ကလေးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အနီးအနားရှိ ကျေး ရွာများမှ ပြည်သူပိုင် နေအိမ်များကို မီးရှို့

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် နိုဝင်ဘာလ ၁၈ ရက်နေ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကလေးPDF က မိုင်းဆွဲတိုက်ခိုက်ပြီးနောက် အနီးအနားရှိ ကျေးရွာများမှ ပြည်သူပိုင်နေအိမ်များကို မီးရှို့ကြကြောင်း ဒေသခံများနှင့် ဒေသ ကာကွယ်ရေးတပ်များထံမှ သိရှိရသည်။

စစ်ကိုင်းတိုင်း ကလေးမြို့ PDF တပ်ရင်း ၃ တပ်ခွဲ ၃ မှ ရဲမေ ၉ ဦးကို ဖမ်းဆီးခေါ်ထုတ်ရန်လာသည့် စစ်ကောင်စီ ကားတန်းကို ကလေး PDF ပူးပေါင်းတပ်ဖွဲ့များက ချင်းဆိုင်ရွာနှင့် ဇင်းကလင်းရွာအကြား မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးခဲ့ကြောင်း၊ ယင်းသို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်များက ချင်းဆိုင်ကျေးရွာရှိ အိမ် ၁၀ လုံးကို မီးရှို့ခဲ့ကြောင်း သိရှိရသည်။

“စကစ ဟာ ချင်းဆိုင်ရွာက အိမ် ၁၀ လုံးကိုမီးရှို့ခဲ့ပါတယ်။စစ်ရာဇဝတ်မှုကျူးလွန်မှုမှတ်တမ်းတွေအဖြစ် ပြည်သူများ သက်သေရယူထားကြပါ”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ လွှတ်တော်ကိုယ်စားလှယ်ဒေါ်သန့်ဝေကျော်က ပြောဆိုထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s