စစ်ရဟတ်ယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်နေသော ဆောမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၂၀ ထက်မနည်းသေဆုံး၊ ကျောက်ထုနှင့်ဂန့်ဂေါတွင်လည်း စစ်သား သေ ဆုံးမှု အလွန်များနေ

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျင်းလိန်ကျေးရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အနည်းဆုံး ၂၀ ဦးထက်မနည်း သေဆုံးနေကြောင်း PDF ဆောက သတင်းထုတ်ပြန်သည်။ မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျင်းလိန်ကျေးရွာအနီးတိုက်တွင် အကြမ်းဖက်စစ်ကောင်စီက တိုက်ခိုက်ရေးရဟတ်ယာဉ် Mi35p အမျိုးအစား တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စီးဖြင့် ဝေဟင်က တိုက်ခိုက်နေသလို မြေပြင်မှလည်း ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့များဖြစ်သော YDF၊ PDF-ဆော၊ CDF-မင်းတပ်၊ CDF-ကန်ပက်လက်တို့နှင့် ယနေ့တွင် တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေကြောင်း၊ လက်ရှိတွင် စစ်ကောင်စီဘက်မှ အနည်းဆုံး ၂၀ ဦးထက်မနည်းသေဆုံးနေကြောင်း သိရှိရသည်။
PDF-SAW နှင့် ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်မှုကြောင့် နေ့လည် ၃ နာရီအချိန်အထိ စခ အကောင် ၂၀ ထက်မနည်း သေဆုံးကြောင်း၊ CDF မှ ရဲဘော် ၁ဦး ထိခိုက်ဒဏ်ရာ ရပြီးPDF-SAW မှ လက်နက်ကြီး ထိမှန်၍ ရဲဘော် ၁ဦး ကျဆုံးကြောင်း ဆော PDF က သတင်းထုတ်ပြန်သည်။
အလားတူ မကွေးတိုင်း၊ ကျောက်ထုဒေသတွင် နိုဝင်ဘာ ၁၇ ရက်နေ့တွင် Kyaukhtu PDF နှင့် မင်းတပ် တိုက်နယ်အမှတ်-၁ ခိုမ်းရိမ်းတပ်ရင်းတို့ ပူးပေါင်း၍ ရွှေအောင်သာရွာ၌တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အား ညနေ ၃ နာရီဝန်းကျင်မှ ညနေ ၆ နာရီဝန်းကျင်အထိ သုံးနာရီခန့်ထိ ထိုးစစ်ဆင်ခဲ့ကြပါသည်။
အကြမ်းဖက်စစ်ကောင်စီတပ်သား ၅ဦးထက်မနည်းသေဆုံးခဲ့ပြီး မိမိတို့ပူးပေါင်းတပ်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။ အလားတူ မကွေးတိုင်းတွင် နိုဝင်ဘာလ(၁၉) ရက်နေ့ နံနက် ၉ နာရီခွဲ ခန့်တွင် ဂန့်ဂေါမြို့မှ တောင်ပိုင်းသို့ထွက်ခွာလာသော ရဲများစီးနင်းလာသည့် အံစာတုံးကားနှစ်စီးအနက် တစ်စီးကို မိုင်တိုင် (၁၃) အနီးတွင် PDF-GanGaw တပ်ခွဲ (၂) မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာရဲ ၅ ဦးသေဆုံးသွားကြောင်း PDF-GanGawက သတင်းထုတ်ပြန်သည်။ khit thit