ဟားခါးမြို့နယ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ၃ ဦးသေ ၁၄ ဦး ဒဏ်ရာရ၊ ကျည်ဆံများနှင့် အသုံးအဆောင်များ ချင်းပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းရမိ

ချင်းပြည်နယ်၊ ဟားခါးမြို့အနီးရှိ ကျေးရွာ ၁ ရွာသို့ နယ်မြေရှင်းလင်းရေး စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် CNA၊ C DF ပူးပေါင်းတပ်ကြား နိုဝင်ဘာလ ၁၅ ရက် နှင့် ၁၆ ရက်များ၌ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၃ ဦးသေ ၁၄ ဦး ဒဏ် ရာရပြီး ကျည်ဆံများနှင့် အသုံးအဆောင်များ သိမ်းဆည်းရမိကြောင်း CDF-Hakha ထံမှ သိရှိရသည်။

ချင်းတပ်ဖွဲ့က သိမ်းဆည်းရမိသော ပစ္စည်းများတွင် စစ်ကောင်စီတပ် ဝတ်စုံများ၊ ကျည်ဆံများ၊ ကျည်အိမ်အချို့၊ လက်ပစ်ဗုံးများနှင့် ဖုန်းများ ပါဝင်သည်။ဟားခါးမြို့အနီးတွင် တိုက်ပွဲပြီး စစ်ကောင်စီတပ်က ဒေသခံရွာသားများကို ဖမ်းဆီးကာ လမ်းပြဓါးစားခံအဖြစ် အသုံးပြုနေကြောင်း ချင်းအမျိုးသားတပ်မတော် CNA ပြောခွင့်ရ ဆလိုင်းထက်နီက ပြောသည်။”၁၅ ရက်နေ့ ညနေမှာ ဟားခါးမြို့နားက ရွာ ၁ ရွာမှာ နယ်မြေရှင်းလင်းရေးလုပ်တဲ့ စစ်ကောင်စီတပ်သား အင်အား ၅၀ ခန့်နဲ့ CDF၊ CNA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်တယ်၊ စစ်ကောင်စီတပ်သား ၁ ယောက်သေတယ်၊ ဒဏ်ရာရတဲ့သူတွေတော့ ရှိတာပေါ့နော်။

၁၆ ရက်နေ့ မနက်အစောကြီးမှာပဲ တိုက်ပွဲပြန်ဖြစ်တယ်၊ စစ်ကောင်စီဘက်က ၁ ယောက် ထပ်သေတယ်၊ ဒဏ်ရာရတဲ့သူတွေ ရှိတယ်။ အဲဒါနဲ့ စစ်ကောင်စီတပ်က ပြန်ဆုတ်သွားတယ်၊ ဟားခါးဘက်ကိုပေါ့။ အဲဒီစာရင်းက စစ်ကောင်စီက လမ်းပြအဖြစ် ခေါ်ဆောင်ခြင်းခံရတဲ့ ဒေသခံတွေဆီက ပြန်သိရတာပေါ့” ဟု ချင်းအမျိုးသားတပ်မတော် ပြောခွင့်ရ ဆလိုင်းထက်နီက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အလားတူ ၁၆ ရက်နေ့ ညပိုင်းတွင် ဟားခါးမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် ကင်းစခန်း ၃ ခုကို ချင်းပူးပေါင်းတပ်ဖွဲ့က ဝင်ရောက် ပစ်ခတ်ခဲ့ကြောင်း၊ ချင်းပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိကြောင်း၊ ညဖက် ဝင်ရောက်တိုက်ခိုက်သည့်အတွက် စစ်ကောင်စီတပ်သားများ၏ အကျအဆုံးစာရင်းအား အတည်မပြုနိုင်ကြောင်း ဆလိုင်းထက်နီထံမှ သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s