Monthly Archives: Nov 2021

ပျံလွှားအောင်စစ်ဆင်ရေးကို အရှိန်မြှင့်မည်

ပျံလွှားအောင်စစ်ဆင်ရေးကို အခုထက်ပိုမိုပြင်းထန်တဲ့ စစ်ရေးလှုပ်ရှားမှုတွေပြုလုပ်ပြီး  စစ်အုပ်စုကို တိုက်ခိုက်သွားမယ်လို့ ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးဌာန သတင်းပြန်ကြားရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်း တိုင်း ၃ တိုင်းကိုပေါင်းပြီး ဟံသာဝတီခရိုင်လို့ သတ်မှတ်ကာ  ပျံလွှားအောင်စစ်ဆင်ရေးဆိုပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေက ကြေညာတိုက်ခိုက်နေတာပါ။ 

ဒီစစ်ဆင်ရေးက တပ်ဖွဲ့ဝင်တချို့ ဖမ်းဆီးခံနေရတာရှိပေမယ့် အားနည်းသွားစရာမရှိဘဲ တော်လှန်ရေးတွက် လေ့ကျင့်ထားတဲ့ ရဲဘော်တွေ အ များ ကြီးရှိတဲ့အတွက် ရွှေလက်ပေါင်းများစွာ ထပ်ပေါ်ထွက်လာမှာဖြစ်ပြီး ပြည်သူကသာ အဓိကဖြစ်တယ်လို့ ရန်ကုန်တိုင်း စစ်ဒေသကွပ်ကဲရေးဌာန သတင်းပြန်ကြားရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးတာဝန်ခံက ပြောပါတယ်။

စစ်အာဏာရှင်ကို မြန်မာတစ်နိုင်ငံလုံးက ပြည်သူတွေက တော်လှန်နေကြတာဖြစ်ပြီး ဖမ်းဆီးခံရတဲ့ ရဲဘော်တွေ၊ ကျဆုံးခဲ့တဲ့ရဲဘော်တွေက ရွတ်ရွတ်ချွံချွံ ရှေ့တန်းကနေ လုပ်ဆောင်ခဲ့ကြတဲ့အတွက် ပြည်သူတွေအနေနဲ့ ဝိုင်းဝန်း အားပေးဂုဏ်ပြုပေးကြဖို့ တိုက်တွန်း ပါတယ်။

သူတို့တွေဖြစ်စေချင်တာကို ဆက်ပြီးအကောင်ထည်ဖော်မယ့် ရဲဘော်တွေအများအပြားရှိနေပြီး ဖမ်းဆီးခံခဲ့ရတဲ့သူတွေ၊ သေဆုံးသွားတဲ့သူတွေအတွက် တော်လှန်ရေးအပေါ် အခုထက် ၂ ဆ တိုးပြီး ဆောင်ရွက်သွားမှာလို့လည်း ပြောပါတယ်။ 

နိုဝင်ဘာ ၁၉ ရက် ဒီနေ့မှာ  ရန်ကုန်တိုင်းအတွင်းက ကညနရုံးအပါအဝင် နေရာတချို့မှာ ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ် ပဲခူးမှာလည်း စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးနေရာအများအပြားမှာ ဒီနေ့ ပေါက်ကွဲမှုတွေဖြစ်ခဲ့ပေမယ့် ထိခိုက်သေဆုံးမှုကိုတော့ မသိရသေးပါဘူး။ 

ရန်ကုန်တိုင်းအတွင်းရှိ ဧရိယာ ၇ ခုအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ် PDF ၄၃ ဦးနဲ့ ထောက်ပံ့ကူညီပေးသူ ၈ ဦးကို ဖမ်းမိတယ်လို့ နိုဝင်ဘာ ၁၈ ရက်ထုတ် စစ်ကောင်စီ သတင်းစာတွေမှာ ကြေညာထားပါတယ်။ DVB

ပြည်သူ့စစ်သားစကားဝိုင်းတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပါဝင်ဆွေးနွေးမည်

အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပြုလုပ်နေတဲ့ “ပြည်သူ့စစ်သားစကားဝိုင်း”အစီအစဉ်မှာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်  မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ပါဝင်ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

