊ ယင်းမိုင်းဆွဲမှုကြောင့် အနည်းဆုံး စစ်သား ၅ ဦးသေဆုံးကြောင်း ဒေသသတင်းရင်းမြစ် မြေပြင်ကင်းထောက် ထီးချိုင့် TR က ပြော သည်။

နိုဝင်ဘာလ ၁၇ ရက် ည ၁၁ နာရီဝန်းကျင်က မုံရွာမြို့အတွင်းမှ စစ်ဌာနဘက်သို့ ကင်းသိမ်းပြန်လာသော စစ်ကားသုံးစီးကို အိုးဘိုတောင်တံ တားနှင့် ငါးဒိုင်အနီးတွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ယာဥ်အချို့ပျက်စီးသွားကြောင်း၊အဝေးထိန်းမိုင်းဖြင့် ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီကား၁စီးပျက်စီးခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုကို Monywa Night King အဖွဲ့နှင့်သံမဏိအဖွဲ့သားများက ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်ဟု ဒေသခံကာကွယ်ရေးတပ်က ပြောသည်။

အလားတူ နိုဝင်ဘာလ ၁၈ ရက်နေ့ မကွေးတိုင်း၊ မြိုင်မြို့နယ်မြောက်ပိုင်း၊ ထွန်းမြရတနာလမ်းပေါ်တွင် စစ်ကားတန်းကို MVRF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ စစ်ခွေးကားတစ်စီး ပျက်ဆီးသွားခဲ့ပြီး စစ်သားများ သေဆုံးမှုကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း ဒေသကာကွယ်ရေးတပ်က ပြောသည်။ အလားတူ နေပြည်တော်တွင်လည်း ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

နေပြည်တော်၊ဇမ္မူသီရိမြို့နယ်၊ပြန်ကပြေး(အောင်ဇမ္မူရပ်ကွက်) ‌အောင်ဇမ္မူလမ်းမကြီးပေါ်ရှိ ရပ်ကွက်ရုံး‌ရှေ့တွင် နိုဝင်ဘာလ ၁၇ရက်နေ့ ည ၈နာရီ ၅၀မိနစ်ဝန်းကျင်ခန့် ဗုံးပစ်ခံရပြီး ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း၊ အလား တူ နေပြည်တော်၊ပျဉ်းမနားမြို့ (၈၅)တံတားထိပ်ရှိ တပ်ဝင်းအတွင်းရှိ ၈၅ ကျောင်းအနီးတွင် နိုဝင်ဘာလ ၁၇ရက် ယမန်နေ့ ည ၁၀နာရီ ၃၀မိနစ်ခန့်က ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း၊ ဗုံးပေါက်ကွဲမှုများတွင် လူထိခိုက်မှု မရှိကြောင်း နေပြည်တော်သတင်းရင်းမြစ်ထံမှ သိရှိရသည်၊၊ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s