ကလေးမြို့နယ် ‌ရှေ့တန်းတိုက်ပွဲများတွင် လေ့ ကျင့်ရေး အထိုင်တပ်များပါ စစ်ကောင်စီ ထုတ်သုံးနေရ

ကလေးမြို့နယ် တိုက်ပွဲများတွင် အာဏာသိမ်း စစ်ကောင်စီသည် ၎င်း၏ အထိုင်တပ်ဖြစ်သော လေ့ကျင့်ရေးတပ် အရာရှိများကိုပါ ရှေ့တန်းတွင် ထည့်သွင်း အသုံးပြုနေရကြောင်း ကလေးဒေသကာ ကွယ်ရေးတပ် (PDF-Kalay) တပ်ဖွဲ့ဝင် တစ်ဦးက မဇ္ဈိမကို ပြောသည်။PDF-Kalay တပ်ရင်း (၃) စခန်းအား သိမ်းပိုက် တပ်စွဲထားသောနေရာသို့ စစ်ကူ တက်လာသည့် စစ်ကောင်စီယာဉ်တန်းကို ချင်းဆိုင်ကျေးရွာ အနီး၌ PDF-Kalay က နိုဝင်ဘာလ ၁၈ ရက်နေ့တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံးခဲ့သည့် အနက် လေ့ကျင့်ရေးတပ်ရင်း အ မှတ် (၁၀) မှ ဗိုလ်ကြီးတစ်ဦး ပါဝင်ကြောင်း ၎င်းက ပြောသည်။

အဆိုပါ အရာရှိ၏ ကိုယ်ရေးအချက်အလက် အသေးစိတ်ကို မသိရသေးပေ။“သေတဲ့အထဲ အရာရှိတစ်ဦးကတော့ လေ့ကျင့်ရေး တပ်ကပါ။ အင်အား မလုံလောက်တော့ဘူးလို့ မှတ်ပါတယ်။ စစ်ကောင်စီဟာ အထိုင်တပ်၊ ရှိသမျှ တပ်အကုန် သုံးနေရပါတယ်။ အရမ်းဝသူတွေ၊ ခေါင်း ဖြူတွေ၊ ကိုယ့်သေနတ်ကိုတောင် ဖြုတ်တပ် မလုပ်တတ်တဲ့သူတွေ ကိုယ်တွေ့ မြင်ခဲ့ပြီးပါပြီ” ဟု PDF-Kalay တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

ကလေးမြို့နယ် တောင်ပိုင်း၌ ပျူစောထီး အဖွဲ့ဝင်များကို သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးမှုများ ရှိနေသည့်အတွက် အဆိုပါ သင်တန်း ပေးသည့်နေရာတွင် လေ့ကျင့်ရေးတပ်ကို အသုံးပြုခြင်းမျိုးလည်း ဖြစ်နိုင်ကြောင်း PDF-Kalay တပ်ဖွဲ့ဝင်က သုံးသပ်သည်။“ပို့တဲ့တပ်တွေ အကြောင်းတော့ ကျိန်းသေ ပြောရလောက်အောင် သိထားတာ မရှိပါဘူး။ ကျွန်တော်တို့လည်း ကိုယ်ရင်ဆိုင်မယ့် တပ်တွေ အကြောင်း ကြိုးစားစုံစမ်းမြဲပါ” ဟု ပြောသည်။

ကလေးမြို့နယ်သည် စစ်တပ်က အာဏာသိမ်းပြီးနောက် လက်နက်ကိုင် တော်လှန်ရေး အားကောင်းရာ ဒေသများအနက် တစ်ခု အပါအဝင်ဖြစ်ပြီး အာဏာသိမ်း စစ်ကောင်စီက အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသည်။ကလေးမြို့နယ် အနောက်တောင်ပိုင်းရှိ PDF-Kalay တပ်ရင်း (၃) စခန်းကို နိုဝင်ဘာလ ၁၆ ရက်နေ့တွင် စစ်ကောင်စီတပ်က သိမ်းပိုက်ကာ ဆေးတပ်ဖွဲ့ဝင်များကို ဖမ်းဆီးပြီးနောက် ထိုနေရာ အနီးတစ်ဝိုက်တွင် စစ်ရေးတင်းမာနေပြီး ဖမ်းဆီးခံထားရသော ဆေးတပ်ဖွဲ့ဝင်များကို ကယ်ထုတ်ရန် PDF-Kalay တပ်ဖွဲ့ဝင်များက ကြိုးပမ်းနေကြသည်။

ယင်းသို့ စစ်ရေးတင်းမာနေသည့် အခြေအနေကြောင့် အချိန်မရွေး တိုက်ပွဲ ဖြစ်ပွားလာနိုင်သည့် အတွက် ကလေး- ဂန့်ဂေါ ကားလမ်းကို တစ်ပတ်အတွင်း အသုံးပြုသွားလာခြင်း မပြုကြရန် PDF-Kalay က ယနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့ ရက်စွဲဖြင့် အသိပေး ထုတ်ပြန်ထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s