ဒီဆွေးနွေးပွဲမှာတော့ CDM ဗိုလ်ကြီး ညီသုတ၊ တပ်ကြပ် သူရ ဇွဲမာန်နဲ့ မစုသစ်တို့လည်း ပါဝင်ဆွေးနွေးမှာဖြစ်သလို တက်ကြွလှုပ်ရှားသူ မသဥ္ဇာရွှန်းလဲ့ရည်က Moderator အနေနဲ့ ပါဝင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

အပတ်စဉ် တနင်္ဂနွေ စကားဝိုင်း ဆွေးနွေးပွဲတွေအနေနဲ့ People’s Soldiers ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်က တိုက်ရိုက်ထုတ်လွှင့်ပေးနေတာဖြစ်ပြီး မေးခွန်းတွေ မေးမြန်းလိုကြတဲ့ ပြည်သူတွေအနေနဲ့လည်း ဆွေးနွေးမှုမှာ ကြိုတင်မေးမြန်းထားနိုင်မှာ ဖြစ်ပါတယ်။

ပြည်သူ့စစ်သားများအဖွဲ့နဲ့ ပြည်သူ့စစ်သားဇနီးများ အဖွဲ့တွေကတော့ မတရားစစ်အာ ဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်ကာ CDM ပြုလုပ်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ တပ် မတော်သားတွေနဲ့ မိသားစုဝင်တွေကို ထောက်ပံ့ကူညီပေးနိုင်ဖို့ ဖွဲ့စည်းထားခဲ့တာဖြစ်ပြီး အပတ်စဉ် “ပြည်သူ့ စစ်သားစကားဝိုင်း” ကိုလည်း တင်ဆက်နေတာ ဖြစ်ပါတယ်။ DVB

ရေစကြိုမြို့တွင် စစ်ကောင်စီကား ၁ စီး မိုင်းဆွဲ တိုက်ခိုက်ခံရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ပခန်းကြီးကျေးရွာနှင့် ပခန်းငယ် ကျေးရွာကြား ရေလယ်ကျွန်းဒေသမှ ထွက်လာသော စစ်ကောင်စီယာဉ် တစ်စီးကို ယမန်နေ့ နိုဝင်ဘာ ၁၈ ရက် ညနေ ၆နာရီတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် People Defence Force Yesagyo အဖွဲ့ထံမှ သိရသည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ နှစ်ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။ mizzima

ထန်တလန်မြို့မီးလောင်မှု၊ စစ်တပ်၏အဓမ္မပြုကျင့်မှုဖြစ်စဥ်တွေအပေါ် ဆန့်ကျင်ကြောင်းနှင့် စစ်အာဏာရှင်ပြုတ်ကျရေး အိန္ဒိယရောက် မြန်မာနိုင်ငံသားများ ဆန္ဒထုတ်ဖော်

ချင်းပြည်နယ် ထန်တလန်မြို့ မီးလောင်မှု၊ တီးတိန်မြို့ရှိ ရွာတစ်ရွာမှ အမျိုးသမီးနှစ်ဦးကို စစ်တပ်က အဓမ္မပြုကျင့်မှု စသည့် လုပ်ရပ်တွေအပေါ် ဆန့်ကျင်ရှုံ့ချကြောင်းနှင့် ဒီမိုကရေစီရရှိရေး၊ စစ်အာဏာရှင်ပြုတ်ကျရေးတို့အတွက် အိန္ဒိယနိုင်ငံရောက် မြန်မာများက ဒီကနေ့ နို ဝင်ဘာလ ၁၉ ရက်နေ့ နေ့လယ်ပိုင်းက နယူးဒေလီ ဂျန်တားမန်တားတွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ ချင်းဒုက္ခသည်များကော်မတီ (CRC) က ဦး​ဆောင်ကျင်းပခြင်းဖြစ်ပြီး နယူးဒေလီရောက် မြန်မာပြည်ဖွား တ်ိုင်းရင်းသားလူမျိုးပေါင်းစုံ တက်ရောက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ mizzima

