ရန်ကုန်-ထားဝယ်-မြိတ် လေယာဉ်ခရီးစဉ်များ ပြန်စမည်

ကိုဗစ်-၁၉ ထိန်းချုပ်ရေးအတွက် လပေါင်းများစွာ ရပ်နား ထားခဲ့ရသည့် ရန်ကုန်-ထားဝယ်-မြိတ် လေကြောင်းခရီးစဉ်ကို နိုဝင်ဘာလ ၁၉ ရက်နေ့မှ စတင်၍ ပြန်လည် ပြေးဆွဲမည်ဖြစ်သည်ဟု ပြည်တွင်းလေကြောင်းလိုင်း အချို့က ထုတ်ပြန်ထားသည်။နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ရန်ကုန်-ထားဝယ်ခရီးစဉ်အား စတင်တော့မည်ဖြစ်ပြီး ရန်ကုန်-မြိတ်ခရီးစဉ်ကိုမူ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ပြေးဆွဲသွားမည် ဖြစ်သည်။

“ဘာပဲဖြစ်ဖြစ် ကျန်းမာရေးအတွက်ရော စီးပွားရေးလုပ်ငန်းတွေအတွက် အရမ်းအဆင်ပြေသွားမယ်။ အရေး အကြောင်းဆို ကားလိုင်းကိုပဲ အားကိုးရဆို အချိန်တွေပိုကုန်တယ်” ဟု မြိတ်မြို့တွင် နေထိုင်သူ ကုန်သည်တစ်ဦး က ပြောသည်။ကိုဗစ်-၁၉ ကာလတွင် ကုန်းလမ်း၊ ရေလမ်း လေကြောင်းလိုင်းများ ပိတ်ထားသဖြင့် ကျန်းမာရေးနှင့် အရေးပေါ် ကိစ္စရပ်များအတွက် အိမ်စီးကားငယ်လေးများဖြင့် သုံးလေးယောက်စုပြီး ရန်ကုန်ကိုသွားရသည့်အခါ ခရီးသည် တစ်ဦးလျှင် တစ်သိန်းသုံးသောင်းကျပ်ခန့်ပေးရသည်ဟု အဆိုပါ ကုန်သည်က ပြောသည်။

ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်လာသည်ဟုဆိုကာ တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်၊ မြိတ်နှင့် ကော့သောင်းမြို့ များသို့ ပြေးဆွဲနေသည့် လေ ကြောင်းခရီးစဉ်းများလိုင်းများကို ယခုနှစ် မေလနှောင်းပိုင်းမှ စတင်ရပ်နားခဲ့ခြင်း ဖြစ်ပြီး ရပ်နားမှုကို အချိန်ကာလအလိုက် သက်တမ်းတိုး လာခဲ့သည်။သို့သော် အောက်တိုဘာလ တတိယအပတ်တွင် ရန်ကုန်-ကော့သောင်း ခရီးစဉ်ကို မြန်မာအမျိုးသားလေကြောင်း လိုင်း (MNA) နှင့် Air KBZ လေကြောင်းလိုင်းတို့က ပြန်လည်ပြေးဆွဲခဲ့ပြီး ဖြစ်သည်။

ယခုခါ တနင်္သာရီတိုင်းအတွင်း မြို့ကြီးများသို့ လက်ရှိပြည်တွင်းလေကြောင်းလိုင်းများအနက် Air KBZ လေ ကြောင်းလိုင်းနှင့် MAI လေ ကြောင်း လိုင်းများက နေ့စဉ်ပြေးဆွဲ ပေးသွားမည်ဖြစ်ကြောင်း ယခုရက်ပိုင်းတွင် ပြည် တွင်းလေကြောင်းလိုင်း အချို့က ထုတ်ပြန်ထားခြင်း ဖြစ်သည်။ရန်ကုန်-ထားဝယ်ခရီးစဉ်အတွက် ၆၉၀၀၀ ကျပ်နှင့် ရန်ကုန်-မြိတ် ခရီးစဉ်အတွက် ၈၂၀၀၀ ကျပ် သတ်မှတ်ထား သည်ဟုလည်း Air KBZ က ကြေညာထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s