ကျဆုံးရဲဘော်များအတွက် နှစ်ဆတိုး အလုပ်လုပ်ကြရန် NUG ကာကွယ်ရေးဝန်ကြီး တိုက် တွန်း

မြန်မာ့နွေဦးတော်လှန်ရေးမှာ အထိန်းသိမ်းခံရသူတွေနဲ့ ကျဆုံးရဲဘော်တွေအတွက် ဆက် လက်ပြီးတော့ တိုက်ပွဲဝင်သွားကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးရည်မွန်က နှိုးဆော်ထားပါတယ်။

“အထိန်းသိမ်းခံရသူများ ကိုယ်စား၊ ကျဆုံးရဲ​ဘော်များ ကိုယ်စား၊ သက်ရှင်လွတ်လပ်​နေ​သေးတဲ့ ကျနော်တို့တ​တွေ နှစ်ဆတိုး အလုပ်လုပ်ကြမယ်။ နှစ်ဆတိုး ရဲရင့်ကြမယ်လို့ သစ္စာပြုပါတယ်”

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ကာ အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတော်အာ ဏာသိမ်းယူခဲ့မှုကို ပြည်သူတရပ်လုံးက ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ နွေဦးတော်လှန်ရေး ဟာ ၉ လခွဲကျော်ကြာမြင့်လာခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း စစ်အုပ်စုရဲ့ အကြမ်းဖက်နှိမ်နင်းမှုတွေကြောင့် ကျဆုံးရသူတွေ၊ ဖမ်း ဆီးနှိပ်စက်ခံရသူတွေဟာလည်း ထောင်သောင်းချီ ရှိနေခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ခုရက်ပိုင်းမှာ မြို့ပြပြောက်ကျားတော်လှန်ရေး ဆင်နွှဲနေတဲ့ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်တချို့ ဖမ်းဆီးခံလိုက်ရတာနဲ့ ပတ်သက်ပြီး ပြည်သူတွေအနေနဲ့ တော်လှန် ရေးကို ပြီးဆုံးတဲ့အထိ ဆက်သွားကြဖို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းထားတာ ဖြစ်ပါတယ်။

“စစ်​မြေပြင်မှာ အသက်​ပေးသွားတဲ့ ရဲ​ဘော်​တွေရှိတယ်။ ​ခြေလက်အင်္ဂါ စွန့်လှုသွားတဲ့ ရဲ​ဘော်​တွေ ရှိတယ်။ မြို့ပြရဲ့ အန္တရယ်​တွေကြားမှာ သူ မတူတဲ့ သူရသတ္တိနဲ့ ရုန်းကန် လှုပ်ရှားရင်း ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ရဲ​ဘော်​တွေ ၊ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံရတဲ့ ရဲ​ဘော်​တွေ ရှိတယ်။ တစ်​ယောက် အထိန်းသိမ်းခံရတိုင်း၊ တစ်​ယောက် ကျဆုံးတိုင်း ကျနော်တို့ ​ကြေကွဲကြရတယ်။ ဝမ်းနည်းမဆုံး ဖြစ်ကြရတယ်။ သို့​သော် ဒီ​တော်လှန်​ရေးက ဆုံး​အောင် သွားရမယ့် ခရီးပါ။အဆုံးထိသွားဖို့ ဆုံးဖြတ်ထားတဲ့ ရဲ​ဘော်​တွေ၊ ပြည်သူ​တွေ သိန်းသန်းချီ ရှိ​နေတယ်လို့ ယုံတယ်။ဒီတစ်ခါသန္နိဋ္ဌာန်က ​သေချာတယ်”

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီအနေနဲ့ မြန်မာပြည်သူတွေအပေါ် မတရားဖမ်းဆီး သတ်ဖြတ် အကြမ်းဖက်လုပ်ရပ်တွေကို နေ့စဉ်ကျူး လွန်လုပ်ဆောင်နေတာမို့ NUG အစိုးရ က ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်ကစတင်ကာ အရေးပေါ်အခြေအနေ ကြေညာချက် ထုတ် ပြန်ကာ ခုခံတွန်းလှန်စစ်ပွဲ D-Day စတင်ကြောင်း ကြေညာထားခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ မြန်မာနိုင်ငံ ဒေသအနှံ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေပြီး နေရပ်စွန့်ခွာထွက် ပြေးရသူတွေ၊ အသက်ပေးခဲ့ရတဲ့ ပြည်သူတွေလည်း တနေ့တခြား များပြားလာနေခဲ့တာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၉ လ ခွဲကျော်အကြာ အကြမ်းဖက် စစ်တပ် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁,၂၇၅ ယောက်နဲ့ ဖမ်းဆီး ထိန်းသိမ်းခံရသူပေါင်း ၁ သောင်းကျော်ထိရှိလာပြီလို့ ဆိုပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s