ကလေးမြို့နယ် ‌ရှေ့တန်းတိုက်ပွဲများတွင် လေ့ ကျင့်ရေး အထိုင်တပ်များပါ စစ်ကောင်စီ ထုတ်သုံးနေရ

ကလေးမြို့နယ် တိုက်ပွဲများတွင် အာဏာသိမ်း စစ်ကောင်စီသည် ၎င်း၏ အထိုင်တပ်ဖြစ်သော လေ့ကျင့်ရေးတပ် အရာရှိများကိုပါ ရှေ့တန်းတွင် ထည့်သွင်း အသုံးပြုနေရကြောင်း ကလေးဒေသကာ ကွယ်ရေးတပ် (PDF-Kalay) တပ်ဖွဲ့ဝင် တစ်ဦးက မဇ္ဈိမကို ပြောသည်။PDF-Kalay တပ်ရင်း (၃) စခန်းအား သိမ်းပိုက် တပ်စွဲထားသောနေရာသို့ စစ်ကူ တက်လာသည့် စစ်ကောင်စီယာဉ်တန်းကို ချင်းဆိုင်ကျေးရွာ အနီး၌ PDF-Kalay က နိုဝင်ဘာလ ၁၈ ရက်နေ့တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံးခဲ့သည့် အနက် လေ့ကျင့်ရေးတပ်ရင်း အ မှတ် (၁၀) မှ ဗိုလ်ကြီးတစ်ဦး ပါဝင်ကြောင်း ၎င်းက ပြောသည်။

အဆိုပါ အရာရှိ၏ ကိုယ်ရေးအချက်အလက် အသေးစိတ်ကို မသိရသေးပေ။“သေတဲ့အထဲ အရာရှိတစ်ဦးကတော့ လေ့ကျင့်ရေး တပ်ကပါ။ အင်အား မလုံလောက်တော့ဘူးလို့ မှတ်ပါတယ်။ စစ်ကောင်စီဟာ အထိုင်တပ်၊ ရှိသမျှ တပ်အကုန် သုံးနေရပါတယ်။ အရမ်းဝသူတွေ၊ ခေါင်း ဖြူတွေ၊ ကိုယ့်သေနတ်ကိုတောင် ဖြုတ်တပ် မလုပ်တတ်တဲ့သူတွေ ကိုယ်တွေ့ မြင်ခဲ့ပြီးပါပြီ” ဟု PDF-Kalay တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

ကလေးမြို့နယ် တောင်ပိုင်း၌ ပျူစောထီး အဖွဲ့ဝင်များကို သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးမှုများ ရှိနေသည့်အတွက် အဆိုပါ သင်တန်း ပေးသည့်နေရာတွင် လေ့ကျင့်ရေးတပ်ကို အသုံးပြုခြင်းမျိုးလည်း ဖြစ်နိုင်ကြောင်း PDF-Kalay တပ်ဖွဲ့ဝင်က သုံးသပ်သည်။“ပို့တဲ့တပ်တွေ အကြောင်းတော့ ကျိန်းသေ ပြောရလောက်အောင် သိထားတာ မရှိပါဘူး။ ကျွန်တော်တို့လည်း ကိုယ်ရင်ဆိုင်မယ့် တပ်တွေ အကြောင်း ကြိုးစားစုံစမ်းမြဲပါ” ဟု ပြောသည်။

ကလေးမြို့နယ်သည် စစ်တပ်က အာဏာသိမ်းပြီးနောက် လက်နက်ကိုင် တော်လှန်ရေး အားကောင်းရာ ဒေသများအနက် တစ်ခု အပါအဝင်ဖြစ်ပြီး အာဏာသိမ်း စစ်ကောင်စီက အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသည်။ကလေးမြို့နယ် အနောက်တောင်ပိုင်းရှိ PDF-Kalay တပ်ရင်း (၃) စခန်းကို နိုဝင်ဘာလ ၁၆ ရက်နေ့တွင် စစ်ကောင်စီတပ်က သိမ်းပိုက်ကာ ဆေးတပ်ဖွဲ့ဝင်များကို ဖမ်းဆီးပြီးနောက် ထိုနေရာ အနီးတစ်ဝိုက်တွင် စစ်ရေးတင်းမာနေပြီး ဖမ်းဆီးခံထားရသော ဆေးတပ်ဖွဲ့ဝင်များကို ကယ်ထုတ်ရန် PDF-Kalay တပ်ဖွဲ့ဝင်များက ကြိုးပမ်းနေကြသည်။

ယင်းသို့ စစ်ရေးတင်းမာနေသည့် အခြေအနေကြောင့် အချိန်မရွေး တိုက်ပွဲ ဖြစ်ပွားလာနိုင်သည့် အတွက် ကလေး- ဂန့်ဂေါ ကားလမ်းကို တစ်ပတ်အတွင်း အသုံးပြုသွားလာခြင်း မပြုကြရန် PDF-Kalay က ယနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့ ရက်စွဲဖြင့် အသိပေး ထုတ်ပြန်ထားသည်။ mizzima

ကီရင်က စစ်တပ်၏ ဦးပိုင်နှင့် လက်တွဲဖြုတ်ရန် ဥပဒေကြောင်းအရ စီစဉ်နေ

ဂျပန်အခြေစိုက် နိုင်ငံတကာဘီယာလုပ်ငန်းကြီးတစ်ခုဖြစ်သည့် ကီရင်ကုမ္ပဏီက ယခုနှစ်ကုန်ပိုင်းတွင် မြန်မာစစ်တပ်လက်အောက်ခံ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်(MEHL) နှင့် စီပွားရေးမိတ်ဖက်အဖြစ်မှ လက်တွဲဖြုတ်ရန် ဥပဒေကြောင်းအရစီစဉ်နေသည်။

ကီရင်ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ Toru Yoshimura နှင့် စာရင်းကိုင်ဌာနမှ အထွေထွေမန်နေဂျာ Takashi Hayashi တို့ နိုဝင်ဘာလအ တွင်း ပြုလုပ်သည့် အမေးအဖြေ မှတ်တမ်း တစ်ခုတွင် ထိုသို့ ပါဝင် ခြင်းဖြစ်ပြီး မည်သူက မေး၍ မည်သူက ဖြေသည်ကိုမူ အသေးစိတ်မသိရပေ။

မြန်မာနိုင်ငံအတွင်း ဖက်စပ်လုပ်ငန်း၏ နောက်ဆုံးအခြေအနေနှင့် ပတ်သက်သည့် အမေး အဖြေတစ်ခု တွင် “အခုအချိန်မှာ အသစ်ပြုပြင်ပြောင်းလဲချက်မရှိပေမယ့် ဖက်စပ်ဆောင်ရွက်မှုကို ဖြစ်နိုင်သမျှ အမြန်ဆုံး ရပ်ဆိုင်းရမယ်ဆိုတာ ကောင်းကောင်းသိထားပါတယ်” ဟု ကီရင်ဘက်က တရားဝင် ပြောဆိုထားကြောင်း ထိုမှတ်တမ်းအရ သိရသည်။

“ဥပဒေကြောင်းအရ ရင်ဆိုင်ဖို့ အပါအဝင် ဒီနှစ်ကုန်ပိုင်းမှာ အရေးယူဆောင်ရွက်ချက်တွေလုပ်ဖို့ ပြင်ဆင်နေပါတယ်။ နောက်ပြီး ဖက်စပ်လုပ်ကိုင်မှုကိုရပ်တန့်ဖို့ ဖြစ်နိုင်ချေရှိတဲ့ ဆောင်ရွက်ချက်တွေ အားလုံးကို စဉ်းစားနေပါတယ်” ဟုလည်း ကီရင်က ထပ်လောင်းပြောဆိုသည်။

ထို့အတူ MEHLနှင့် ဖက်စပ်လုပ်ကိုင်နေသော  မြန်မာဘီယာကို ထုတ်လုပ်သည့် Myanmar Brewery ကုမ္ပဏီနှင့်ပတ်သက်၍ “ Myanmar Brewery မှာ လုပ်ငန်း လည်ပတ်မှုအရ စွန့်စားရနိုင်ခြေများကြောင်း” ကီရင်က မှတ်ချက်ပြုသည်။ 

ထိုအမေးအဖြေကဏ္ဍ ထုတ်ပြန်ချိန်သည် “ရောင်းအားကျဆင်းမှုနှင့် ကုန်ကြမ်းဈေးမြင့်တက်မှုကြောင့် မြန်မာ နိုင်ငံမှ အမြတ်အစွန်းများကျ ဆင်းသည်”ဟု ကီရင်ကုမ္ပဏီက လက်ရှိဘဏ္ဍာနှစ်အတွက် ထုတ်ပြန်သည့် တတိယ သုံးလပတ်ရလဒ် အစီရင်ခံစာ ထွက်ရှိချိန်နှင့် တိုက်ဆိုင်နေသည်။

ပြီခဲ့သည့်နှစ်နှင့်ယှဉ်လျှင် မြန်မာဘီယာထုတ်လုပ်သည့်ကုမ္ပဏီသည်  ရောင်းအား ၄၀ ရာခိုင်နှုန်း၊ ဂျပန်ယန်း ၉ ဒသမ ၉ ဘီလျံ(အမေရိကန်ဒေါ်လာ ၈၆ ဒသမ ၄ သန်း) ထိုးကျသွားပြီး ပုံမှန်လုပ်ငန်း လည်ပတ်မှု အမြတ်အစွန်းမှာ ၅၀ ရာခိုင်နှုန်းအောက်သို့ ကျသွားကြောင်း၊ ကီရင် ဘီယာ ရောင်းအား ၂၀ ရာခိုင်နှုန်းကျဆင်းသွားကြောင်း အစီရင်ခံစာက ဆိုသည်။

မြန်မာဈေးကွက်အတွင်း ရောင်းအားနှင့် အမြတ်ငွေ ကျဆင်းရခြင်းမှာ  ကိုဗစ်နိုင်တင်း(Covid-19)နှင့် နိုင်ငံရေးအပြောင်းအလဲကြောင့် ဖြစ် သည်ဟု ထိုသုံးလပတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဖေဖော်ဝါရီ ၁ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ဦးပိုင်ကုမ္ပဏီနှင့် အကျိုးတူ ဖက်စပ်ဆောင်ရွက်မှု ကို အဆုံးသတ်ရန် ကြေညာခဲ့ပြီး မြန်မာစစ်တပ်၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ အလွန် စိုးရိမ် ပူပန်ကြောင်း ကီရင်ကုမ္ပဏီက ပြောထားပြီးဖြစ်သည်။

လူ့အခွင့်အရေးနှင့် တက်ကြွလှုပ်ရှားသူတို့က ရိုဟင်ဂျာများနှင့် တိုင်းရင်သားမျိုးနွယ်စုများအပေါ်  မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို ထောက်ပြ၍ စစ်တပ်လက်အောက်ခံကုမ္ပဏီနှင့် ဖက်စပ် လုပ်ကိုင်မှုကိုအဆုံးသတ်ရန် တောင်းဆိုမှုများရှိနှင့်ပြီးဖြစ်သော်လည်း ကီရင်ဘက်က နှစ်အတန်ကြာ လစ်လျူရှုထားဖူးသည်။

သို့သော် ပြီးခဲ့သည့် ဩဂုတ်တွင် စစ်တပ်ပိုင် MEHLနှင့် လက်တွဲမှုကို အဆုံးသတ်မည်ဖြစ်သော်လည်း မြန်မာတွင် စီးပွားရေးဆက်လက်လုပ် ကိုင်ရန် ရည်ရွယ်ထားသည်ဟု ကီရင်ကုမ္ပဏီ၏ အမှုဆောင်တစ်ဦးက ပြောထားသည်။ အသေးစိတ်ကိုမူ မသိရသေးပေ။

အာဏာသိမ်းပြီးနောက်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် ပစ်ခတ်နှိမ်နင်းသည့် စစ်ကောင်စီထံ စီးဝင်နေသည့် ဘဏ္ဍာငွေများကို ဖြတ်တောက်နိုင်ရန် စစ်တပ်ထုတ်ကုန်များကို မြန်မာနိုင်ငံအနှံ့ သပိတ် မှောက်လျက်ရှိသည်။

စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းကြီး နောက်တစ်ခုဖြစ်သည့် ဆက်သွယ်ရေး ကုမ္ပဏီ Mytel သည်လည်း အာဏာသိမ်းပြီး သုံးလအတွင်း၌ပင် သုံးစွဲသူ ၂သန်းနီးပါး လျော့ကျသွား၍ ဝင်ငွေ ဒေါ်လာ ၂၅ သန်းနီးပါး ထိခိုက်ခဲ့ကြောင်း Justice for Myanmar ၏ နိုဝင်ဘာ ပထမပတ် အစီရင်ခံစာ တစ်စောင်က ဖော်ပြ သည်။

ထို့အတူ အာဏာသိမ်းပြီး ခြောက်လအတွင်း မြန်မာနိုင်ငံအတွင်း လုပ်ငန်း ရပ်ဆိုင်းရန်၊ လုံးဝ စွန့်ခွာရန် ဆုံးဖြတ်ခဲ့သည့် နိုင်ငံတကာ ကုမ္ပဏီကြီး ၁၁ ခုအထိရှိကြောင်း ဇူလိုင်လကုန်ပိုင်း၌ ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့ ဘဏ်၏ စီးပွားရေး စောင့်ကြည့် အစီရင်ခံစာက ဆိုထားသည်။

ထိုလုပ်ငန်းများထဲတွင် စွမ်းအင်၊ ဆက်သွယ်ရေး၊ အိမ်ခြံမြေ၊ ဟိုတယ်၊ အဖျော်ယမကာနှင့် လက်လီ လုပ် ငန်းများပါဝင်ပြီး မြန်မာနိုင်ငံ၌ ဒေါ် လာသန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံထားသည််။

ထို့အတူ ၂၀၁၃ ခုနှစ်စကာ  London, KENT, Lucky Strike စသည့် စီးကရက်အမှတ်တံဆိပ်များကို ထုတ်လုပ်ရောင်းချနေသည့် ကမ္ဘာ့ ဒုတိယအကြီးဆုံး ဆေးလိပ်နှင့် ဆေးရွက်ကြီး ကုမ္ပဏီ British American Tobacco (BAT)က လုပ်ငန်းအားလုံးရပ်ဆိုင်းကာ မြန်မာနိုင်ငံမှ ထွက်မည်ဟု အောက်တိုဘာ တွင် ကြေညာခဲ့သည်။ myanmar now

စစ်ရဟတ်ယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်နေသော ဆောမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၂၀ ထက်မနည်းသေဆုံး၊ ကျောက်ထုနှင့်ဂန့်ဂေါတွင်လည်း စစ်သား သေ ဆုံးမှု အလွန်များနေ

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျင်းလိန်ကျေးရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အနည်းဆုံး ၂၀ ဦးထက်မနည်း သေဆုံးနေကြောင်း PDF ဆောက သတင်းထုတ်ပြန်သည်။ မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျင်းလိန်ကျေးရွာအနီးတိုက်တွင် အကြမ်းဖက်စစ်ကောင်စီက တိုက်ခိုက်ရေးရဟတ်ယာဉ် Mi35p အမျိုးအစား တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စီးဖြင့် ဝေဟင်က တိုက်ခိုက်နေသလို မြေပြင်မှလည်း ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့များဖြစ်သော YDF၊ PDF-‌ဆော၊ CDF-မင်းတပ်၊ CDF-ကန်ပက်လက်တို့နှင့် ယနေ့တွင် တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေကြောင်း၊ လက်ရှိတွင် စစ်ကောင်စီဘက်မှ အနည်းဆုံး ၂၀ ဦးထက်မနည်းသေဆုံးနေကြောင်း သိရှိရသည်။

PDF-SAW နှင့် ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်မှုကြောင့် နေ့လည် ၃ နာရီအချိန်အထိ စခ အကောင် ၂၀ ထက်မနည်း သေဆုံးကြောင်း၊ CDF မှ ရဲဘော် ၁ဦး ထိခိုက်ဒဏ်ရာ ရပြီးPDF-SAW မှ လက်နက်ကြီး ထိမှန်၍ ရဲဘော် ၁ဦး ကျဆုံးကြောင်း ဆော PDF က သတင်းထုတ်ပြန်သည်။

အလားတူ မကွေးတိုင်း၊ ကျောက်ထုဒေသတွင် နိုဝင်ဘာ ၁၇ ရက်နေ့တွင် Kyaukhtu PDF နှင့် မင်းတပ် တိုက်နယ်အမှတ်-၁ ခိုမ်းရိမ်းတပ်ရင်းတို့ ပူးပေါင်း၍ ရွှေအောင်သာရွာ၌တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အား ညနေ ၃ နာရီဝန်းကျင်မှ ညနေ ၆ နာရီဝန်းကျင်အထိ သုံးနာရီခန့်ထိ ထိုးစစ်ဆင်ခဲ့ကြပါသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သား ၅ဦးထက်မနည်းသေဆုံးခဲ့ပြီး မိမိတို့ပူးပေါင်းတပ်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။ အလားတူ မကွေးတိုင်းတွင် နိုဝင်ဘာလ(၁၉) ရက်နေ့ နံနက် ၉ နာရီခွဲ ခန့်တွင် ဂန့်ဂေါမြို့မှ တောင်ပိုင်းသို့ထွက်ခွာလာသော ရဲများစီးနင်းလာသည့် အံစာတုံးကားနှစ်စီးအနက် တစ်စီးကို မိုင်တိုင် (၁၃) အနီးတွင် PDF-GanGaw တပ်ခွဲ (၂) မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာရဲ ၅ ဦးသေဆုံးသွားကြောင်း PDF-GanGawက သတင်းထုတ်ပြန်သည်။ khit thit

ယင်းမာပင်နယ်ကို စစ်ကောင်စီက အင်အားသုံး ထိုးစစ်ဆင်၊ စစ်ရဟတ်ယာဉ်များပါ အ သုံးပြုနေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီက စစ်ရဟတ်ယာဉ်များ အသုံးပြု ထိုးစစ်ဆင်နေကြောင်း ရှေ့တန်းတွင် ရောက်ရှိနေသူ ယင်းမာပင်-PDF အဖွဲ့ဝင် တစ်ဦးက ပြောသည်။ယနေ့ နိုဝင်ဘာ ၁၉ ရက် နံနက် ၁၁ နာရီခန့်တွင် PDF များ ရှိမည်ဟု ယူဆသည့်ဘက်သို့ စစ်ကောင်စီက စစ်ရဟတ်ယာဉ် သုံးစီး အသုံးပြုကာ တရစပ် ပစ်ခတ်ခဲ့ပြီး ရွာသာရွာမှ အသက် ၁၃ နှစ်အရွယ် ကလေးငယ် တစ်ဦးလည်း ဒဏ်ရာရခဲ့သည်ဟု ၎င်းက ဆိုသည်။

“မနက် ၁၀ နာရီမှာ စတာ။ ယင်းမာပင်၊ ဆားလင်းကြီး၊ ကနီ၊ ပုလဲ PDF ပူးပေါင်းတပ်ဖွဲ့နဲ့ပေါ့။ သူတို့က စစ်ကြောင်း သုံးကြောင်းနဲ့ ခွဲတက်လာတာ။ ကျွန်တော်တို့ ဘက်ကတော့ မိုင်းအဓိကထား ခွဲတာပေါ့။ သူတို့ဘက် ၁၀ ယောက်ထက် မနည်း ကျတာရှိတယ်” ဟု ယင်းမာပင်-PDF တာဝန်ရှိသူက ပြောသည်။စစ်ကောင်စီတပ်သည် ယနေ့ နံနက်ပိုင်းမှ စတင်ကာ တပ်အင်အား ရာချီအသုံးပြု၍ စစ်ကြောင်း သုံးကြောင်းဖြင့် ဖိုဝင်တောင်ဘက်သို့ ထိုးစစ် ဆင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စစ်ကြောင်းများမှာ ဖိုဝင်တောင်၏ တောင်ဘက်တွင် အင်အား ၁၀၀ ကျော်ပါသည့် စစ်ကြောင်း ၊ ရွာသာယာရွာ၏ အရှေ့ဘက် ကြေးနီ စီမံကိန်းဘက်သို့ လာသည့် အင်အား ၁၀၀ ကျော်ခန့် ပါသည့် စစ်ကြောင်းနှင့် ဖိုဝင်တောင် မြောက်ဘက်တွင် စစ်ကားအင်အား ၅၀ ကျော်ခန့် ပါသည့် စစ်ကြောင်းတို့ ဖြစ်သည်။ စစ်ကား ၅၀ ကျော်ပါသည့် စစ်ယာဉ်တန်းသည် ကလေးမြို့ဘက်မှ ထွက်ခွာလာသည်ဟု ကြားသိရပြီး မုံရွာသို့ သွားနေခြင်း ဖြစ်သည်ဟုလည်း ယင်းမာပင်-PDF တာဝန်ရှိသူက ပြောသည်။

“လောလောဆယ် ဖြည်းဖြည်းချင်း သူတို့ ရွေ့လျားနေတယ်။ သူတို့ အခုအသုံးပြုတာက ရွေ့လျားစနစ်ပေါ့။ ၁၉၄၄ နှင့် ၁၉၅၅ ကာလတွေမှာ အကြမ်းဖက် စစ်ကောင်စီအုပ်စုက ထိုးစစ်ဆင်ခဲ့တဲ့ စစ်ရေးဗျူဟာပေါ့။ ဖြည်းဖြည်းချင်း သွားပြီး ဖြည်းဖြည်းချင်း တိုက်တာပေါ့” ဟု ၎င်းက သုံးသပ်သည်။လက်ရှိ အချိန်တွင် လူသူ၊ လက်နက် အင်အားမမျှ၍ ပြောက်ကျားစနစ်ဖြင့် မိုင်းဆွဲ တိုက်ခိုက် ခြင်းသာ ပြုလုပ်နိုင်ပြီး တပ်ဆုတ်ထားသည်ဟု ဆိုသည်။ mizzima

ဖလမ်းတွင် တော်လှန်ရေးအဖွဲ့များ၏ အချက် အလက်များ လိုက်လံစုံစမ်းနေသော စစ်ကောင်စီလက်ပါးစေ ရဲတပ်သားတစ်ဦးအား CNDF က ဖမ်းဆီးစစ်ဆေး

ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်းရှိ CDM ဝန်ထမ်းများ၏ အချက်အလက်များစုံစမ်းခြင်း၊ CNDF အဖွဲ့အကြောင်း စုံစမ်းခြင်းများ ပြုလုပ်နေသော ဖလမ်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ခွဲမှ ရဲတပ်သား မောင်ရာလ်လှေထန်းအား နိုဝင်ဘာလ ၁၈ ရက်တွင် ဖမ်းဆီးလိုက်ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

လက်ရှိတွင် အဆိုပါ ရဲတပ်သား ရာလ်လှေထန်းအား နိုင်ငံတကာ စစ်ခုံရုံး စစ်ဥပဒေနဲ့အညီ ရေးဆွဲထားသော CNO/CNDF စစ်ဥပဒေဖြင့် လုံခြုံသည့် တစ်နေရာတွင် လိုအပ်‌သည့် စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်ကာ ထိန်းသိမ်းထားကြောင်း သိရှိရသည်။ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအသီးသီးမှ ၀န်ထမ်းများအား မတရားအာဏာသိမ်း အကြမ်းဖက်စစ်အုပ်စု၏ နိုင်ငံတော်အာဏာသိမ်းယူမှုကို ဆန့်ကျင် ၍ Civil Disobidience Movement တွင် ပါ၀င်ကြရန်နှင့် ထိုသို့ လိုက်နာမှုမရှိသူများကို ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း CNO/ CNDF မှ စက်တင်ဘာလ ၇ ရက်တွင် နောက်ဆုံးအကြိမ် သတိပေးထုတ်ပြန်ထားသည်။ khit thit

« Older Entries